-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၃၀


အဲဂုတ္တုကိုတရားစီရင်မည်
CROSS REFERENCES






တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည်ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောက်ရသောနေ့သည် အမင်္ဂလာရှိသည်၊ ဟုအော်ဟစ်ကြလော့။ ထိုနေ့နီးပြီ။ ထာဝရဘုရား၏နေ့၊ မိုးအုံသောနေ့၊ တပါးအမျိုးသားဘို့ ချိန်းချက်သောအချိန်နီးပြီ။ ဓါးဘေးသည် အဲဂုတ္တုပြည်သို့ ရောက်သဖြင့်၊ သူရဲတို့သည် လဲ၍သေကြသောအခါ၊ အဲသယောပိပြည်သည် ပူပန်လိမ့်မည်။ အလုံးအရင်းကို ပယ်ရှား၍ မူလအမြစ်ကို ဖြိုဖျက်ကြလိမ့်မည်။ အဲသယောပိပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အမျိုးမစစ်သော လူရှိသမျှ၊ ခုဘအမျိုးသား၊ မိဿဟာရ ဖွဲ့သောပြည်သားတို့သည်၊ အဲဂုတ္တုပြည်သားတို့နှင့်တကွ ဓါးဖြင့်လဲ၍သေကြလိမ့်မည်။ အဲဂုတ္တုပြည်ကို ထောက်မသောသူတို့သည် လဲ၍သေကြသဖြင့်၊ အဲဂုတ္တုအစွမ်းသတ္တိ၏ ဂုဏ်အသရေသည် ဆုံးလိမ့်မည်။ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင် အဲဂုတ္တုပြည်သားတို့သည် ဓါးဖြင့်လဲ၍ သေကြလိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ပျက်စီးသောပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသောမြို့တို့တွင်အဲဂုတ္တုမြို့တို့သည် ပါဝင်ကြလိမ့်မည်။ ငါသည်အဲဂုတ္တုပြည်၌ မီးညှိ၍ထိုပြည်ကို မစသမျှသောသူတို့သည် ပျက်စီးကြသောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ [A] ထိုအခါစိုးရိမ်ခြင်းမရှိသော အဲသယောပိပြည်သားတို့ကို ကြောက်စေခြင်းငှါ၊ ငါစေလွှတ်သောတမန်တို့သည် သင်္ဘောစီး၍ သွားကြသဖြင့်၊ အဲဂုတ္တုပြည်၏အချိန်၌ သူတို့သည်လည်း အလွန်ဆင်းရဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ထိုအချိန်လည်း နီးပြီဟုမိန့်တော်မူ၏။
CROSS REFERENCES






