-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၂


CROSS REFERENCES






တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ လူ့အသက်ကိုသတ်တတ်သောမြို့ကိုသင်သည်စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြလော့။ အရှင် ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကို ညစ်ညူးစေဖို့မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊ သင်သည်လူအသတ်ကိုသတ်သောအားဖြင့်အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့်ညစ်ညူးခြင်းရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကိုကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည်သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင်ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။ အိုအသရေပျက်၍နှောက်ယှက်ခြင်းကိုခံရသောသင့်ကို၊ အဝေးအနီး၌ နေသောသူတို့သည်ပျက်ချော်ကြလိမ့်မည်။ ဣသရေလမင်းသားတို့သည်အသီးအသီးအခွင့်တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကိုသတ်တတ်ကြ၏။ သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုတတ်ကြ၏။ တပါးအမျိုးသားတို့ကိုအနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူနှင့်မုဆိုးမတို့ကိုညှဉ်းဆဲကြ၏။ သင်သည်ငါ၏သန့်ရှင်းသောအရာတို့ကိုမထီမဲ့မြင်ပြုပြီ။ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချပြီ။ သင့်အလယ်၌ လူအသက်ကိုသတ်လို၍ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မအမှုကိုပြုသောသူရှိကြ၏။ ၁၀ သင့်အလယ်၌ အဘ၏မယားကိုပြစ်မှားကြ၏။ ဥတုရောက်သောမိန်းမနှင့်မှားယွင်းကြ၏။ ၁၁ သင့်အလယ်၌ အချို့တို့သည်အိမ်နီးချင်းမယားကိုပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့်ဆိုးညစ်သောအဓမ္မအမှုကိုပြုကြ၏။ အချို့တို့သည်မိမိနှမ၊ အဘသမီးကိုရှုတ်ချကြ၏။ ၁၂ သင့်အလယ်၌ လည်းလူအသက်သတ်ခကိုခံကြ၏။ အတိုးစား၍ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ဥစ္စာကိုလုယူကြ၏။ ငါ့ကိုလည်းမေ့လျော့ ကြ၏။ ၁၃ သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ်၌ သွန်းသောအသွေးကြောင့်ငါလက်ခုပ်တီး၏။ ၁၄ သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည်ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်းအားကြီးနိုင်သလော။ ငါထာဝရဘုရားသည်အမိန့်တော်ရှိသည်အတိုင်းပြုမည်။ ၁၅ သင့်ကိုလည်းအတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ကွဲပြားစေမည်။ သင်၏ အညစ်အ​ကြေးကိုလည်းပယ်ရှင်းမည်။ ၁၆ လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည်ကိုယ်တိုင်အသရေရှုတ်ချခြင်းကိုခံရ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရလိမ့်မည် [A] ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၁၇ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၈ အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည်မိုက်ထဲ၌ ထည့်သော​ကြေးနီ၊ ​ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့်ကွာသောချော်ဖြစ်ကြ၏။ ၁၉ ထိုကြောင့်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့အပေါင်းသည်ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။ ၂၀ ငွေ၊ ​ကြေးနီ၊ ​ကြေးဖြူ၊ သံ၊ ခဲတို့ကိမီးမှုတ်၍အရည်ကြိုခြင်းငှါမိုက်ထဲ၌ စုထားသကဲ့သို့၊ ထို့အတူငါသည်ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကိုထိုမြို့၌ စုထား၍အရည်ကြိုမည်။ ၂၁ အကယ်စင်စစ်စုထားပြီးမှငါ့အမျက်မီးကိုမှုတ်၍၊ သင်တို့သည်မြို့ထဲမှာအရည်ကျိုခြင်းကိုခံကြလိမ့်မည်။ ၂၂ ငွေကိုမိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည်မြို့ထဲမှာအရည်ကျိုခြင်းကိုခံရသဖြင့်၊ ငါထာဝရဘုရားသည်သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကိုသွန်းလောင်းသည်ကို သိရကြလိမ့်မည်ဟုမိန့်တော်မူ၏။
CROSS REFERENCES






၂၃ တဖန်အရှင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၂၄ အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက်ထွက်သောနေ့၌ မိုးမရွာ၊ သင်သည်မိုးရေကိုမခံရသောပြည်ဖြစ်၏။ ၂၅ ထိုပြည်အလယ်၌ ပရောဖက်တို့သည်သင်းဖွဲ့ခြင်းကိုပြုကြပြီ။ ဟောက်၍အကောင်ကိုကိုက်ဖြတ်သောခြင်္သေ့ကဲ့သို့လူတို့ကိုကိုက်စားကြ၏။ ဘဏ္ဍာများနှင့်အဘိုးထိုက်သောဥစ္စာများကိုလုယူကြ၏။ ပြည်အလယ်၌ မုဆိုးမတို့ကိုများပြားစေကြ၏။ ၂၆ ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာကိုလည်းညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကိုမပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကိုရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်းမျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည်ရှုတ်ချခြင်းကိုခံရ၏။ ၂၇ မင်းတို့သည်လည်းအကောင်ကိုကိုက်ဖြတ်သောတောခွေးကဲ့သို့ပြည်အလယ်၌ ဖြစ်၍၊ မတရားသောစီးပွားကိုရှာလိုသောငှါလူအသက်ကိုသတ်၍၊ သူတပါးတို့ကိုသုတ်သင်ပယ်ရှင်းတတ်ကြ၏။ ၂၈ ပရောဖက်တို့ကလည်း၊ [B] အရှင်ထာဝရဘုရားမိန့်တော်မူသည်၊ ဟုထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောလျက်၊ သူတို့ကိုအင်္ဂတေနှင့်မွမ်းမံကြ၏။ ၂၉ ပြည်သူပြည်သားတို့သည်လည်းညှဉ်းဆဲခြင်း၊ ဓားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကိုနှိပ်စက်ခြင်း၊ တပါးအမျိုးသားတို့အားမတရားသဖြင့်ညှဉ်းဆဲခြင်းကိုပြုကြ၏။ ၃၀ ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါကာကွယ်သောသူ၊ မြို့ရိုးပျက်ပေါ်မှာရပ်၍ဆီးတားသောသူတယောက်ကိုမျှငါရှာ၍မတွေ့။ ၃၁ ထိုကြောင့်၊ ငါ့အမျက်ကိုငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့်သူတို့ကိုရှို့၍၊ သူတို့အပြစ်ကိုသူတို့ခေါင်းပေါ်သို့ရောက်စေမည်၊ ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.