-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၂


ဖာရောမင်းအတွက်မြည်တမ်းခြင်း
CROSS REFERENCES






သက္ကရာဇ်တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍ အချင်းလူသား သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းအတွက် မြည်တမ်းခြင်းကိုပြု၍ ပြောဆိုရမည်မှာ၊ သင်သည်လူမျိုးတို့တွင် ခြင်္သေ့ကဲ့သို့ဖြစ်၏။ အိုင်၌ကူးနေသော မိချောင်းကဲ့သို့လည်းဖြစ်၍၊ မြစ်ကိုကူးသွားလျက်၊ ​ခြေဖြင့်ရေကိုလှုပ်ရှားလျက် မြစ်ရေကို နောက်စေ၏။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုးများစုဝေးလျက်၊ ငါသည်ပိုက်ကွန်နှင့်သင့်ကိုအုပ်မိ၍၊ သူတို့သည် ပိုက်ကွန်နှင့်တကွ သင့်ကိုဆွဲယူကြလိမ့်မည်။ ငါသည်သင့်ကို ကုန်းပေါ်မှာတင်၍ လွင်ပြင်၌ ပစ်ထားမည်။ မိုးကောင်းကင် ငှက်အပေါင်းတို့ကို သင့်အပေါ်မှာ နားစေမည်။ မြေသားအပေါင်းတို့ကို ဝစွာ​ကျွေးမည်။ သင့်အသားကို တောင်တို့အပေါ်၌ ငါခင်းမည်။ ချိုင့်တို့ကို သင့်ကိုယ်နှင့်ပြည့်စေမည်။ သင်မှယိုသောသွေးဖြင့် မြေကိုတောင်ထိပ်တိုင်အောင် စိုစေမည်။ မြစ်တို့သည် သင့်အသွေးနှင့် ပြည့်ကြလိမ့်မည်။ သင့်ကိုဆုံးစေသောအခါ မိုးကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေရမည်။ နေကိုမိုးအုံစေ၍ လသည်လည်း အလင်းကိုမပေးရ။ သင့်အထက်မိုးကောင်းကင်၌ ထွန်းလင်းသော အလင်းအိမ် အလုံးစုံတို့ကို မိုက်စေ၍ သင့်ပြည်ကို မှောင်မိုက်နှင့်ဖုံးလွှမ်းမည်။ [A] သင်မသိဘူးသော အတိုင်းတိုင်းအပြည်ပြည်တို့တွင် သင်ပျက်စီးခြင်းအကြောင်းကို ငါကြားစေသောအခါ၊ လူမျိုးများတို့ကိုပူပန်စေမည်။ ၁၀ အကယ်စင်စစ် သင့်အမှုကြောင့် လူမျိုးများတို့ကို ငါမိန်းမောတွေဝေစေမည်။ ငါသည်ရှင်ဘုရင်တို့ရှေ့မှာ ဓါးနှင့်ရွယ်သောအခါ၊ သူတို့သည်သင့်အမှုကြောင့် အလွန်ထိတ်လန့်ကြလိမ့်မည်။ သင်ဆုံးရှုံးသောနေ့၌ သူတို့သည် အသီးအသီး မိမိတို့အသက်ကြောင့် ခဏခဏ စိုးရိမ်တုန်လှုပ်ကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


