-
AA
+
🡀
|
🡂
၂ ဓမ္မရာဇဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ဓမ္မရာဇဝင်
အခန်းကြီး ၆


ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကိုဆောင်

တဖန်ဒါဝိဒ်သည် ရွေးချယ်သော ဣသရေလ လူသုံးသောင်းတို့ကို စုဝေးစေပြီးလျှင်၊ ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား၏ နာမတော်နှင့်ဆိုင်သော၊ ဘုရားသခင်၏ သေတ္တာတော်ကို၊ ယုဒပြည် ဗာလာမြို့မှ ဆောင်ခဲ့ခြင်းငှာ၊ မိမိ၌ပါသောသူ အပေါင်းတို့နှင့်တကွ ထသွားလေ၏။ ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာ တင်၍ တောင်ပေါ် အဘိနဒပ် အိမ်ထဲက ထုတ်ကြ၏။ အဘိနဒပ်၏သား ဩဇနှင့် အဟိဩတို့သည် လှည်းသစ်ကို နှင်ရကြ၏။ ဩဇသည် ဘုရားသခင်၏ သေတ္တာတော် အနား၌၎င်း၊ အဟိဩသည် သေတ္တာတော်ရှေ့၌၎င်း သွားကြ၏။ ဒါဝိဒ်နှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက် ထာဝရဘုရား ရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။


သေတ္တာတော် ကိုင်သောကြောင့် ဩဇသေ
CROSS REFERENCES






နာခုန် ကောက်နယ်သလင်းသို့ ရောက်သောအခါ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့် ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍ သူ၏ အပြစ်ကြောင့် ဘုရားသခင် ဒဏ်ခတ်တော်မူသဖြင့် သူသည် သေတ္တာတော်နားမှာ သေလေ၏။ ဩဇကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဒါဝိဒ်သည် ညှိုးငယ်သော စိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇာဇအမည် ဖြင့်တွင်သတည်း။ ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ [A] ထာဝရဘုရား၏ သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်း ဟုဆိုလျက်၊ ၁၀ မိမိနေရာ ဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူ ဩဗဒေဒုံအိမ်သို့ လမ်းလွှဲ၍ ဆောင်သွားလေ၏။ ၁၁ ထာဝရဘုရား၏ သေတ္တာတော်သည်၊ သုံးလပတ်လုံး ဂိတ္တိလူ ဩဗဒေဒုံအိမ်၌ ရှိ၏။ ထာဝရဘုရားသည်လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။


ဒါဝိဒ်မင်းသည် သေတ္တာတော်ကို ပြန်ဆောင်

၁၂ ထာဝရဘုရားသည် သေတ္တာတော်ကြောင့်၊ ဩဗဒေဒုံနှင့် သူ၌ ရှိသမျှကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ၊ တဖန်သွား၍ ဘုရားသခင်၏ သေတ္တာတော်ကို ဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သော စိတ်နှင့်ဆောင်ခဲ့လေ၏။ ၁၃ ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းသောသူတို့သည် ​ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့်ဆူဖြိုးသော အကောင်တို့ကို ယဇ်ပူဇော်လေ၏။ ၁၄ ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကို ဝတ်လျက်၊ ထာဝရဘုရား ရှေ့တော်၌ အားထုတ်၍ ကလေ၏။ ၁၅ ထိုသို့ ဒါဝိဒ်နှင့် ဣသရေလ အမျိုးသား အပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။


ဒါဝိဒ်မင်း ကခုန်သည်ကို ရှောလုသမီး မိခါလ မထီမဲ့မြင်ပြု

၁၆ ထာဝရဘုရား၏ သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ ဝင်သောအခါ၊ ရှောလု၏သမီး မိခါလသည် ပြတင်းပေါက်ဖြင့် ကြည့်၍ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား ရှေ့တော်၌ ကလျက် ခုန်လျက်လာသည်ကို မြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။ ၁၇ ထာဝရဘုရား၏ သေတ္တာတော်ကို သွင်း၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်တွင် သူ့နေရာ၌ ထားကြပြီးမှ၊ ဒါဝိဒ်သည် မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ထာဝရဘုရား ရှေ့တော်၌ ပူဇော်လေ၏။ ၁၈ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ် ပူဇော်ခြင်းအမူကို ပြီးစီးစေသောအခါ၊ ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍၊ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ၏။ ၁၉ ဣသရေလ ပရိသတ် ယောကျ်ား မိန်းမအပေါင်းတို့အား မုန့်တပြား၊ အမဲသားတတ၊ စပြစ်သီးပျဉ် တပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။


ဒါဝိဒ်ကသူသည် ဘုရားရှေ့၌ နှိမ့်ချသင့်ဟုဆို
CROSS REFERENCES






၂၀ ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းကြီးပေးခြင်းငှာ သွား၍ ရောက်သောအခါ၊ ရှောလု၏သမီး မိခါလသည် ဆီး၍ ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကို ချွတ်သကဲ့သို့၊ [B] ယနေ့​ ကျွန်ယောကျ်ား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကို ချွတ်သော ဣသရေလ ရှင်ဘုရင်သည်၊ ယနေ့ အဘယ်မျှလောက် ဘုန်းကြီး တော်မူပါသည်တကား၊ ဟုဆို၏။ ၂၁ ဒါဝိဒ်ကလည်း၊ သင့်အဘနှင့် သူ၏ အဆွေအမျိုး အပေါင်းတို့၏ ကိုယ်စား၊ ငါ့ကို ရွေးကောက်၍ ထာဝရဘုရား၏လူ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်းအရာ၌ ခန့်ထားတော်မူသော ထာဝရဘုရား ရှေ့တော်တွင် ပြုသည် မဟုတ်လော။ ထာဝရဘုရား ရှေ့တော်တွင် ငါကခုန်မည်။ ၂၂ ထိုမျှမက၊ ငါသာ၍ သိက္ခာချမည်။ ကိုယ်အထင်အတိုင်း ကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကို ချီးမွမ်းကြလိမ့်မည်၊ ဟုမိခါလကို ပြန်ပြော၏။ ၂၃ ရှောလု၏ သမီးမိခါလသည် တသက်လုံး သားကို မဖွားမမြင်ရ။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.