-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၂၀


CROSS REFERENCES






သက္ကရာဇ်ခုနစ်ခု၊ ပဥ္စမလဆယ်ရက်နေ့တွင်ဣသရေလအမျိုးအသက်ကြီးသူတို့သည်ထာဝရဘုရားအားမေးလျှောက်ခြင်းငှါလာ၍၊ ငါ့ရှေ့မှာထိုင်နေကြ၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဣသရေလအမျိုးအသက်ကြီးသူတို့အားဆင့်ဆိုရမည်မှာသင်တို့သည်ငါ့ထံ၌ မေးလျှောက်ကြခြင်းငှါလာကြသလော။ ငါအသက်ရှင်သည်အတိုင်းသင်တို့မေးလျှောက်ခြင်းကိုငါမခံ။ သင်အချင်းလူသား၊ သင်သည်သူတို့ကိုစစ်ကြောလော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဘူးသောစက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကိုဖေါ်ပြ၍၊ အရှင်ထာဝရ ဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးကိုငါရွေးကောက်၍အဲဂုတ္တုပြည်၌ သူတို့ကိုထင်ရှားလျက်၊ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သည်၊ ဟုယာကုပ်အမျိုးသားတို့အားကျိန်ဆိုသည်ကာလ၊ သူတို့ကိုအဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည်တကာတို့၏အထွတ်ဖြစ်၍ နို့နှင့်ပျားရည်စီးသောပြည်၊ [A] သူတို့အဘို့ငါကြည့်ရှုသောပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊ သင်တို့အသီးအသီး ဖူးမျှော်သောစက်ဆုပ်ရွံရှာဘွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် သင်တို့ကိုယ်ကိုမညစ်နွမ်းစေနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏ဟုငါဆိုသော်လည်း၊ သူတို့သည်နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးအသီးဖူးမြင်သောစက်ဆုပ်ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုတို့ကို၎င်း၊ မစွန့်ပစ်ဘဲ နေကြ၏။ ထိုကြောင့်သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာသူတို့အပေါ်သို့ငါ့အမျက်တော်ကိုသွန်းလောင်းမည်ဟုငါအကြံရှိ၏။ သို့ရာတွင်သူတို့နေသောတပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသေရေကိုမပျက်စေခြင်းငှါငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာထင်ရှားလျက်၊ သူတို့ကိုအဲဂုတ္တုပြည်မှနှုတ်ဆောင်လေ၏။

၁၀ အဲဂုတ္တုပြည်မှနှုတ်ဆောင်၍တောသို့ရောက်သောအခါ၊ ၁၁ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုငါဖေါ်ပြ၏။ ၁၂ ထိုမှတပါးငါထာဝရဘုရားသည်သူတို့ကိုသန့်ရှင်းစေသည်ဟုသူတို့သည်သိမည်အကြောင်း၊ ငါနှင့်သူတို့စပ်ကြားမှာလက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကိုငါခန့်ထား၏။ ၁၃ သို့ရာတွင် ဣသရေလ အမျိုးသည် တော၌ ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်း ဖြစ်သော ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင် ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို အလွန် ရှုတ် ချကြ၏။ ထိုအခါ သူတို့ ဖျက်ဆီးခြင်းငှါ၊ တော၌ သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်၊ ဟုအကြံရှိ၏။ ၁၄ သို့ရာတွင် ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို မြင်သော တပါးအမျိုးသားတို့ ရှေ့မှာ ငါ၏ နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော် အတွက် စီရင်လေ၏။ ၁၅ တဖန် ပြည်တကာတို့၏အထွတ်ဖြစ်၍၊ နို့နှင့်ပျားရည်စီးသောပြည်၊ သူတို့အား ငါပေးသောပြည်သို့ မပို့ဆောင်နိုင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။ ၁၆ အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့ကို ရှုတ်ချကြ၏။ ၁၇ သို့သော်လည်း၊ ငါသည် သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ ဆုံးရှုံးစေခြင်းငှါမပြု။

