-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၃



ထိုနောက်မှအရှေ့ဘက်သို့မျက်နှာပြုသောတခါးဝသို့တဖန်ခေါ်သွား၏။ ဣသရေလအမျိုး၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည်သမုဒရာကဲ့သို့ဖြစ်၏။ ရောင်ခြည်တော်အားဖြင့်မြေတပြင်လုံးလင်း၏။ ငါမြင်သောရူပါရုံသည်မြို့တော်ကိုဖျက်ဆီးခြင်းငှါလာသောအခါ၊ ငါမြင်သောရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည်ခေဗာမြစ်နားမှာငါမြင်ဘူးသောအရာများကဲ့သို့ဖြစ်၍ငါသည်ပြပ်ဝပ်လျက်နေ၏။ ထာဝရဘုရား၏ဘုန်းတော်သည်အရှေ့ဘက်သို့ မျက်နှာပြုသောတံခါးလမ်းဖြင့်အိမ်တော်ထဲသို့ဝင်တော်မူ၏။ ထိုအခါဝိညာဉ်တော်သည်ငါ့ကိုချီလျက်အတွင်းတန်တိုင်း ထဲသို့ဆောင်သွား၍၊ ထာဝရဘုရား၏ဘုန်းတော်သည်တအိမ်လုံးကိုဖြည့်တော်မူ၏။ အရင်လူသည်ငါ့အနားမှာရပ်နေလျက်၊ အိမ်တော်ထဲကငါ့အားမိန့်တော်မူသောအသံကိုငါကြားသည်ကား၊ အချင်းလူသား၊ ဤအရပ်သည်ငါ့ပလ္လင်တည် ရာအရပ်၊ ငါ့​ခြေဘဝါးနင်းမြဲအရပ်၊ ဣသရေလအမျိုးသားတို့သည်အစဉ်အမြဲငါ့နေရာအရပ်ဖြစ်၏။ ဣသရေရှင်ဘုရင်များနှင့် အမျိုးသားများတို့တွင်မှားယွင်းခြင်းအားဖြင့်၎င်း၊ ရှင်ဘုရင်၏အသေကောင်အားဖြင့်၎င်း၊ မြင့်ရာအရပ်တို့၌ ငါ၏နာမတော်မြတ်ကို နောက်တဖန်မရှုတ်ချရကြ။ ထိုသို့တံခါးခုံကိုလည်းတခါးခုံအနားမှာ၎င်း၊ သူတို့ကိုယ်တိုင်လည်းငါ့တိုင်အနားမှာ၎င်း၊ တည်စိုက်လျက်၊ ငါနှင့်သူတို့စပ်ကြားမှာနံရံတခုတည်းသာရှိလျက်၊ သူတို့ပြုမိသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ဖြင့်ငါ၏နာမတော်မြတ်ကို ရှုတ်ချသောကြောင့်၊ ငါသည်အမျက်ထွက်၍သူတို့ကိုဖျက်ဆီးပြီ။ ယခုမူကား၊ သူတို့မှားယွင်းခြင်းအမှုများနှင့်ရှင်ဘုရင် ၏အသေကောင်များကိုငါမှဝေးစွာပယ်ရှားကြစေ။ ငါသည်လည်းသူတို့တွင်အစဉ်အမြဲနေမည်။ ၁၀ အချင်းလူသား၊ ဣသရေလအမျိုးတို့သည်ကိုယ့်ဒုစရိုက်အပြစ်ကြောင့်ရှက်ကြောက်စေခြင်းငှါအိမ်တော်ကိုပြလော့။ အိမ်တော်ပုံကိုသူတို့တိုင်းကြစေလော။ ၁၁ သူတို့သည်ကိုယ်ပြုမိသောအမှုများကြောင့်အမှန်ရှက်ကြောက်လျှင် အိမ်ပုံသဏ္ဍာန်နှင့်ထွက်ရာဝင်ရာတံခါးဝများ၊ ကျင့်ရသမျှသောထုံးစံများ၊ စီရင်ထုံးဖွဲ့ချက်တရားအလုံးစုံတို့ကိုပြလော့။ သူတို့သည်ထုံးစံများနှင့်စီရင်ထုံးဖွဲ့ချက်အလုံးစုံတို့ကိုကျင့်စောင့်စေခြင်းငှါသူတို့ရှေ့မှာရေးထားလော့။ ၁၂ တောင်ထိပ်ပေါ်မှာတည်သောအိမ်တော်၏တရားတော်မူကားအိမ်တော် နယ်နိမိတ်ရှိသမျှတို့သည်အလွန်သန့်ရှင်းရမည်။ ဤရွေ့ကားအိမ်တော်၏တရားပေတည်း။

