-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၁



တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသောအရပ်ဌာနတို့တဘက်၌ မြွက်ဆို၍ဣသရေလပြည်တဘက်၌ ဟောပြောလော့။ အရှင်ထာဝရဘုရား ၏အမိန့်တော်ကိုဣသရေလပြည်အားဆင့်ဆိုရမည်မှာ၊ ငါသည်သင့်ကိုရန်ဘက်ပြုလျက်၊ ငါ့ဓါးကိုဓါးအိမ်မှထုတ်၍၊ သင်၌ တရားသောသူ၊ မတရားသောသူတို့ကိုပယ်ဖြတ်သည်။ ထိုသို့သင်၌ တရားသောသူ၊ မတရားသောသူတို့ကိုပယ်ဖြတ်စရာ အကြောင်းရှိသောကြောင့်၊ ငါ့ထားသည်တောင်ဘက်မှသည်မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကိုရန်ဘက်ပြု၍မိမိအိမ်မှထွက်ရလိမ့်မည်။ ငါထာဝရဘုရားသည်ငါဓါးကိုသူ့အိမ်မှထုတ်ကြောင်းကိုသတ္တဝါအပေါင်းတို့သိရကြလိမ့်မည်။ ထိုထားသည်နောက်တဖန်အိမ်သို့မပြန်ရ။ သို့ဖြစ်၍၊ အချင်းလူသားညည်းတွားသံကိုပြုလော။ ခါးကျိုးလျက်၊ နှလုံး​ကြေကွဲလျက်၊ သူတို့ရှေ့မှာညည်းတွားသံကိုပြုလော့။ သူတို့ကလည်း၊ အဘယ်ကြောင့်ညည်းတွားသနည်းဟုသင့်ကိုမေးသောအခါ၊ သင်က၊ ငါသည်သိတင်းစကားကြောင့်ညည်းတွား၏။ အမှုနီးပြီ၊ လူအပေါင်းတို့သည်ကြောက်အားကြီး၍ လက်အားလျော့ကြလိမ့်မည်။ စိတ်ပျက်၍ဒူးသည်လည်းအရည်ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင် ထာဝရဘုရားဗျာဒိတ်တော်မူကြောင်းကိုပြန်ပြောလော့ဟုမိန့်တော်မူ၏။

တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ပရောဖက်ပြု၍အရှင်ထာဝရဘုရားအမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ထားတော်ကိုထက်စွာသွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။ ၁၀ ထက်၍ အထူးသဖြင့်လုပ်ကြံစေခြင်းငှါသွေးလေပြီ။ ပြောင်၍အရောင်တောက်စေခြင်းငှါလည်းပွတ်လေပြီ။ ငါ့သား၏ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကိုပြုရမည်လော။ ထိုထားသည်သစ်သားရှိသမျှတို့ကိုမထီမဲ့မြင်ပြုတတ်၏။ ၁၁ သုံးစရာဘို့ပွတ်စေခြင်းငှါ အပ်ထားပြီ။ လုပ်ကြံသောသူ၌ အပ်ထားခြင်းငှါထက်စွာလည်းသွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။ ၁၂ အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏လူတို့၌ ရောက်လိမ့်မည်။ ဣသရေလမင်းသားအပေါင်းတို့၌ လည်းရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏ လူတို့ကို ထား၌ အပ်လေ၏။ ထိုကြောင့်၊ သင်၏ ပေါင်ကို ရိုက်လော့။ ၁၃ စုံစမ်းခြင်း အမှု ဖြစ်၏။ ထားတော်သည်လှံတံကိုမရိုမသေပြုလျှင်အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၁၄ သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍လက်ခုပ်တီးလော့။ ထားတော်သည်နှစ်ခေါက်သုံးခေါက်ရောက်ရ၏။ သူရဲထား၊ အားကြီးသောသူရဲထားဖြစ်၏။ သူတို့ကိုဝန်းရံထားသောထားဖြစ်သည်။ ၁၅ သူတို့စိတ်ပျက်၍အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ၊ ဓါးဘေးကိုမြို့တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ထားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဘို့ပွတ်ထားလျက်ရှိ၏။ ၁၆ စုဝေးလော့။ လကျ်ာဘက်သို့ခုတ်လော့။ ပြင်ဦးလော့၊ လက်ဝဲဘက်အစရှိသောသင်၏အသွားမျက်နှာပြုသမျှဘက်သို့ခုတ်လော့။ ၁၇ ငါသည်လည်းလက်ချင်းရိုက်၍၊ ငါ့ဒေါသအရှိန်ကိုငြိမ်းစေမည်။ ထိုသို့ငါထာဝရဘုရားမိန့်တော်မူပြီ။
CROSS REFERENCES






