-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၃


ဘုရား၏ခင်ပွန်းညီအစ်မနှစ်ယောက်
CROSS REFERENCES






တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ အမိမကွဲပြားသောညီအစ်မနှစ်ယောက်ရှိ၏။ သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကိုပြုကြ၏။ ထိုပြည်၌ သူတို့၏ သားမြတ်ကိုပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။ အစ်မကား၊ အဟောလ၊ ညီမကားအဟောလိဗအမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ [A] သားသမီးတို့ကိုဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗ အမည်သည် ယေရုရှလင်ဟူ၍၎င်း၊ ဆိုလိုသတည်း။


အဟောလကိုသူ့ရည်းစားအာရှုရိထံအပ်

အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသောမေထုန်ကိုပြု၏။ မိမိရည်းစားတည်းဟူသော၊ ပြာသော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ်သောလူ၊ မြင်စီးသူရဲတို့ကိုတပ်မက်၏။ ထိုအာရှုရိ လူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသောမေထုန်ကိုပြု၏။ တပ်မက်သောသူအပေါင်းတို့၏ ရုပ်တုများနှင့်ကိုယ်ကို ညစ်ညူးစေ၏။ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့်သင့်နေ၍၊ အပျိုမအသရေကိုရှုတ်ချသဖြင့်၊ အထပ်ထပ်မတရားသောမေထုန်ကို ပြုကြသည်နှင့်အညီ၊ အဲဂုတ္တုမေထုန်ကိုမစွန့်ပစ်၊ မှီဝဲလျက်နေ၏။ ထို့ကြောင့်၊ သူတပ်မက်သောရည်းစား၊ အာရှုရိလူတို့၌ သူ့ကိုငါအပ်၍၊ ၁၀ သူတို့သည်အဝတ်ကိုချွတ်ကြ၏။ သူ၏သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုဓါးနှင့်ကွပ်မျက်ကြ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမတကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။


ညီမဟောလိဗလည်းအစ်မကဲ့သို့တပ်မက်
CROSS REFERENCES






၁၁ ထိုအမှုကို ညီမဟောလိဗသည် မြင်သောအခါ၊ အစ်မထက်သာ၍ တပ်မက်သောစိတ်ရှိသည်နှင့်၊ အစ်မထက်သာ၍ မတရားသောမေထုန်ကိုပြု၏။ ၁၂ တင့်တယ်သောအဝတ်ကို ဝတ်သောအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကိုတပ်မက်၏။ ၁၃ ထိုအခါသူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မလိုက်သောလမ်း ကြောင်းသို့ လိုက်ကြောင်းကိုငါသိမြင်၏။ ၁၄ အထူးသဖြင့် မတရားသောမေထုန်ကို ပြုသောအကြောင်းအရာဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသောပန်းဆိုး ခေါင်းပေါင်းကိုပေါင်းလျက်၊ မွေးဖွားရာဌာန ခါလဒဲပြည်ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အသွင်ကိုဆောင်လျက်၊ ၁၅ အုတ်ထရံ၌ ဟင်းသပြင်တားနှင့်ရေးသော ခါလဒဲလူ၏ ရုပ်ပုံတို့ကိုမြင်သောအခါ၊ ၁၆ တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကိုစေလွှတ်လေ၏။ ၁၇ ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာ ခုတင်သို့လာ၍၊ မတရားသောမေထုန်ကို ပြုသောအားဖြင့်ညစ်ညူးစေကြ၏။ သူသည်လည်းထိုသူတို့ကို ရွံရှာသည်တိုင်အောင် ညစ်ညူးခြင်းကိုခံရလေသည်။ ၁၈ ထိုသို့မတရားသောမေထုန်ကိုပြုခြင်း၊ အဝတ်အချည်းစည်းရှိခြင်း [B] ကိုထင်ရှားဖော်ပြသောကြောင့်၊ ငါသည်သူ့အစ်မကို ရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။ ၁၉ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။ ၂၀ မြည်းအင်္ဂါနှင့်တူသောအင်္ဂါ၊ မြင်းသုတ်ရည်နှင့်တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင်တပ်မက်လေသည်တကား။



၂၁ သို့ဖြစ်၍၊ အိုဟောလိဗ၊ အဲဂုတ္တုပြည်လူတို့သည် သင့်အသရေကိုရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကိုပွတ်နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသောအဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊ ၂၂ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ သင်ရွံရှာသောရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ်တို့ကလာ၍တိုက်စေမည်။ ၂၃ အာရှုရိလူများနှင့်တကွအကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲလူများတည်းဟူသော၊ ချစ်ဖွယ်သောလူ၊ ဗိုလ်မင်း၊ ဝန်မင်း၊ မှူးကြီးမတ်ကြီး၊ မြင်စီးသူရဲအပေါင်းတို့သည်၊ ၂၄ စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်း နှင့် တကွလာ၍ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရားစီရင်သောအခွင့်ကို သူတို့၌ ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။ ၂၅ သူတို့သည် သင့်ကိုမယုံမည်အကြောင်း၊ ငါပြု၍ သင့်ကိုကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကိုဖြတ်၍ အကျန်အကြွင်းကို ဓါးနှင့်စဉ်းကြလိမ့်မည်။ သင်၏ သားသမီးတို့ကိုသိမ်းသွား၍၊ ကျန်ကြွင်းသောသူတို့ကို မီးရှို့ကြလိမ့်မည်။ ၂၆ သင်၏အဝတ်ကိုလည်းချွတ်၍၊ တင့်တယ်သောတန်ဆာတို့ကိုလည်း သိမ်းယူကြလိမ့်မည်။ ၂၇ ထိုသို့သင်သည် နောက်တဖန်မျှော်မကြည့်၊ အဲဂုတ္တုပြည်ကိုမအောက် မေ့စေခြင်းငှါ၊ သင်ပြုသောအဓမ္မအမှုနှင့်အဲဂုတ္တုပြည်မှာပါသောအဓမ္မမေထုန်ကိုငါငြိမ်းစေမည်။

