-
AA
+
🡀
|
🡂
ဒေသနာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒေသနာကျမ်း
အခန်းကြီး ၃


CROSS REFERENCES






ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏၊၊ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန် ရှိ၏၊၊ ဖွားချိန်နှင့် သေချိန်လည်းရှိ၏၊၊ စိုက်သောအချိန်နှင့် စိုက်ရသောအရာကို နှုတ်ရသော အချိန်လည်းရှိ၏၊၊ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်းရှိ၏၊၊ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသော အချိန်လည်းရှိ၏၊၊ ငိုရသောအချိန်နှင့် ရယ်ရသော အချိန်လည်းရှိ၏၊၊ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်းရှိ၏၊၊ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်းရှိ၏၊၊ ဘက်ယမ်းရသောအချိန်နှင့် မဘက်ယမ်းဘဲ ခွဲခွါ၍နေရသော အချိန်လည်းရှိ၏၊၊ ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏၊၊ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသော အချိန်လည်းရှိ၏၊၊ အဝတ်ကိုဆုတ်ရသော အချိန်နှင့်၊ ချုပ်ရသော အချိန်လည်းရှိ၏ တိတ်ဆိတ်စွာ နေရသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏၊၊ ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်းရှိ၏၊၊ စစ်တိုက်ရသော အချိန်နှင့် စစ်ငြိမ်းရသော အချိန်လည်းရှိ၏၊၊ လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း၊၊ ၁၀ လူသားတို့ကျင် လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ၊၊ ၁၁ ခပ်သိမ်းသော အရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ၊၊ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ၊၊ သို့ရာတွင် ဘုရားသခင် စီရင်တော်မူသော အမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍ မကုန်နိုင်၊၊ ၁၂ ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်း အမှု မှတပါး အခြားသော အမှုအရာတို့၌၊ အကျိုးကျေးဇူး မရှိသည်ကို ငါသိ၏။ ၁၃ လူတိုင်း စားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစားအားထုတ် သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။ ၁၄ ဘုရားသခင် ပြုတော်မူသမျှသော အမှုသည် နိစ္စထာဝရ ဖြစ်သည်ကိုငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည်အကြောင်း၊ [A]ဘုရားသခင်ပြုတော်မူ၏။ ၁၅ ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သော အရာသည်လည်း၊ ဖြစ်ဘူးသောအရာနှင့် တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ၏။
CROSS REFERENCES






၁၆ ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ​ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက်ရှိသည်ကို၎င်း ငါမြင်ပြီ။ ၁၇ ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏ အမှုနှင့်၊ မတရားသောသူတို့၏ အမှုကို စစ်ကြောစီရင်တော်မူမည်၊ ဟုငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသောအမှုတို့ကို စစ်ကြောစီရင်ရသော အချိန်ရှိ၏။ ၁၈ လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊ ၁၉ လူသား တွေ့ကြုံသောအမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်း ရှိကြ၏။ သို့ဖြစ်၍၊ လူသည် တိရစ္ဆာန် ထက်ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။ [B]၂၀ အလုံးစုံတို့သည် တခုတည်းသော အရပ်သို့ ရောက်တက်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။ ၂၁ သို့ရာတွင်၊ အထက်သို့ တက်တတ်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ ဆင်းတတ်သော တိရစ္ဆာန်၏ ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။ ၂၂ လူသည် မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသော အမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည် သူ၏အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူ ဆောင်ခဲ့လိမ့်မည်နည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.