၁၈ သားမြေးတို့အားလည်း၊ သင်တို့၏ ဘိုးဘေးစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ ရုပ်တုများအားဖြင့် ကိုယ်ကို မညစ်ညူး စေကြနှင့်။ ၁၉ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ၏ စီရင်ထုံးဖွဲ့ ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။ ၂၀ ငါ၏ ဥပုသ်နေ့တို့ ကိုလည်း သန့်ရှင်းစေလော့။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်၊ ဟုသင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့ စပ်ကြားမှာ လက္ခဏာ သက်သေ ဖြစ်စေကြလော့၊ ဟုငါဆို၏။ ၂၁ သို့သော်လည်း၊ သူတို့၏သား မြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်း ဖြစ်ကျင့်သော သူတို့၌ အသက်ရှင်စရာ အကြောင်း ဖြစ်သော ငါ၏ စီရင်ထုံးဖွဲ့ ချက်တို့ကို မစောင့်ရှောက်၊ မကျင့်ကြံဘဲ နေ၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ ထိုအခါ ငါသည် သူတို့၌ ဒေါသစိတ်ကို ပြေစေခြင်းငှါ၊ တောထဲမှာ ငါ၏ အမျက်အရှိန်ကို သူတို့ အပေါ်သို့ သွန်းလောင်းမည်၊ ဟုအကြံရှိ၏။ ၂၂ သို့ရာတွင် ငါနှုတ်ဆောင်ခြင်း ကျေးဇူးသိမြင်သော တပါးအမျိုးသားတို့ ရှေ့မှာ ငါ၏ နာမအသရေကို မပျက်စေခြင်းငှါ ငါသည် နာမတော် အတွက် ပြု၍ သည်း ခံလျက် နေ၏။ ၂၃ တဖန် ငါသည် သူတို့ကို အတိုင်း တိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ ကျိန်ဆို၏။ ၂၄ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက် မထီမဲ့မြင် ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ ၂၅ ထိုကြောင့် မကောင်းသော စီရင်ချက်၊ အသက်မရှင် ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။ ၂၆ ငါသည် ထာဝရဘုရား ဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကို ဖျက်ဆီးခြင်းငှါ၊ သူတို့သည် သား ဦး အပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင် သူတို့ ပူဇော်သက္ကာများအားဖြင့် ငါညစ်ညူးစေ၏။

၂၇ သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလ အမျိုးတို့အား ဆင့်ဆိုရမည်မှာ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကို အထပ်ထပ်ပြစ်မှား၍ ရှုတ်ချကြသည် တကား။ ၂၈ သူတို့ အားပေးခြင်းငှါ ငါကျိန်ဆိုသော ပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည် မြင့်သော တောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါနကို တင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူ ဇော်သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။ ၂၉ ငါကလည်း သင်တို့ သွားတတ်သော မြင့်ရာအရပ်ကာ အဘယ်သို့ နည်း၊ ဟုမေးတတ်သော်လည်း၊ ယနေ့ တိုင်အောင်မြင့်ရာအရပ် ဟုဆိုလိုသော ဗာမာအမည်ဖြင့် သမုတ်ကြ၏။

၃၀ သို့ဖြစ်၍ သင်သည် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလ အမျိုး၊ သင်သည် ဘိုးဘေးတို့ ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကို ပြု၍ မှားယွင်းလျက်၊ ၃၁ ပူဇော်သက္ကာပြုသဖြင့်၎င်း၊ ကိုယ်သားသမီးတို့ကို မီးဖြင့် ပူဇော်သဖြင့်၎င်း၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက် ရှိကြစဉ်တွင်၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက်ရှင်သည် အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။ ၃၂ ငါတို့သည် တပါးအမျိုးသား ကဲ့သို့၎င်း၊ သစ်သား ဘုရား၊ ကျောက်ဘုရားကို ဝတ်ပြုသော ပြည် သူပြည်သားများကဲ့သို့၎င်း ဖြစ်မည်၊ ဟုသင်တို့ ကြံစည်သည် အတိုင်း ကြံစည်မမြောက်ရ၊ ၃၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည် အတိုင်း အကယ်စင်စစ် အားကြီးသော လက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။ ၃၄ သင်တို့ ကွဲပြားလျက် နေသည် အတိုင်း တိုင်း အပြည် ပြည်တို့ မှ သင်တို့ကို အားကြီးသော လက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်နှင့် ငါဆောင်ခဲ့၍ စုဝေးစေမည်၊ ၃၅ လူ အမျိုးမျိုးနှင့် ဆိုင်သော တောသို့ ဆောင်ခဲ့၍၊ ကိုယ်တိုင် ကိုယ်ကြပ်တရားတွေ့မည်။ အဲဂုတ္တု ပြည်နှင့်ဆိုင်သောတော၌ သင်တို့၏ဘိုးဘေးများနှင့် တရားတွေ့သကဲ့သို့ သင်တို့နှင့် တရားတွေ့မည်။ ၃၇ နှင်တံအောက်မှာ လျှောက်သွားစေ၍ ပဋိညာဉ်အချည်အနှောင်ကို ခံစေမည်။ ၃၈ ငါ့ကို ပုန်ကန်၍ ပြစ်မှားသော သူတို့ကို သင်တို့ အထဲကနှုတ်ပယ်မည်။ သူတို့သည်လည်း တည်းနေသော ပြည်မှ ထွက်သွားရသော်လည်း ဣသရေလ ပြည်သို့ မဝင်ရကြ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ကို သိရကြလိမ့်မည်။