၁၈ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၉ အချင်းလူသားဗာဗုလုန်ရှင်ဘုရင်၏ထားသွားရာလမ်းတို့နှစ်လမ်းကိုမှတ်သားလော့။ လမ်းနှစ်လမ်းတို့သည်ပြည်တပြည်ထဲကထွက်ရမည်။ မြို့ကိုသွားသောလမ်းခွ၌ အရပ် တခုကိုရွေးလော့။ ၂၀ အမ္မုန်ပြည်၌ ရဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သောယေရုရှလင်မြို့သို့၎င်းထားရောက်ရာလမ်းကို မှတ်သားလော့။ ၂၁ ဗာဗုလုန်ရှင်ဘုရင်သည်ဗေဒင်တွက်ခြင်းငှါလမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြှားတို့ကို ရောနှော၏။ တရပ်ရုပ်တုတို့ကိုမေးမြန်း၏။ အသည်းကိုခွဲကြည့်ရှု၏၊ ၂၂ ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကိုမှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော်အော်ဟစ်စေခြင်းငှါ၎င်း၊ မြို့တံခါးတဘက်တချက်ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ ရဲတိုက်ကိုဆောက်စေခြင်းငှါ၎င်း၊ လကျ်ာဘက်၌ ယေရုရှလင်မြို့အဘို့ဗေဒင်တွက်၍နေရာကျ၏။ ၂၃ သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့သည်၊ ထိုဗေဒင်တွက်ခြင်းကို၊ အချည်းနှီးသော ဗေဒင်တွက်ခြင်းကဲ့သို့မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ကိုဖမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသောအပြစ်ကိုအောက်မေ့လိမ့်မည်။ ၂၄ သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည့်တိုင်အောင်၊ သင်တို့သည်မိမိတို့ဒုစရိုက်အပြစ်ကိုသူတပါးအောက်မေ့စေ၍၊ မိမိတို့လွန်ကျူးခြင်းအမှုများကိုဖော်ပြလျက်၊ မိမိတို့ကိုသူတပါး အောက်မေ့စေသောကြောင့်၊ ထိုရှင်ဘုရင်လက်သို့ရောက်ရကြလိမ့်မည်။ ၂၅ အချင်းဆိုးယုတ်သောအဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလ ရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။ ၂၆ ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ နောက်တဖန်မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကိုနှိမ့်ချရမည်။ [A] ၂၇ နိုင်ငံကိုဆုံးရှုံးစေခြင်းငှါ၎င်း၊ အစိုးပိုင်သောသူမရောက်မှီတိုင်အောင်၎င်း၊ ငါမှောက်လှန်မည်။ မှောက်လှန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၂၈ အချင်းလူသား၊ အရှင်ထာဝရဘုရားသည်အမ္မုန်အမျိုးသားတို့ကို၎င်း၊ ၂၉ သူတို့ကဲ့ရဲ့ခြင်းကို၎င်းရည်မှတ်၍မိန့်တော်မူသောစကားကိုပရောဖက်ပြု၍ဆင့်ဆိုရသည်မှာ၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလရောက်၍အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကိုခံရသောအဓမ္မလူတို့၏လည်ပင်းပေါ်မှာ၊ သင့်ကိုနေရာကျစေခြင်းငှါ၊ သင့်အဘို့အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသာစကားကိုဟောပြောစဉ်တွင်၊ ထားတော်သည်လုပ်ကြံဖို့ရာထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာအရောင်တောက်သည် တိုင်အောင်ပြောင်စွာပွတ်လေပြီ။ ၃၀ သင့်ဓါးကိုအိမ်သို့ပြန်စေလော့။ သင့်ကိုငါဖန်ဆင်းသောအရပ်၊ မွေးဖွားရာဌာန၌ သင့်ကိုငါစီရင်ရမည်။ ၃၁ သင့်အပေါ်သို့ငါ့အမျက်ကိုငါသွန်းလောင်းမည်။ ငါ့ဒေါသမီးဖြင့်သင့်ကိုမှုတ်မည်။ ကြမ်းတမ်းသော သဘောရှိ၍ဖျက်ဆီးတတ်သောသူတို့လက်သို့အပ်မည်။ ၃၂ သင်သည်မီးမွေးဖို့ထင်းဖြစ်ရလိမ့်မည်။ သင့်အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တဖန်အဘယ်သူမျှမအောက်မေ့ရဟုငါထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.