-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၅

အမ္မုန်အမျိုးသားတို့ထံပရောဖက်ပြုချက်
CROSS REFERENCES





CROSS REFERENCES






တဖန်ထာဝရဘုရား၏ နှုတ်ကပတ်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည်အမ္မုန်အမျိုးသားတို့တဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကို၎င်း၊ လူဆိတ်ညံခြင်းသို့ ရောက်သောဣသရေလပြည်ကို၎င်း၊ သိမ်းသွားခြင်းကိုခံရသော ယုဒအမျိုးကို၎င်း၊ အေဟေ့၊ ဟုသင်ဆိုမိသောကြောင့်၊ သင့်ကိုအရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည်သင်၏အထဲ၌ ဘုံဗိမာန်ကိုတည်ဆောက်၍ နေရာကျလိမ့်မည်။ သင်၏အသီးအနှံကိုစား၍၊ သင်၏နို့ကိုသောက်ကြလိမ့်မည်။ ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာငါဖြစ်စေမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်၊၊ [A] သင်သည်ဣသရေလပြည်ကို မနာလိုသောစိတ်အားကြီးလျက်၊ လက်ခုပ်တီးခြင်း၊ ​ခြေနှင့်ဆောင့်ခြင်းကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊ ငါသည်သင့်ကိုတိုက်၍ လူအမျိုးမျိုးလုယူဘို့ရာအပ်မည်။ လူနေရာ အတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကိုသုတ်သင်ပယ်ရှင်းမည်၊၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်၊ [A] ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


မောဘပြည်နှင့်ပတ်သက်၍
CROSS REFERENCES






တဖန်မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တပါးအမျိုးသားအပေါင်းတို့နှင့်တူသည်၊ ဟုဆိုသောကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော၊ ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။ ၁၀ ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်၊၊ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ။ ၁၁ မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည် [A] ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


ဧဒုံပြည်နှင့်ပတ်သက်၍

၁၂ တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ၊ ယုဒအမျိုးတဘက်၌နေ၍ အလွန်ပြစ်မှားသဖြင့် အပြစ်ဒဏ်စီရင်သောကြောင့်၊ ၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည်၊၊ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ဓါးဖြင့်ဆုံးရလိမ့်မည်။ ၁၄ ငါ၏လူ ဣသရေလအမျိုးအားဖြင့်၊ ဧဒုံပြည်ကို ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည်။ သူတို့သည် ငါ၏အမျက်အရှိန် အားကြီးသည်အတိုင်း၊ ဧဒုံပြည်ကို ပြုကြလိမ့်မည်။ ငါပေးသော အပြစ်ဒဏ်ကို သိရကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။


ဖိလိတ္တိလူတို့နှင့်ပတ်သက်၍
CROSS REFERENCES






၁၅ တဖန်လိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ်ပေးသောကြောင့်၊ ၁၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။ ၁၇ ပြင်းစွာသောဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကိုပေးမည်။ ထိုသို့ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ [A] ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.