၁၀ အရှင်ထာဝရဘုရား မိန့်တော်သည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအားဖြင့် အဲဂုတ္တုပြည်၏အလုံးအရင်းကို ငါဖြတ်မည်။ ၁၁ ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက်မက်ဖွယ်သော လူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှါလာ၍၊ ဓါးကိုင်လျက် တပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။ ၁၂ မြစ်တို့ကို ငါခန်း​ခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကိုရောင်းလိုက်မည်။ တ​ကျွန်းတနိုင်ငံသားတို့လက်ဖြင့် ပြည်နှင့်တကွ ပြည်၌ပါသမျှတို့ကို ငါဖျက်ဆီးမည်။ ၁၃ ငါထာဝရဘုရားပြောပြီ။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရုပ်တုတို့ကို ငါဖျက်ဆီး၍၊ နောဖပြည်၌ ဆင်းတုတို့ကိုလည်း ပယ်ဖြတ်မည်။ နောက်တဖန် အဲဂုတ္တုမင်းမျိုးမရှိရ။ အဲဂုတ္တုပြည်သည် ကြောက်ရွံ့မည်မည်အကြောင်း ကိုငါပြုမည်။ ၁၄ ပါသရုပြည်ကို ငါဖြတ်မည်။ ဇောနမြို့ကိုလည်း မီးရှို့မည်။ နောမြို့ကိုလည်း အပြစ်ဒဏ်စီရင်ရမည်။ ၁၅ အဲဂုတ္တုပြည်၏ အစွမ်းသတ္တိဖြစ်သော သိန်မြို့အပေါ်သို့ ငါသည်အမျက်ကို သွန်းလောင်း၍၊ နောမြို့သား အလုံးအရင်းကို ပယ်ဖြတ်မည်။ ၁၆ အဲဂုတ္တုပြည်၌ မီးညှိ၍သိန်မြို့သည် တုန်လှုပ်ခြင်း၊ နောမြို့ရိုးသည် ပြိုပေါက်ခြင်း၊ နောဖမြို့သည်နေ့အချိန်၌ပင် စစ်တိုက်ခြင်းကို ခံရလိမ့်မည်။ ၁၇ အာဝင်မြို့၊ ဖိဗေသက်မြို့သား လုလင်တို့သည် ဓါးဖြင့်လဲ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။ ၁၈ တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်း သတ္တိ၏ ဂုဏ်အရေဆုံးသောအခါ နေ့အချိန်၌ အလင်းကွယ်လိမ့်မည်။ မိုးအုံ၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်၊ ၁၉ ထိုသို့အဲဂုတ္တုပြည်၌ ငါသည်အပြစ်ဒဏ်စီရင်၍ ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် [A] ဟုမိန့်တော်မူ၏။
CROSS REFERENCES





CROSS REFERENCES






၂၀ သက္ကရာဇ်တဆယ်တခု၊ ပဌမလခုနစ်ရက်တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍ ၂၁ အချင်းလူသား အဲဂုတ္တုပြည်ရှင်ဘုရင်ဖာရောမင်း၏ လက်ရုံးကိုငါချိုးပြီ၊ ဆေးကု၍မထုပ်ရ။ ဓါးကိုင်စေဘို့ပကတိခွန်အားရှိစေခြင်းငှါ အဝတ်နှင့်မစည်းရ၊ ၂၂ ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အဲဂုတ္တုပြည်ရှင်ဘုရင်ဖာရောမင်း တဘက်၌ နေသဖြင့်၊ သူ၏လက်ရုံးတည်းဟူသော ခိုင်မာသောလက်ရုံးနှင့် အရင်ချိုးသောလက်ရုံးကိုငါချိုး၍ ဓါးကိုသူ့လက်မှကျစေမည်။ ၂၃ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားပြန့်လွင့်စေမည်။ ၂၄ ဗာဗုလုန်ရှင်ဘုရင်ကို ငါခိုင်မာစေ၍၊ ငါ့ဓါးကိုသူ့လက်၌ အပ်မည်။ ဖာရောမင်း၏ လက်ရုံးတို့ကို ငါချိုးသဖြင့်၊ သူသည်အသေသတ်ခြင်းကို ခံရသောသူ အော်ဟစ်သကဲ့သို့၊ ဗာဗုလန်ရှင်ဘုရင်ရှေ့မှာ အော်ဟစ်ရလိမ့်မည်။ ၂၅ ဗာဗုလုန် ရှင်ဘုရင်၏ လက်ရုံးတို့ကို ငါခိုင်မာစေမည်၊ ဖာရောဘုရင်၏ လက်မူကား၊ အောက်သို့ကျလိမ့်မည်။ ငါ့ဓါးကိုဗာဗုလုန်ရှင်ဘုရင်၏လက်၌ ငါအပ်၍၊ သူသည်အဲဂုတ္တုပြည်ကို ထိုဓါးနှင့်ခုတ်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ [A] ၂၆ ထိုသို့အဲဂုတ္တုလူတို့ကို အတိုင်းတိုင်းအပြည်ပြည်တို့၌ ငါကွဲပြားပြန့်လွင့်စေမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် [A] ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.