-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်
၁၀
၁၁





ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၉



ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ ဆောင်ခဲ့ကြလော့၊ ဟုကျယ်လောင်သော အသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။ ထိုအခါ လူခြောက်ယောက်တို့သည် အသီးအသီး ကွပ်မျက်စရာ လက်နက်ကိုကိုင်လျက်၊ တယောက်သည်လည်း ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့်ဝင်၍ ​ကြေးဝါပလ္လင်အနားမှာ ရပ်နေကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ဘုန်းတော်သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှ အိမ်တော် တံခါးခုံကိုတက်၍ ပိတ်အဝတ်ကို ဝတ်လျက်နံပါး၌ မှင်အိုးပါသောသူကိုခေါ်၍၊ ထာဝရဘုရားက ယေရုရှလင်မြို့ အလယ်၌ လျှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသော သူတို့၏နဖူးကို ထိုးမှတ်လော့ ဟူ၍၎င်း၊ အခြားသောသူ တို့ကိုအားလည်း ထိုသူနောက်မြို့ထဲ၌ လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။ အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အမ၊ သူငယ်မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်၊ ငါ၏သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟုမိန့်တော်မူသည်ကိုငါကြား၏။ သူတို့သည်လည်း၊ အိမ်တော် ရှေ့မှာရှိသောအသက်ကြီးသူတို့ကိုရှေ့ဦးစွာသတ်ကြ၏။ တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍ကွပ်မျက်သောသူအသေ ကောင်တို့နှင့်တန်တိုင်းများကိုပြည့်စေပြီးမှထွက်သွားကြလော့ဟုမိန့်တော်မူသည်အတိုင်းသူတို့သည်ထွက်၍မြို့ထဲ၌ ကွပ်မျက်ကြ၏။


ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါနေစဉ်တွင် ပြပ်ဝပ်၍ အိုအရှင်ထာဝရဘုရား ယေရုရှလင် မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလ အမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍ လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ဣသရေလ အမျိုးနှင့် ယုဒအမျိုး၏ အပြစ်သည် အလွန်တရာကြီး၏။ တပြည်လုံးသည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ဖောက်ပြန်ခြင်းအပြစ်နှင့် ပြည့်၏။ သူတို့က ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။ ၁၀ ထိုကြောင့် ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။ ၁၁ ပိတ်အဝတ်ကိုဝတ်၍၊ နံပါး၌ မှင်အိုးပါသောသူကလည်း၊ ကိုယ်တော် မှာထားတော်မူသည်အတိုင်း အ​ကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.