၂၈ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသောသူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊ ၂၉ သူတို့သည်မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသောဥစ္စာတို့ကို သိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့လိုက်ခြင်း အရာသည်ထင်ရှားရလိမ့်မည်။ ၃၀ သင်သည်တပါးအမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ငါစီရင်မည်။ ၃၁ သင်သည်အစ်မလိုက်သောလမ်းကို လိုက်သောကြောင့်၊ သူသောက်သောခွက်ကိုသင့်လက်၌ ငါထားမည်။ ၃၂ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အစ်မသောက်သောခွက်၊ ကျယ်၍စောက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကိုခံရမည်။ ၃၃ သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေစေသောခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။ ၃၄ ထိုခွက်ကိုသောက်၍ စုတ်ပြီးမှခွက်ခြင်းကိုကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီ၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၃၅ သို့ဖြစ်၍၊ သင်သည်မေ့လျော့၍၊ သင့်ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည်အဓမ္မအမှုနှင့် မတရားသောမေထုန်အမှု၏ အပြစ်ကိုခံလော့၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၃၆ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်သူသည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့်အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြရမည်။ ၃၇ အကြောင်းမူကား၊ သူတို့သည် နောက်မီးလင်းကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏၊ ရုပ်တုတို့နှင့်ပင် နောက်မီးလင်းကြပြီ။ ငါ့အဘို့ဖွားမြင်သောသားတို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ၊ ၃၈ ထိုမှတပါး ငါ၌ပြုသောအမှုတို့ဟူမူကား၊ ထိုနေ့ခြင်းတွင်ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ ငါ၏ဥပုသ်နေ့ကိုရှုတ်ချကြ၏။ ၃၉ ကိုယ့်သားသမီးတို့ကို ရုပ်တုရှေ့တွင်သတ်ပြီးမှ ထိုနေ့ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါလာကြ၏။ ထိုသို့ငါအိမ်တော်အလယ်၌ ပြုကြပြီတကား။ ၄၀ ထိုမှတပါး သင်သည် တမန်တို့ကိုစေလွှတ်၍၊ ဝေးသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည်လာကြ၏။ သူတို့အဘို့ သင်သည်ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကိုပြုပြီးလျှင်၊ ၄၁ အသရေရှိသော ခုတင်ပေါ်၌ ထိုင်၍ ငါ့နံ့သာပေါင်းနှင့် ငါ့ဆီကိုတင်သော စားပွဲကို ခုတင်ရှေ့မှာခင်းလေ၏။ ၄၂ ပျော်မွေ့လျက်နေသော လူအလုံးအရင်း မြည်သံကိုလည်းကြားရ၏။ အခြားသောသူအများတို့နှင့်အတူ တောကလာ၍ လက်၌လက်ကောက်၊ ခေါင်း၌တင့်တယ်သောသရဖူကို ဆောင်းသောသေသောက်ကြူးတို့လည်းပါကြ၏။

၄၃ ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍မတရားသောမေထုန်ကို ပြုကြလိမ့်မည်လော၊ ဟုအိုသည်တိုင် အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ဆိုသော်၊ ၄၄ ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျားဝင်တတ်သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမ အဟောလနှင့် အဟောလိဗရှိရာသို့ဝင်ကြ၏။ ၄၅ သို့ဖြစ်၍ နောက်မီးလင်းသောမိန်းမ၊ လူ့အသက်ကို သတ်သောအပြစ်ရှိသော မိန်းမဖြစ်သောကြောင့်၊ နောက်မီးလင်းသောမိန်းမ၊ လူအသတ်ကိုသတ်သောမိန်းမကို စီရင်သကဲ့သို့၊ ​ဖြောင့်မတ်သောသူတို့သည် စီရင်ကြလိမ့်မည်။ ၄၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမတို့ရှိရာသို့ လူအလုံးအရင်းကိုငါချီစေ၍၊ လုယက်သိမ်းသွားစေခြင်းငှါ အခွင့်ပေးမည်။ ၄၇ ထိုအလုံးအရင်းသည်မိန်းမတို့ကို ခဲနှင့်ပစ်၍၊ ဓါးနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ်တို့ကိုလည်း မီးရှို့ကြလိမ့်မည်။ ၄၈ ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ၊ သင်တို့အဓမ္မအမှုကို တပြည်လုံး၌ ငါပယ်ရှင်းမည်။ ၄၉ လူအလုံးအရင်းသည် သင်တို့အဓမ္မအမှု၏ အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့်ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည်အရှင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.