-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၈



တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အဘတို့သည်ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည်သွာကျိန်းလျက်ရှိကြ၏ဟုသင်တို့သည်ဣသရေလပြည်ကိုရည်မှတ်၍စကားပုံကိုသုံးသောအခါအဘယ်သို့ဆိုလိုသနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်းနောက်တဖန်ဣသရေလပြည်၌ ထိုစကား ပုံကိုသုံးရသောအကြောင်းမရှိရ။ ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည်အသက်သေရမည်။ လူမည်သည်ကား၊ သဘောဖြောင့်၍တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင်၎င်း၊ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သောရုပ်တုတို့ကိုမဖူးမမျှော်၊ သူ့မယားကိုမပစ်မှား၊ ဥတုရောက်သောမိန်းမကိုမချဉ်းကပ်၊ အဘယ်သူကိုမျှမညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကိုပြန်၍မပေးမနေ၊ သူ့ဥစ္စာကိုအနိုင့်အထက်မလုမယူ။ ငတ်မွတ်သောသူကို​ကျွေးမွေး၍၊ အဝတ်မရှိသောသူကိုအဝတ်နှင့်ဖုံးလွှမ်းလျှင်၎င်း၊ အတိုးစား၍ငွေကိုမချေး၊ အဓမ္မအမှုကိုလက်မခံ၊ သူတပါးအမှုကိုတရားသဖြင့်စီရင်ခြင်း၊ ငါစီရင်ထုံးဖွဲ့သည်အတိုင်း ကျင့်၍သစ္စာစောင့်သိခြင်းကိုပြုလျှင်၎င်း၊ ထိုသူသည်ဖြောင့်မတ်သောသူဖြစ်၏။ အကယ်စင်စစ်အသက်ရှင်ရလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၁၀ သို့ရာတွင်၊ ထိုသူ၏သားသည်ထားပြတိုက်သောသူ၊ လူ့အသက်ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသောဒုစရိုက်တစုံတခုကိုပြုသောသူ၊ ၁၁ အရင်ဆိုခဲ့ပြီးသောသုစရိုက်ကိုမပြု၊ တောင်ပေါ်မှာစားခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ၁၁ ဆင်းရဲ ငတ်မွတ်သောသူကိုညှဉ်းဆဲခြင်း၊ သူ့ဥစ္စာကိုအနိုင်အထက်လုယူခြင်း၊ ပေါင်ထားသောဥစ္စာကိုပြန်မပေးဘဲနေခြင်း၊ ရုပ်တုကိုဖူးမျှော်ခြင်း၊ ရွံရှာဘွယ်သောအမှုကိုပြုခြင်း၊ ၁၃ အတိုးစား၍ငွေချေးခြင်းကိုပြုသောသူဖြစ်လျှင်၊ အသက်ရှင်ရမည်လော။ အသက်မရှင်ရ။ ထိုရွံရှာဖွယ်သောအမှုများကိုပြုသောကြောင့်၊ စင်စစ်အသေသတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

၁၄ သို့ရာတွင်၊ ထိုသူ၏သားသည်အဘပြုသမျှသောဒုစရိုက်တို့ကိုမြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သောအမှုတို့ကိုမပြု၊ ၁၅ တောင်ပေါ်မှာမစား၊ ဣသရေလအမျိုးကိုးကွယ်သောရုပ်တုတို့ကိုမဖူးမမျှော်၊ သူ့မယားကိုမပြစ်မှား။ ၁၆ အဘယ်သူကိုမျှမညှဉ်းဆဲ၊ ပေါင်ထားသောဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကိုအနိုင်ထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကိုအဝတ်နှင့်ဖုံးလွှမ်းခြင်း၊ ၁၇ ဆင်းရဲသောသူကိုချမ်းသာပေးခြင်း၊ အတိုးမစားဘဲငွေချေးခြင်းကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကိုစောင့်ရှောက်လျှင်၊ ထိုသူသည်အဘ၏အပြစ်ကြောင့်အသေခံရမည်မဟုတ်။ စင်စစ်အသက်ရှင်ရလိမ့်မည်။ ၁၈ အဘမူကား၊ မိမိညီအစ်ကိုအထပ်ထပ်ညှဉ်းဆဲလျက်၊ သူ့ဥစ္စာကိုအနိုင်အထက်လုယူလျက်၊ မိမိအမျိုးသားချင်းတို့တွင် မကောင်းသောအမှုကိုပြုသောအပြစ်ကြောင့်အသေသတ်ခြင်းကိုခံရမည်။ ၁၉ သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည်အဘ၏အပြစ်ကိုမခံရသလောဟုမေးကြသော်လည်း၊ သားသည်တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်းကျင့်စောင့်လျက်၊ စင်စစ်အသက်ရှင်ရလိမ့်မည်။ ၂၀ ပြစ်မှားသောသူသည်အသေခံရမည် ။ သားသည် အဘ၏အပြစ်ကိုမခံရ။ အဘသည်သား၏အပြစ်ကိုမခံရ။ တရားသောသူသည်တရားစွာပြုခြင်းအကျိုးကို၎င်း၊ မတရားသောသူသည်မတရားစွာပြုခြင်းအပြစ်ကို၎င်းခံရလိမ့်မည်။ ၂၁ သို့ရာတွင်မတရားသောသူသည်၊ မိမိပြုမိသမျှသောဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကိုစောင့်ရှောက်၍၊ မတရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကိုပြုလျှင်၊ သေခြင်းနှင့် ကင်းလွတ်၍စင်စစ်အသက်ရှင်ရလိမ့်မည်။

