ဟောရှေအနာဂတ္တိ
အခန်းကြီး ၁
ဟောရှေကို ပြည်တန်ဆာမ ယူခိုင်း
ဟောရှေသမီးရပြန် လောရုဟာမာ
၆ တဖန် ပဋိသန္ဓေယူ၍ သမီးကို ဖွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာ အမည်ဖြင့်မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလ အမျိုးကို နောက်တဖန်မသနား၊ မစုံမက်ဘဲ ဧကန်အမှန် ပယ်ရှင်းမည်။ ၇ ယုဒအမျိုးကိုကား၊ သနားစုံမက်ဦးမည်။ သို့ရာတွင်၊ လေး၊ ဓါး၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအားဖြင့် ကယ်တင်မည်၊ ဟုမိန့်တော်မူ၏။
ဟောရှေ၌ သားမွေးပြန်လော အမ္မိ
၈ လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဖွားမြင်လေ၏။ ၉ ထိုသားကို လောအမ္မိ အမည်ဖြင့်မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်မဟုတ်။ ၁၀ သို့ရာတွင်၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏လူမဟုတ်၊ ဟုထိုသူတို့အား ပြောဆိုရာအရပ်၌ ပင်လျှင်၊ သူတို့သည်အ သက်ရှင်တော်မူသော ဘုရားသခင်၏သား၊ ဟုခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။ ၁၁ ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းဖေါ်၍၊ မင်းတဦးတည်းကိုချီး မြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြလိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။