၁၀၃ မိန့်တော်မူချက်တို့သည် အကျွန်ုပ်အာခေါင်၌ အလွန်ချို ကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြပါ၏။
၁၁ ငါခင်ပွန်း၊ သင်၏နှုတ်ခမ်းသည်ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာနို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်းလေဗနုန်အမွှေးအကြိုင်ကဲ့သို့မွှေးကြိုင်လျက်ရှိ၏။
၉ ငါသည် ကောင်းကင်တမန်ထံသို့သွား၍၊ စာစောင်ငယ်ကိုပေးပါ၊ ဟုတောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပါးစပ်၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်၊ ဟုဆိုလျှင်၊
၁၂ တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသော စကားကို၎င်း၊ သူတို့သည် မကြားစေခြင်းငှါ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် အလွန်အမျက် ထွက်တော်မူ၏။
၁၉ ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကိုသွင်းပေးမည်။ သူတို့ ခန္ဓာကိုယ်ထဲကကျောက်နှလုံးကိုနှုတ်၍၊ အသားနှလုံးကိုပေးသောကြော့င်၊
၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ခန္ဓာထဲက ကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကိုပေးမည်။
၉ သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင် မြင်သောအမှုအရာတို့ကို မမေ့မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည် အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။ စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
s သိနာတောင်၌ ဘုရားစကားပြော
၆ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၄၆ သင်တို့အား ယနေ့ ငါသက်သေခံ သမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့ သားသမီးတို့သည် ဤပညတ်တရား စကားတော် အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။
၁၂ အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်ခြင်းငှါ သွန်သင်တော်မူပါ။
၂၁ သင့်မျက်မှောက်မှ မကွာစေနှင့်။ နှလုံးသွင်း၌ စောင့်ထားလော့။
၇ ဖြောင့်မတ်ခြင်းတရားကို သိ၍၊ ငါ့၏တရားကို နှလုံးသွင်း မိသောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။ လူတို့သည် အပြစ်တင်မည်၊ ဟုမစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။
၁၀ တဖန်အချင်းလူသား၊ သင့်အား ငါပြောလတံ့သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
၄ ထိုသူကအချင်းလူသား၊ စေ့စေ့ကြည့်ရှုလော။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်းလော့။ သင့်အား ငါ့ပြအံ့သောငှါ သင့်ကို ဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ။ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟု ဆို၏။
၂၃ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကို ကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီး တတ်သည်၊ ဟုဆိုလိုသတည်း၊ ဟုမိန့်တော်မူ၏။
s ရန်သူကြဲသော တောမျိုးစေ့
၈ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့် ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါး နှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်းကြလော့။
၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို၊ ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။