-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၈


ယေဇကျေလရူပါရုံဖြင့်ဘုရားမြင်

သက္ကရာဇ်ခြောက်ခု၊ ဆဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ်အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့သည် ငါ့ရှေ့မှာ ထိုင်ကြစဉ် အရှင်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။ ထိုအခါငါကြည့်ရှု၍ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည်ထင်ရှား၏။ ခါးသဏ္ဍာန်မှာလည်း အောက်ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလရွှေအရောင် ထွန်းတောက်သကဲ့သို့၎င်း၊ ထင်ရှား၏။ လက်သဏ္ဍာန်ကိုဆန့်၍ ငါ၏ဆံပင်တစုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့် မိုးကောင်းကင်ကြားမှာချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့ မြောက်ဘက်မျက်နှာအတွင်း တံခါးဝသို့ ဘုရားသခင်၏ ဗျာဒိတ်တော် ရှုပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။ လွင်ပြင်၌ အရင်ငါ မြင်ဘူးသော ဗျာဒိတ်ရှုပါရုံကဲ့သို့ ဣသရေလအမျိုး၏ ဘုရားသခင် ဘုန်းတော်သည် ထင်ရှား၏။ အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့်လော့၊ ဟုမိန့်တော်မူသည်အတိုင်း မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ ယဇ်ပလ္လင်တံခါးဝ၌ အမျက်တော်ကို နှိုးဆော်သောရုပ်တုရှိ၏။

ယေဇကျေလအားရွံရှာဘွယ်ကြည့်ခိုင်း

တဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြသောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော အလွန်စက်ဆုပ်ရွံ့ရှာဖွယ်သော အမှုတို့ကို မြင်ကြပြီလော။ တဖန်လှည့်၍ သွားဦးလော့။ သာ၍ကြီးသော ရွံရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်၊ ဟုမိန့်တော်မူလျက်၊ တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါကြည့်ရှုသောအခါ တန်တိုင်းရိုး၌ အပေါက်ကို မြင်လေ၏။ တဖန်တုံအချင်းလူသား၊ တန်တိုင်းရိုးကို တူးလော့၊ ဟုမိန့်တော်မူသည်အတိုင်း ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။ ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဖွယ်အမှုတို့ကို ကြည့်ရှုလော့၊ဟု မိန့်တော်မူသည်အတိုင်း၊ ၁၀ ငါသည်ဝင်၍ ကြည့်ရှုသောအခါ၊ တန်တိုင်းရိုးအတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍၊ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတု ရှိသမျှတို့၏ ပုံသဏ္ဍာန်သည် ရေးထားလျက်ရှိ၏။ ၁၁ သူတို့ရှေ့မှာ ဣသရေလ အမျိုးအသက်ကြီးသူ ခုနစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသား ရှဖံသည် သူတို့အလယ်၌ရပ်၍ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကိုကိုင်လျက် နံ့သာအပေါင်းကို မီးရှို့ကြသဖြင့် မီးခိုးသည် ထူထပ်စွာတက်လေ၏။


မိန်းမတို့တမ္မုဇနတ်အဘို့ငိုကြွေး

၁၂ တဖန်တုံအချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသောအခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင် ထာဝရဘုရားသည် မြေကြီးကိုစွန့်ပစ်လေပြီ၊ ဟုဆိုကြ၏။ ၁၃ သူတို့ပြုသော အမှုတို့တွင်သာ၍ ကြီးစွာသော စက်ဆုပ်ရွံ့ရှာဖွယ်အမှုတို့၊ ဟုမိန့်တော်မူလျက်။ ၁၄ ဗိမာန်တော် မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ၏။


နေကိုကိုးကွယ်ကြ

၁၅ အချင်းလူသား ထိုအမှုကို မြင်ပြီလော။ တဖန်လှည့်၍ သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို မြင်လိမ့်ဦးမည်ဟု မိန့်တော်မူလျက်၊ ၁၆ ထာဝရဘုရား၏ အိမ်တော်အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍ ဗိမာန်တော်တံခါး ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ် ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌ နေကိုကိုးကွယ်ကြ၏။ ၁၇ တဖန်တုံ အချင်းလူသား ထိုအမှုကို မြင်ပြီလော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံ့ရှာဖွယ် အမှုတို့ကို ပြုသောအပြစ် ပေါ့သလော။ သူတို့သည် အဓမ္မအမှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍ကိုင်ကြ၏။ ၁၈ ထိုကြောင့်ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သောအသံနှင့် အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.