၁၃ ယဇ်ပလ္လင်အတိုင်းအရှည်ကား၊ သံတောင်ဖြင့်တိုင်းလျှင်၊ ဘိနပ်အမြင့်တတောင်၊ အကျယ်တတောင်၊ ပတ်လည်အနား ပတ်အကျယ်တထွာရှိ၍၊ ယဇ်ပလ္လင်ပြင်ဘက်၌ တည်ရ၏။ ၁၄ အောက်အထစ်သည်မြေနှင့်နှစ်တောင်ကွာ၍အကျယ်တ တောင်ရှိရမည်။ ၁၅ ယဇ်ပလ္လင်အမြင့်သည်လည်းလေးတောင်ရှိရမည်။ ငယ်သောအထစ်နှင့်ကြီးသောအထစ်သည်လေးတောင်ကွာ၍အကျယ်တတောင်ရှိရမည်။ ဦးချိုးလေးချောင်းတတ်ရမည်။ ၁၆ ယဇ်ပလ္လင်သည်စတုရန်းဖြစ်၍အလျားတဆယ်နှစ်တောင်အနံလည်းတဆယ်နှစ်တောင်ရှိရမည်။ ၁၇ အောက်အထစ်သည်လည်းစတုရန်းဖြစ်၍အလျားတဆယ်တဆယ့်လေးတောင်၊ အနံလည်းတဆယ့်နှစ်တောင်ရှိရမည်။ အနားပတ်လည်သည်လည်းအကျယ်တထွာရှိရမည်။ ဘိနပ်သည် ယဇ်ပလ္လင်ပတ်လည်၌ တတောင်ထွက်၍တတ်ရာလမ်းသည်အရှေ့သို့မျက်နှာပြုရမည်။
CROSS REFERENCES






၁၈ တဖန်အချင်းလူသားအရှင်ထာဝရဘုရားမိန့်တော်မူသည်အတိုင်းမီးရှို့ရာယဇ်ကိုပူဇော်၍အသွေးကိုဖျန်းဘို့ရာယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူသည်ကား၊ ၁၉ အမှုတော်ကိုဆောင်၍ငါ့ထံသို့ ချဉ်းကပ်သောလေဝိအမျိုးဇာဒုတ်သားယဇ်ပုရောဟိတ်တို့အားအပြစ်ဖြေရာယဇ်ဘို့သောနွားထီးတကောင်ကိုအပ်ရမည်။ ၂၀ နွားအသွေးအချို့ကိုယူ၍ယဇ်ပလ္လင်ဦးချိုလေးချောင်းအထစ်လေးထောင့်အနားပတ်ကိုလူးသောအားဖြင့်သန့်ရှင်းစင်ကြယ်စေရမည်။ ၂၁ အပြစ်​ဖြေရာယဇ်ဘို့ နွားကောင်ကိုယူ၍သန့်ရှင်းရာဌာနပြင်ဗိမာန်တော်အတွင်းတွင်ခန့်ထားသောအရပ်၌ မီးရှို့ရမည်။ ၂၂ ဒုတိယနေ့၌ လည်း အပြစ်မရှိသောဆိတ်သငယ်ကိုယူ၍အပြစ်ဖြေရာယဇ်ဘို့ပူဇော်ရမည်။ ယဇ်ပလ္လင်ကိုနွားအသွေးနှင့်သန့်ရှင်းစေသကဲ့သို့ဆိတ်အသွေးနှင့်သန့်ရှင်းစေရမည်။ ၂၃ ထိုသို့ယဇ်ပလ္လင်ကိုသန့်ရှင်းစေပြီးသည်နောက်အပြစ်မရှိသောနွားထီးနှင့်အပြစ်မရှိသော ဆိတ်ထီးကိုထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။ ၂၄ ယဇ်ပုရောဟိတ်တို့သည်ဆားကိုတင်လျက် [A]ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဘို့မီးရှို့၍ပူဇော်ရမည်။ ၂၅ ခုနစ်ရက်ပတ်လုံးတနေ့တနေ့လျှင်ဆိတ်တကောင်ကိုအပြစ်ဖြေရာပြု၍ပူဇော်ရမည်။ အပြစ်မရှိသောနွားထီးတကောင်နှင့်သိုးထီးတကောင်ကိုလည်းပူဇော်ရမည်။ ၂၆ ခုနစ်ရက်တပတ်လုံးယဇ်ပလ္လင်ကိုလည်းသန့်ရှင်းစင်ကြယ်စေ၍ကိုယ်ကိုလည်းယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရကြမည်။ ၂၇ ခုနစ်ရက်စေ့သောနောက်အဋ္ဌမနေ့၌ ၎င်း၊ ထိုနေ့မှစ၍၎င်း၊ ယဇ်ပုရောဟိတ်တို့သည်ယဇ်ပလ္လင်ပေါ်တွင်သင်တို့မီးရှို့ရာယဇ်များနှင့်မိဿဟာယဇ်များကိုနှင့်ပူဇော်ရမည်။ ငါသည်လည်းသင်တို့ကိုလက်ခံမည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.