၃၉ အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သွားကြလော့။ အသီးသီးမိမိတို့ ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင်၊ အကယ်စင်စစ် နောက်တဖန် ငါ့စကားကို နားမထောင်သော်လည်း၊ ငါ၏ သန့်ရှင်းသော နာမတော်ကို သင်တို့ ပူဇော်သက္ကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲ နေရကြလိမ့်မည်။ ၄၀ အကြောင်းမူကား၊ ငါ၏ သန့်ရှင်းသော တောင်၊ အမြင့်ဆုံးသော ဣသရေလ တောင်ပေါ်မှာ ဣသရေလ အမျိုးသား ပြည် သူပြည်သား အပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်း လက်ခံ၍၊ ထိုအရပ်၌ သင်တို့ ပြုသော ပူဇော်သက္ကာများ၊ အဦးသီးသော အသီးတွင် ရွေး၍ ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့ သန့်ရှင်းသောအရာ ရှိသမျှတို့ကို ငါတောင်းမည်။ ၄၁ သင်တို့သည် ကွဲပြားလျက် နေသော အတိုင်း တိုင်း အပြည် ပြည်တို့ မှ ငါဆောင် ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည် လက်ခံ၍၊ သင်တို့အားဖြင့် တပါးအမျိုးသားတို့ ရှေ့မှာ၊ ဂုဏ်သရေထင်ရှားခြင်းရှိလိမ့်မည်။ ၄၂ သင်တို့၏ ဘိုးဘေးတို့ အားပေးခြင်းငှါ၊ ကျိန်ဆိုသော ဣသရေလ ပြည်သို့ သင်တို့ကို ဆောင်သွင်းသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြ လိမ့်မည်။ ၄၃ သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။ ၄၄ အို ဣသရေလ အမျိုးသားတို့၊ သင်တို့၏ ဒုစရိုက်များ၊ သင်တို့ ဆိုးညစ်သော အကျင့်များနှင့် အညီ ငါသည် သင်တို့ကို မစီရင်၊ ကိုယ်နာမကို ထောက်၍ စီရင်သောအခါ ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်၊ ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။

၄၅ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ၄၆ အချင်း လူသား၊ တောင်ဘက်သို့ မျက်နှာပြုလျက်၊ တောင်မျက်နှာတဘက်၌ မြွက်ဆို၍၊ တောင်ပြည်၌ ရှိသော တောတဘက်၌ ဟောပြောလော့။ ၄၇ အရှင်ထာဝရဘုရား အမိန့်တော်ကို တောင်ပြည်၌ ရှိသော တောအား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသော အပင်၊ သွေ့​ခြောက်သော အပင်ရှိသမျှလောင်လိမ့်မည်။ တောက်သော မီးလျှံသည် မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည်။ ၄၈ ထိုမီးကို ငါထာဝရဘုရား ညှိကြောင်းကို သတ္တဝါ အပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည် မငြိမ်းရ၊ ဟုမိန့်တော်မူ၏။ ၄၉ ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ သူတို့က ဤသူတို့သည် ပုံပမာကိုသာဆောင်၍ ဟောပြောတတ်သည် မဟုတ်လော၊ ဟုအ​ကျွန်ုပ်ကို ရည်မှတ်၍ ဆိုတတ်ကြပါသည်၊ ဟုလျှောက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.