-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၅


ထာဝရဘုရားအတွက်သန့်ရှင်းသောမြေကွက်

သင်တို့သည်မြေကိုအမွေခံခြင်းငှါစာရေးတံချ၍ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတကွက်ကိုထာဝရဘုရားအားပူ ဇော်ရကြမည်၊၊ ထိုအကွက်သည်အလျားကျုလုံးအပြန်နှစ်သောင်းငါးထောင်၊ အနံတသောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်းသန့်ရှင်းရမည်။ ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်းအတောင်ငါးရာရှိသော၊ စတုရန်း အကွက်သည်သန့်ရှင်းရာဌာနဘို့ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်းအတောင်ငါးဆယ်ရှိရမည်။ ထိုအလျားနှစ်သောင်းငါးထောင်၊ အနံတသောင်းကိုတိုင်းပြီးမှအလွန်သန့်ရှင်းသောအရပ်နှင့်သန့်ရှင်းသောဌာနတည်နေရာဖြစ်ရမည်။ ထိုသန့်ရှင်းသောမြေသည်ထာဝရဘုရား၏အမှုတော်ကိုဆောင်ခြင်းငှါအထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်ယဇ်ပုရောဟိတ်တို့အဘို့ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့်သန့်ရှင်းရာဌာနတည်စရာအဘို့၊ သန့်ရှင်းသောမြေဖြစ်ရမည်။ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်းရှိသောအကွက်သည်အိမ်တော်အမှုစောင့်လေဝိလူတို့နေရာအခန်း နှစ်ဆယ်တည်ဆောက်စရာအဘို့ဖြစ်ရမည်၊၊ မြို့တော်နှင့်ဆိုင်သောမြေသည်သန့်ရှင်းသောအရပ်တဘက်တချက်၌ အလျား တသောင်းငါးထောင်၊ အနံငါးထောင်ရှိ၍ဣသရေလအမျိုးသားအပေါင်းတို့အဘို့ဖြစ်ရမည်။


မင်းသားတို့အဘို့မြေ

သန့်ရှင်းသောမြေကွက်နှင့် မြို့တော်နယ်နိမိတ်အနောက်ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ဘက်အရှောက်လုံးတပိုင်း သည်၊ မင်းသားတို့အဘို့ဖြစ်ရမည်။ ငါ၏မင်းသားတို့သည်နောက်တဖန်ငါ၏လူတို့ကိုမညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည်ဣသရေလပြည်၌ မင်းသားပိုင်သောမြေဖြစ်ရမည်။ ကြွင်းသောမြေကိုဣသရေလအမျိုးအနွယ်အသီးသီးတို့အားပေးရမည်။


ရောင့်ရဲခြင်းစိတ်ကြလော့

အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားအိုဣသရေလအမျိုးသားတို့၊ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်းလုယူခြင်းအမှုတို့ကိုကိုပယ်ရှား၍၊ တရားသောအမှုဟုတ်မှန်သောအမှုတို့ကိုပြုကြလော့။ နောက်တဖန်ငါ၏လူတို့ကိုမညှဉ်းဆဲ မနှိပ်စက်ကြနှင့် ၊ ဟုထာဝရဘုရားကမိန့်တော်မူ၏။ ၁၀ မှန်သောချိန်ခွင်မှန်သောဧဖါမှန်သောဗတ်တို့ကိုသုံးရကြမည်။ ၁၁ ဧဖါနှင့်ဗတ်သည်အညီအမျှရှိရမည်။ နှစ်ပါးသည်ဟောမဲကိုအမှီပြု၍၊ ဧဖါသည်တဟောမဲတွင်ဆယ်စုတစ်စု၊ ဗတ်သည် တဟောမဲတွင်ဆယ်စုတစ်စုရှိမည်။ ၁၂ ဂေရာနှစ်ဆယ်သည်တကျပ်၊ အကျပ်​ခြောက်ဆယ်ကိုတမာနေရှိရမည်။



