-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၄၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄၁



ထိုနောက်မှဗိမာန်တော်သို့ခေါ်၍တံခါးတိုင်တို့ကိုတိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည်ဗိမာန်တော်ထုနှင့်အမျှ​ခြောက်တောင်ရှိ၏။ ဗိမာန်တော်တံခါးဝအကျယ်ကားဆယ်တောင်ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်းငါးထောင်စီကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကားအတောင်လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။ ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကိုတိုင်းလျှင်၊ တံခါးတိုင်နှစ်တောင်၊ တံခါးဝ​ခြောက်တောင်၊ တံခါးဝတဘက်တချက်ခုနစ်တောင်စီရှိ၏။ ထိုအခန်းသည်ဗိမာန်တော်နံနှင့်တညီတည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်းအတောင်နှစ်ဆယ်ရှိသည်ကိုတိုင်း၍၊ ဤအခန်းကားအလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟုငါ့အားပြောဆို၏။ ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍အထု​ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည်ထရံအခန်းတို့သည်အနံလေးတောင်စီရှိ၏။ ထရံအခန်းတို့သည်အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံုးဆင့်ပေါင်းသုံးဆယ့်သုံးလီရှိကြ၏။ ထိုအခန်းတို့သည်အိမ်တော်ထရံထဲသို့မဝင်ဘဲထရံအောက်ပိုင်းတွင်ထွက်သောခြေအပေါ်မှာ မှီနေကြ၏။ ထရံအခန်းအောက်ဆင့်မှသည်ဒုတိယအဆင့်သို့၎င်း၊ ဒုတိယအဆင့်မှသည်တတိယအဆင့်သို့၎င်း၊ တက်သည် အတိုင်း၊ အိမ်တော်ထရံပတ်လည်တရှောက်လုံးဆက်ကာဆက်ကာဆုတ်၍၊ အခန်းနေရာသည်အစဉ်အတိုင်းကျယ်လျက်အဆင့်ဆင့်တတ်၏။ အိမ်တော်အထက်ပိုင်းပတ်လည်၌ အမြင့်ဆုံးသောထရံအခန်းတို့သည်​ခြောက်တောင်ရှည်သောကျူတပြန်မှ ကျယ်ကြ၏။ ထရံအခန်းအပြင်ဘက်၌ ကာသောထရံသည်အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည်ထရံအခန်းတို့နှင့်ဆိုင်၏။ ၁၀ အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည်အိမ်တော်တန်တိုင်းအခန်းတို့နှင့်အတောင်နှစ်ဆယ်ကွာလျက်ရှိကြ၏။ ၁၁ ထရံအခန်းတို့သည်ကျန်ကြွင်းသောအရပ်သို့ဖွင့်၍မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း၊ မျက်နှာပြုကြ၏။ ကျန်ကြွင်းသောအရပ်သည်ပတ်လည်၌ အနံငါးတောင်ရှိ၏။ ၁၂ လွတ်လပ်​သောအရပ်ကိုပိတ်၍အနောက်ဘက်၌ ရှိသောတန်တိုင်းသည်အလျားအတောင်ခုနစ်ဆယ်ရှိ၍၊ အိမ်တော်ပတ် လည်တံတိုင်းသည်သည်လည်းအထုငါးထောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။ ၁၃ ထိုသို့အိမ်တော်ကိုတိုင်း၍လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျားအတောင်တရာရှိ၏။ ၁၄ အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦးအတိုင်းအရှည်လည်းအတောင်တရာရှိ၏။ ၁၅ လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင်းနှင့်နောက်တန်တိုင်းတို့ကိုတိုင်း၍၊ တဘက်တချက်၌ ရှိသောထရံအခန်းပါလျက်အလျားအတောင်တရာရှိ၏။ ၁၆ အတွင်းဗိမာန်နှင့်တန်တိုင်းမုတ်များတံခါးခုံများ၊ ကျဉ်းသောပြတင်းပေါက်များ၊ တံခါးခုံရှိသမျှတဘက်တချက်သုံးဆင့်ရှိသောထရံအခန်းနံများတို့သည်မြေမှပြတင်းပေါက်တိုင်အောင်ပျဉ်ပြားနှင့်ဖုံးအုပ်လျက်ရှိကြ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက်ရှိကြ၏။ ၁၇ တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင်ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခရုဗိမ်နှင့်စွန်ပလွံပင်ပုံထု၍၊ ၁၈ ခေရုဗိမ်နှစ်ခုကြားမှာစွန်ပလွံပင်ပင်တခုစီရှိသည်။ ခေရုဗိမ်နှင့် တခု၌ မျက်နှာနှစ်ခုဆီပါလျက် ၁၉ စွန်ပလွံပင်နှစ်ခုကြားမှာတဘက်၌ လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကိုပြကြ၏။ ၂၀ ထိုသို့အိမ်တော်ပတ်လည် မြေမှသည်တံခါးပေါက်အထပ်တိုင်အောင်ဗိမာန်တော်ထရံ၌ ခေရုဗိမ်နှင့်စွန်ပလွံပင်အရုပ်ထုလျက်ရှိ၏။ ၂၁ ဗိမာန်တော်တိုင်တို့သည်လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့်မျက်နှာချင်းတူကြ၏။ ၂၂ သစ်သားယဇ်ပလ္လင်သည်အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သောပွဲစားပေတည်းဟုငါ့အားပြောဆို၏။ ၂၃ ဗိမာန်တော်နှင့်သန့်ရှင်းရာဌာန၌ တံခါးပေါက်တပေါက်စီရှိ၍၊ ၂၄ တံခါးတို့သည်လည်းတပ်သောတံခါးရွက်နှင့်နှစ်ရွက်စီရှိ၏။ ၂၅ ဗိမာန်တော်တရံ၌ ထုသကဲ့သို့တံခါးရွက်တို့၌ ခေရုဗိမ်နှင့်စွန်ပလွံပင်ပုံထုလျက်ရှိ၏။ မုတ်ဦးအထက်မှာထုပ်တင်လျက်ရှိ၏။ ၂၆ မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသောပြတင်းပေါက်များ၊ စွန်ပလွံပင်များနှင့်ပြည့်စုံကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.