-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၁

အဲဂုတ္တုပြည်နှင့်ဆိုင်သောနှုတ်ကပတ်တော်

သက္ကရာဇ်တဆယ်တခု၊ တတိယလ တရက်နေ့တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍ အချင်းလူသား သင်သည်အဲဂုတ္တုပြည် ရှင်ဘုရင်ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည်မှာ၊ သင်သည်ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့်တူသနည်း။ အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသောအကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက် အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနုန်အာရဇ်ပင်ဖြစ်၏။ မြစ်ရေ၏ကျေးဇူးကြောင့်ကြီးမားခြင်း၊ နက်နဲသောရေ၏ ကျေးဇူးကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာအရပ်တို့၌ ရေစီး၍ ခပ်သိမ်းသောတောပင်ရှိရာသို့ မြစ်ရေသည်နှံ့ပြားလေ၏။ ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါရေများသောကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။ မိုးကောင်းကင် ငှက်အပေါင်းတို့သည် အကိုင်းအခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်းတို့သည် အကိုင်းအခက်တို့အောက်၌ သားဖွားကြ၏။ ထိုအပင်၏အရိပ်၌ ကြီးမားသော လူမျိုးအပေါင်းတို့သည် နေကြ၏။ ထိုသို့ရေများသောအရပ်၌ အမြစ်စွဲသောကြောင့်၊ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့သည် ထိုအပင်ကိုမကွယ်နိုင်။ ထင်းရှုးပင်နှင့် အာရမုန်ပင်တို့သည် ထိုသို့သောအကိုင်းအခက်နှင့် မပြည့်စုံကြ။ ဘုရားသခင်၏ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင်ကဲ့သို့အဆင်းမလှ။ ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ ရှိသမျှသောသစ်ပင်တို့သည် ထိုအပင်ကိုငြူစူသည်တိုင်အောင်၊ အခက်အလက် များပြားသောအားဖြင့် သူ၏အဆင်းကိုငါလှစေ၏။
CROSS REFERENCES






၁၀ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်ထူထပ်သော အခက်အလက်တို့နှင့်ပြည့်စုံသော မိမိထိပ်ဖျားကိုချီးမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသောကြောင့်၊ ၁၁ လူမျိုးတို့တွင်တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သောသူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသောအဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။ ၁၂ ကြောက်မက်ဘွယ်သော တ​ကျွန်းတနိုင်ငံသားတို့သည် သူ့ကိုခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့်ချိုင့်ထဲမှာကျ၍ တပြည်လုံးမြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီသားအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။ ၁၃ မိုးကောင်းကင်ငှက်နှင့် တောတိရစ္ဆာန်အပေါင်းတို့သည် ကျိုးပဲသောအကိုင်းအခက်တို့တွင် အပေါ်တွင်နေရကြ၏။ ၁၄ အကြောင်းမူကား ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တပင်မျှ အရပ်မြင့်သောကြောင့်မဝါကြွား။ ထူထပ်သောအခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီးမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှမြင့်လျက်မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ဆင်းတတ်သော လူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေအောက်အရပ်သို့၎င်း၊ ရောက်စေခြင်းငှါ ငါအပ်လေပြီ။ ၁၅ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည်မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲသောအရပ်ကို သူ့အဘို့မသာအဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွာသောရေကို ချုပ်ထား၏။ လေဗနုန်တောင်ကို သူ့အဘို့ မသာအဝတ်ကိုဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက်ကြ၏၊ ၁၆ မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံးအမြတ်ဆုံးသော လေဗလုန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းကို ရောက်ကြ၏။ ၁၇ ထိုသူနှင့်တကွ သူ့လက်ရုံးဖြစ်၍ လူမျိုးတို့တွင် သူ့အရိပ်ကိုခိုသောသူတို့သည် ဓါးဖြင့်အသေခံသောသူတို့နေရာ၊ မရဏာနိုင်ငံထဲသို့လိုက်သွားကြ၏။ ၁၈ သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့်တူသနည်း။ သင်သည်ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေဖျားလှီးခြင်း [A]ကိုမခံသောသူ၊ ဓါးဖြင့်အသေခံရသောသူတို့နှင့် အတူလဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.