-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၄


ယေရုရှလင်မြို့ ဝိုင်းထားမည့် လက္ခဏာ

တဖန်တုံ၊ အချင်းလူသား၊ အုတ်ပြားကိုယူ၍ သင့်ရှေ့မှာ ထားပြီးလျှင်၊ ယေရုရှလင်မြို့ပုံကို ရေးလော့။ မြို့ကိုဝိုင်း၍ မြို့ပြင်၌ တပ်ထားလော့။ မြေရိုးကိုလည်း ဖွင့်လော့။ တပ်သားတို့ကိုလည်း ခင်းကျင်းလော့။ မြို့ပတ်လည်တွင် ဝက်ခွတိုင်တို့၌ တုံးတို့ ကိုလည်း ဆွဲထားလော့။ ထိုမှတပါး၊ သံပြားကိုယူ၍ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှါ ထောင်ပြီးလျှင်၊ မြို့တဘက်၌ သင်၏မျက်နှာကို ထားလော့။ ထိုသို့ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလ အမျိုးအား နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။


လက်ဝဲနံစောင်းနှင့် ၃၉၀ ရက်အိပ်ခိုင်း

ထိုမှတပါး၊ သင်သည် လက်ဝဲနံ စောင်းဖြင့် အိပ်၍၊ ဣသရေလအမျိုး၏ အပြစ်ကို ထိုနံစောင်းတွင် တင်ထားလော့။ ထိုသို့အိပ်ရသော နေ့ရက် အရေအတွက်အတိုင်း သူတို့အပြစ်ကို ခံရမည်။ အကြောင်းမူကား၊ အရက် သုံးရာကိုးဆယ် အရေအတွက်အတိုင်း၊ သူတို့အပြစ်နှင့် ယှဉ်သော နှစ်ပေါင်းကို သင်၏အပေါ်၌ ငါတင်ထားပြီ။ ထိုဣသရေလအမျိုး၏ အပြစ်ကို သင်သည်ခံရမည်။ ထိုနေ့ရက်စေ့ပြီးမှ၊ တဖန်လကျ်ာနံစောင်းဖြင့် အိပ်၍၊ အရက်လေးဆယ် ပတ်လုံး ယုဒအမျိုး၏ အပြစ်ကို ခံဦးလော့။ နှစ်အစား၌ ရက်ကိုငါထားပြီ။ [A] သင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားသည့်အမှုမှာ၊ မျက်နှာထား၍ လက်ရုံးကို ဆန့်လျက်၊ မြို့တဘက်၌ ပြုရမည်။ ငါသည် သင့်ကိုချည်နှောင်၍ ဝိုင်းထားခြင်းအမှုကို ပြုရသော ကာလမစေ့မှီ၊ သင်သည် တဘက်သို့ မစောင်းရ။


ဘုရားက ယေဇကျေလကို မစင်နှင့်မုန့်ဖုတ်ခိုင်း

ထိုမှတပါး၊ ဂျုံဆန်၊ မုယောဆန်၊ ပဲဆန်နှစ်မျိုးနှင့် ပြောင်းဆန်၊ ကောက်ဆန်တို့ကိုယူ၍ အိုးတလုံး၌ ရောနှောလျက် ထားရမည်။ နံစောင်းတဘက်ဖြင့် အိပ်ရသော နေ့သုံးရာကိုးဆယ်ပတ်လုံး၊ ထိုရောနှောသော ဆန်ကိုမုန့်လုပ်၍ စားရမည်။ ၁၁ ထိုမုန့်ကို တနေ့တနေ့လျှင် အကျပ် နှစ်ဆယ်စီချိန်၍ စားရမည်။ ၁၁ ရေကိုလည်း တနေ့တနေ့လျှင် တဗက်စီခြင်၍ သောက်ရမည်။ ၁၂ မုယောမုန့်ပြားကို စားသကဲ့သို့ စားအံ့သောငှါ၊ လူများရှေ့တွင် လူ၏မစင်နှင့် ဖုတ်ရမည်။ ၁၃ ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တပါးအမျိုးသားတို့နေရာ၌ ဣသရေလ အမျိုးသားတို့သည် ညစ်ညူးသော မုန့်ကိုစားရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၁၄ ငါကလည်း၊ အိုအရှင် ထာဝရဘုရား၊ အ​ကျွန်ုပ်သည် ညစ်ညူးခြင်းသို့ မရောက်သေးပါ။ အလိုလို သေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံ့ရှာဘွယ်သော အကောင်၏ အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အ​ကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊ ၁၅ လူ၏ မစင်အရာ၌ နွားချေးကို ငါပေး၏။ နွားချေးနှင့် သင့်မုတ်ကို ဖုတ်ရမည်ဟု မိန့်တော်မူ၏။ ၁၆ တဖန်တုံ၊ အချင်းလူသား၊ ယေရုရှလင်မြို့၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊ စိုးရိမ်သောစိတ်နှင့် စားကြရမည်။ ရေကိုလည်း ခြင်လျက်၊ မိန်းမောတွေဝေခြင်းနှင့် သောက်ရကြမည်။ ၁၇ မုန့်နှင့် ရေခေါင်းပါးသဖြင့်၊ မြို့သားတို့သည် တညီတညွတ်တည်း မိန်းမောတွေဝေ၍၊ မိမိတို့အပြစ်ကြောင့် ပိန်ကြုံခြင်းသို့ ရောက်ရကြမည်ဟု မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.