၂၂ မိမိပြုမိသမျှသောဒုစရိုက်တို့ကိုအပြစ်တို့ကိုသူ့တဘက်၌ မမှတ်ရ။ ပြုမိသော​ဖြောင့်မတ်ခြင်းအမှုကြောင့်အသက်ရှင်ရလိမ့်မည်။ ၂၃ မတရားသောသူသည်မိမိအကျင့်တို့ကိုရှောင်၍အသက်မရှင်၊ အသေခံခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ခြင်းရှိသလော။ ၂၄ သို့ရာတွင်၊ တရားသောသူသည်ဖောက်ပြန်၍၊ အဓမ္မအမှုကို၎င်း၊ မတရားသောသူပြုသမျှသောစက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို၎င်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသောဖြောင့်မတ်ခြင်းအမှုတို့ကိုမမှတ်၊ သူသည်လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့်အသေသတ်ခြင်းကိုခံရလိမ့်မည်။

၂၅ သို့သော်လည်းသင်တို့က၊ ထာဝရဘုရားစီရင်ချက်မ​ဖြောင့်ဟုဆိုကြသည်တကား။ အိုဣသရေလအမျိုး၊ ငါစီရင်ချက်သည်ဖြောင့်မတ်၍၊ သင်တို့စီရင်ချက်ကောက်သည်မဟုတ်လော၊ ၂၆ တရားစီရင်သောသူသည်တရားသောအမှုကိုပယ်၍ အဓမ္မအမှုကိုပြုလျှင်၊ ထိုအမှုကြောင့်သေရမည်။ ပြုမိသောအဓမ္မအမှုကြောင့်အသေသတ်ခြင်းကိုခံရမည်။ ၂၇ ထိုအတူ၊ မတရားသောသူသည်မိမိပြုမိသောအဓမ္မအမှုကိုရှောင်၍တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြုလျှင်၊ မိမိအသက်ကိုကယ်နှုတ်ရလိမ့်မည်။ ၂၈ ပြုမိသမျှသောအဓမ္မအမှုတို့ကိုဆင်ခြင်၍ရှောင်သောကြောင့်၊ သေခြင်းနှင့်လွတ်၍စင်စစ်အသက်ရှင်ရလိမ့်မည်။

၂၉ သို့သော်လည်းဣသရေလအမျိုးက၊ ထာဝရဘုရားစီရင်ချက်မ​ဖြောင့်ဟုဆိုကြသည်တကား၊ အိုဣသရေလအမျိုး၊ ငါစီရင်ချက်သည်ဖြောင့်၍၊ သင်တို့စီရင်ချက်သည်ကောက်သည်မဟုတ်လော။ ၃၀ သို့ဖြစ်၍အိုဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်းအကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည်အဓမ္မအမှုရှိသမျှတို့ကိုစွန့်ပစ်၍ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့်ထိမိ၍ဆုံးခြင်းသို့မရောက်ကြနှင့်။ ၃၁ သင်တို့သည်ပြုသမျှသောလွန်ကျူးခြင်း အမှုတို့ကိုစွန့်ပစ်၍အသစ်သောနှလုံး၊ အသစ်သောစိတ်သဘောကိုပြင်ဆင်ကြလော့။ အိုဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့်အသေသတ်ခြင်းကိုခံလိုသနည်း။ ၃၂ အသေခံရသောသူ၏အသေခံခြင်းအမှု၌ ငါသည်ပျော်မွေ့ခြင်းမရှိ။ ထိုကြောင့်ပြောင်းလဲ၍အသက်ရှင်ကြလော့ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.