ဗာဗုလုန်ရှင်ဘုရင်၏ဓါး

၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ဗာဗုလုန်ရှင်ဘုရင်၏ဓါးသည် သင့်အပေါ်သို့ရောက်လိမ့်မည်။ ၁၂ ခွန် အားကြီးသောသူ၊ ကြောက်မက်ဘွယ်သော လူမျိုးအပေါင်းတို့ဖြင့် သင်၏အလုံးအရင်းကို ငါလဲစေမည်။ သူတို့သည် အဲဂုတ္တုမာနကို နှိမ့်ချ၍၊ ပြည်သားအလုံးရင်း ရှိသမျှတို့ကို ဖျက်ဆီးကြလိမ့်မည်။ ၁၃ များစွာသောရေအနားမှာ ကျက်စားသမျှသောတိရစ္ဆာန် များတို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တဖန် တိရစ္ဆာန်တို့ကိုလည်း ငါပယ်ရှင်းမည်။ နောက်တဖန် လူ​ခြေနှင့်တိရစ္ဆာန်​ခြေသည် ထိုရေများကို မနောက်စေရ။ ၁၄ ထိုရေကို ငါကြည်စေ၍ မြစ်ရေသည် ဆီကဲ့သို့စီးစေမည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူသည်။ ၁၅ အဲဂုတ္တုပြည်၌ ဥစ္စာရှိသမျှကို ကုန်စေခြင်းငှါ သုတ်သင်ဖယ်ရှား၍ ပြည်သူပြည်သားအပေါင်းတို့ကို ဒဏ်ခတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။ ၁၆ ဤရွေ့ကား အဲဂုတ္တုပြည်အတွက် ပြုရသောမြည်တမ်းခြင်းတည်း။ အမျိုးမျိုးသော သတို့သမီးတို့သည်လည်း၊ မြည်တမ်း၍ အဲဂုတ္တုပြည်နှင့် ပြည်သားအလုံးအရင်း ရှိသမျှတို့တွင် မြည်တမ်းကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


