-
AA
+
🡀
|
🡂
ကမ္ဘာဦးကျမ်း
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ကမ္ဘာဦးကျမ်း
အခန်းကြီး ၁

ပဌမနေ့ ကောင်းကင်မြေကြီးဖန်ဆင်း

အစအဦး၌ ဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ ဘုရားသခင်ကလည်း အလင်းဖြစ်စေ၊ ဟုအမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်း ကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့်နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။


ဒုတိယနေ့ မိုးမျက်နှာကြက်အပေါ်နှင့် အောက်ရေပိုင်းခြား

တဖန်ဘုရားသခင်က ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ၊ ဟုအမိန့်တော်ရှိသဖြင့်၊ မိုးမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုးမျက်နှာကြက် အောက်၌ ရှိသောရေနှင့်၊ မိုးမျက်နှာကြက် အပေါ်၌ ရှိသောရေကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ်လေ၏။ မိုးမျက်နှာကြက်ကိုလည်း၊ မိုးကောင်းကင် ဟူသော အမည်ဖြင့် ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ဒုတိယနေ့ရက် ဖြစ်လေ၏။


တတိယနေ့ မြေပေါ်၌ အပင်အမျိုးမျိုးဖန်ဆင်း

တဖန်ဘုရားသခင်က၊ မိုးကောင်းကင်အောက်၌ ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ၊ ဟုအမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ၁၀ ကုန်းကိုမြေ ဟူသောအမည်ဖြင့်၎င်း၊ ရေစုဝေးရာကိုပင်လယ် ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင်ခေါ်ဝေါ် သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို၊ ဘုရားသခင် မြင်တော်မူ၏။ ၁၁ တဖန်ဘုရားသခင်က၊ မြေသည်မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေ၊ ဟုအမိန့်တော်ရှိသည် အတိုင်းဖြစ်လေ၏။ ၁၂ မြေသည်မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေ၏။ ၁၃ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၍၊ ညဦးနှင့်နံနက်သည် တတိယနေ့ရက်ဖြစ်လေ၏။


စတုတ္ထနေ့ နေလကြယ်များဖန်ဆင်း

၁၄ တဖန်ဘုရားသခင်က၊ နေ့နှင့်ညကို ပိုင်းခြားစေခြင်းငှါ၊ မိုးကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဖို့ဖြစ်စေ။ ၁၅ မိုးကောင်းကင် မျက်နှာကြက်၌ တည်၍၊ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေ၊ ဟုအမိန့်တော်ရှိသည့်အတိုင်း ဖြစ်လေ၏။ ၁၆ ထိုသို့ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ၊ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊ ၁၇ မြေကြီး၌ လင်းစေခြင်းငှါ၎င်း၊ နေ့နှင်ညကိုအုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုးကောင်းကင် မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။ ၁၈ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင် မြင်တော်မူ၍၊ ၁၉ ညဦးနှင့်နံနက်သည် စတုတ္ထနေ့ရက်ဖြစ်လေ၏။


ပဉ္စမနေ့ ရေသတ္တဝါနှင့် ငှက်များဖန်ဆင်း

၂၀ တဖန်ဘုရားသခင်က အသက်ရှင်၍၊ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည် များပြားစွာမွေးဖွားစေ။ ငှက်တို့လည်း မြေပေါ်မိုးကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေ၊ ဟုအမိန့်တော်ရှိ၏။ ၂၁ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာမွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သောတိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။ ၂၂ ဘုရားသခင်ကလည်း များပြားစွာ မွေးဖွားကြလော့၊ ပင်လယ်ရေများကို ပြည့်စေကြလော့၊ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်း၊ ဟုထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊ ၂၃ ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက်ဖြစ်လေ၏။


ဆဌမနေ့ မြေသတ္တဝါများနှင့် လူဖန်ဆင်း

၂၄ တဖန်ဘုရားသခင်က၊ မြေသည်အသက်ရှင်သော သတ္တဝါမျိုး တည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေ၊ ဟုအမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ၂၅ ထိုသို့ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။


လူဖန်ဆင်းခြင်း
CROSS REFERENCES






၂၆ တဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေ၊ ဟုအမိန့်တော်ရှိ၏။ ၂၇ ထိုသို့ဘုရားသခင်သည်၊ မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ [A] ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊ ၂၈ အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးကြလော့၊ ဟုမိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။ ၂၉ ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို၎င်း၊ မျိုးစေ့ကို ဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဖို့ ငါပေး၏။ ၃၀ မြေသား၊ မိုးကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် မျိုးအပေါင်းတို့ စားစရာဖို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်၊ ဟုမိန့်တော်မူသည်အတိုင်းဖြစ်လေ၏။ ၃၁ ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍၊ ညဦးနှင့်နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ၏။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.