၁၃ ချီးမြှောက်ရာပူဇော်သက္ကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲကိုပူဇော်ရမည်။ ၁၄ ဆီနှင့်ဆိုင်သောပညတ်ဟူမူကား၊ တကောရတွင်ဗတ်ဆယ်စုတစ်စုကိုပူဇော်ရမည်။ တဟောမဲသည်ဆယ်ဗတ်ဖြစ်သောကြောင့်၊ တကောရသည်ဆယ်ဗတ်ဖြစ်သတည်း။ ၁၅ သူတို့အပြစ်ကို​ဖြေခြင်းငှါ၊ ဣသရေလကျက်စားရာရေများသော အရပ်၌ ရှိသောသိုးနှစ်ရာတွင်သိုးသငယ်တကောင်ကိုဘောဇဉ်ပူဇော်သက္ကာနှင့်တကွမီးရှို့ရာယဇ်၊ မိဿဟာယဇ်၊ တို့ကိုပူဇော်ကြရမည် ၊ ဟုထာဝရဘုရားမိန့်တော်မူသည်။ ၁၆ ထိုသို့ချီးမြှောက်ရာပူဇော်သက္ကာကိုပြည်ပြည်သားအပေါင်းတို့သည်ဣသရေလ မင်းသားတို့အားဆက်ကြရမည်။ ၁၇ မင်းသားသည်လည်းပွဲသဘင်နေ့လဆန်းနေ့ဥပုသ်နေ့ဣသရေလအမျိုးပရိသတ်စည်းဝေးသောနေ့ရက်အစဉ်အတိုင်းမီးရှို့ရာယဇ်ဘောဇဉ်ပူဇော်သက္ကာသွန်းလောင်းရာပူဇော်သက္ကာတို့ကိုပူဇော်ရမည်။ ဣသရေလ အမျိုး၏အပြစ်ကိုဖြေခြင်းငှါအပြစ်​ဖြေရာယဇ်ဘောဇဉ်ပူဇော်သက္ကာမီးရှို့ရာယဇ်မိဿဟာယယဇ်ကိုလည်းပူဇော်ရမည်။ ၁၈ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပဌမလတရက်နေ့တွင်အပြစ်မပါအသက်ပျိုသောနွားထီးတကောင်ကိုယူ၍သန့်ရှင်းရာဌာနကိုစင်ကြယ်စေရမည်။ ၁၉ ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ်ကောင်အသွေးအချို့ကိုယူ၍အိမ်တော်တိုင်၌ ၎င်း၊ ယဇ်ပလ္လင်အောက်ထစ်လေးထောင့်၌ ၎င်း၊ အတွင်းတံတိုင်းတံခါးတိုင်၌ ၎င်းထည့်ရမည်။ ၂၀ ထိုမှတပါးမှားယွင်းသောသူနှင့် မိုက်သောသူအတွက်ခုနစ်ရက်နေ့တွင်ထိုနည်းတူပူဇော်၍အိမ်တော်အတွက်အပြစ်ဖြေရာမင်္ဂလာကိုပြုရမည်။
CROSS REFERENCES






၂၁ ပဌမလတဆယ့်လေးရက်နေ့တွင်ပသခါပွဲကိုခံရမည်။ [A] ခုနစ်ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့မုန့်ကိုသာစားရမည်။ ၂၂ ထိုနေ့၌ မင်းသားသည်ကိုယ်ဘို့၎င်း၊ ပြည်သူပြည်သားအပေါင်းတို့ကို၎င်း၊ နွားထီးတကောင်ကိုအပြစ်​ဖြေရာယဇ်ပူဇော်ရမည်။ ၂၃ ပွဲနေ့ခုနစ်ရက်ပတ်လုံးထာဝရဘုရားအားမီးရှို့ရာယဇ်ဘို့နွားထီးခုနစ်ကောင်အပြစ်မပါသောသိုးထီးခုနစ်ကောင်ကို၎င်း၊ အပြစ်​ဖြေရာယဇ်ဘို့ဆိတ်သငယ်တစ်ကောင်ကို၎င်း၊ နေ့တိုင်းပူဇော်ရမည်။ ၂၄ နွားဖြစ်စေသိုးဖြစ်စေတကောင်တကောင် နှင့်ပါရသောဘောဇဉ်ပူဇော်သက္ကာဘို့မုန့်ညက်တဧဖါဆီတဟိန်ကိုပြင်ဆင်ရမည်။ ၂၅ သတ္တမလတဆယ်ငါးရက်နေ့တွင် ပွဲခံ၍ယခင်အပြစ်ဖြေရာယဇ်မီးရှို့ရာယဇ်ဘောဇဉ်ပူဇော်သက္ကာဆီပူဇော်သက္ကာပြုသည်အတိုင်းခုနစ်ပတ်လုံးပြုရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.