အဲဂုတ္တုပြည်သားအတွက်မြည်တမ်းခြင်း
CROSS REFERENCES





CROSS REFERENCES






၁၇ သက္ကရာဇ်တဆယ်နှစ်ခု၊ ပဌမလတဆယ်ငါးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ၁၈ အချင်းလူသား၊ အဲဂုတ္တုပြည်သား အလုံးအရင်းအတွက် မြည်တမ်းခြင်းကိုပြုလော့။ မြေတွင်းထဲသို့ဆင်းသွားသောသူတို့နေရာ မြေအောက်အရပ်သို့တိုင်အောင်၊ ကျော်စောသော လူမျိုးသတို့သမီးတို့နှင့်တကွ နှိမ့်ချလျက်မြွက်ဆိုရမည်မှာ၊ ၁၉ သင်သည် သူတပါးထက် သာ၍လှသလော။ အရေဖျားလှီးခြင်းကို မခံသောသူတို့နှင့်အတူ ဆင်းသက်၍ နေရာကျလော့။ ၂၀ ဓါးဘေး၌ အပ်သည်ဖြစ်၍၊ ဓါးဖြင့်သေသော သူတို့နှင့်အတူ လဲ၍သေရသောကြောင့်၊ သူကိုယ်တိုင်မှစ၍ သူ၏လူအလုံးအရင်း ရှိသမျှတို့ကို ဆွဲကြလော့။ ၂၁ ခွန်အားအကြီးဆုံးသော သူရဲတို့သည် မရဏာနိုင်ငံထဲက သူနှင့်သူ၏ အခြံအရံတို့ကို နှုတ်ဆက်ကြလိမ့်မည်။ သူတို့သည်လည်း ဆင်းသွားကြပြီ။ ဓါးနှင့်သေ၍၊ အရေဖျားလှီးခြင်း [B]မခံသောအဖြစ်၌ လဲနေလျက်ရှိကြသည်။ ၂၂ ထိုအရပ်၌ အာရှုရိနှင့် လူအလုံးအရင်း အပေါင်းလည်း ရှိကြ၏။ သူတို့သည်ဓါးဖြင့်သေ၍ လဲနေလျက်၊ ပတ်လည်အရပ်ရပ်တို့၌ သူတို့သင်္ချိုင်းများရှိကြသည်။ ၂၃ ထိုသင်္ချိုင်းတွင်းတို့သည် ဥမင်အတွင်းအနားမှာ စီလျက်၊ မင်းသင်္ချိုင်း၌ ပတ်လည်ခြံရံလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကို ကြောက်စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူရှိသမျှတို့သည် ဓါးဖြင့်သေ၍ လဲနေကြသည်။ ၂၄ ထိုအရပ်၌ ဧလံနှင့် သူ၏သင်္ချိုင်းပတ်လည်၌ သူ၏လူအလုံးအရင်း ရှိသမျှတို့သည် ဓါးဖြင့်သေ၍ လဲလျက်ရှိကြ၏။ အသက်ရှင်သော သူတို့၏နေရာ၌ သူတပါးကိုကြောက်စေတတ်သော်လည်း၊ အရေဖျားလှီးခြင်း [B]ကို မခံရသောလူဖြစ်၍ ဓါးဖြင့်မြေအောက်အရပ်သို့ ဆင်းသွားရသဖြင့်၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ၊ အရှက်ကွဲလျက် သေသောသူတို့နှင့် အတူနေရာကျကြ၏။ ၂၅ မိမိအလုံးအရင်းနှင့် အိပ်၍ သူတို့သင်္ချိုင်းတွင်းတို့သည်ပတ်လည်၌ ရှိကြ၏။ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံရသောလူဖြစ်၍ ဓါးဖြင့်သေကြသည်။ အသက်ရှင်သော သူတို့၏ နေရာ၌ သူတပါးကို ကြောက်စေတတ်သော်လည်း မိမိမြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အရှက်ကွဲသဖြင့်၊ သေသောသူတို့နှင့် အတူနေရကြ၏။ ၂၆ ထိုအရပ်၌ မိမိအလုံးအရင်း ရှိသမျှတို့နှင့် အတူမေရှက်လည်းရှိ၏။ တုဗလလည်းရှိ၏။ သင်္ချိုင်းတွင်းတို့သည် ပတ်လည်၌ ရှိကြ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ သူတပါးကို ကြောက်စေတတ်သော်လည်း၊ ထိုသူရှိသမျှတို့သည် အရေဖျားလှီးခြင်းကို မခံရသော လူဖြစ်၍ ဓါးဖြင့်သေလျက်နေကြသည်။ ၂၇ သူတို့၏ရှေးကာလ၌ လဲ၍သေသော၊ အရေဖျားလှီးခြင်းကို မခံသောလူကြီးတို့ နှင့်အတူ အိပ်၍နေရကြလိမ့်မည်မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏ နေရာ၌ လူကြီးတို့ကိုကြောက်စေတတ်သော်လည်း၊ စစ်တိုက်လက်နက် ပါလျက်မရဏာနိုင်ငံထဲသို့ ဆင်းသွား၍၊ မိမိဓါးကို မိမိခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့အပြစ်တည်လျက်ရှိကြ၏။ ၂၈ သင်သည်လည်း အရေဖျားလှီးခြင်းကို မခံရသောလူတို့ အလယ်၌ ကျိုးပျက်၍ ဓါးဖြင့်သေသောသူတို့နှင့်အတူနေရာကျ၍ လဲလျက်နေရလိမ့်မည်။ ၂၉ ထိုအရပ်၌ ဧဒုံလည်းရှိ၏။ ဧဒုံရှင်ဘုရင်နှင့် မှူးတော်မတ်တော်တို့သည် မိမိတို့တန်ခိုးပါလျက်၊ ဓါးဖြင့်သေသောသူနှင့်အတူ နေရာကျ၍၊ အရေဖျာလှီးခြင်းကို မခံသောလူ၊ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အိပ်ရကြ၏။ ၃၀ ထိုအရပ်၌ မြောက်ပြည်မင်း၊ ဇိဒုန်မင်းအပေါင်းတို့သည် ရှိကြ၏။ ကိုယ်တန်ခိုးကိုရှက်လျက် ထိတ်လန့်လျက် သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသောလူဖြစ်၍အိပ်ကြ၏။ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ အရှက်ကွဲလျက်နေကြ၏။ ၃၁ ဖာရောဘုရင်သည် ထိုလူများကိုမြင်၍၊ ဓါးဖြင့်သေသော မိမိလူအလုံးအရင်းရှိသမျှတို့ကြောင့် ပူပန်သောစိတ်လျော့၍ ဖာရောဘုရင်နှင့် မိမိဗိုလ်​ခြေအပေါင်းတို့သည် သက်သာကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၃၂ အသက်ရှင်သော သူတို့၏နေရာ၌ သူသည်သူတပါးတို့ကို ကြောက်စေသောအခွင့်ကို ငါပေးသော်လည်း၊ ဖာရောဘုရင်နှင့် သူ၏အလုံးအရင်းရှိသမျှတို့သည် ဓါးဖြင့်သေသောသူတို့နှင့်အတူ အရေဖျားလှီးခြင်းကို မခံသော လူတို့အလယ်၌ လဲ၍နေကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.