-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၇



တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည်ဣသရေလ အမျိုးအားစကားထာဝှက်၍၊ ပုံပြောလျက်၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြားသောအမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသောအတောင်ရှိသောလင်းယုန်ကြီးသည်လေဗနုန် တောင်သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊ အမြင့်ဆုံးသောအညွန့်တို့ကိုချိုးဆိတ်၍ကုန်သွယ်ရာပြည်သို့ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။ မျိုးစေ့ကိုလည်းယူ၍ရေများရာလယ်ကွက်၌ ပျိုးလျက်မိုးမခပင်ကဲ့သို့ ထားလေ၏။ အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သောစပျစ်နွယ်ပင်ပေါက်၍၊ မိမိအခက်အလက်တို့ကိုလင်းယုန်ရှိရာသို့ ညွတ်လျက်သူ့အောက်သို့အမြစ်ထိုးသဖြင့်အကိုင်းအခက်အလက်အညွန့်တို့နှင့်ပြည့်စုံသောစပျစ်နွယ်ပင်ဖြစ်လေ၏။ အမွေးထူထပ်၍ကြီးစွာသောအတောင်ရှိသောလင်းယုန်ကြီးတကောင်ရှိ၏။ စပျစ်ပင်သည်မိမိစိုက်ရာချောင်းမြောင်းနားမှာထိုလင်းယုန်၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှါ၊ သူရှိရာသို့အမြစ်သွယ်ဝိုက်၍အကိုင်းလည်းထိုးလေ၏။ အခက်အ လက်နှင့်ပြည့်စုံ၍အသီးကိုသီးသဖြင့်၊ သန်မြန်သောစပျစ်နွယ်ပင်ဖြစ်စေခြင်းငှါရေများရာအရပ်မြေကောင်းသောအရပ်လယ်ကွက်၌ ထိုအပင်ကိုစိုက်လေပြီ။ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါအမြစ်ကိုနှုတ်၍အသီးကိုဆွတ်ရမည်မဟုတ်လော။ ပေါက်လေသမျှသောအရွက်တို့သည်ညှိုးနွမ်းရလိမ့်မည်။ အမြစ်နှင့်တကွသုတ်သင်ပယ်ရှားခြင်းအမှုကိုပြီးစေခြင်းငှါကြီးသောတန်ခိုးနှင့်များပြားသော အလုံးအရင်းကိုအလိုမရှိ။ ၁၀ စိုက်လျက်ရှိ၍ကောင်းစားရမည်လော။ အရှေ့လေတိုက်သောအခါအကုန်အစင်ညှိုးနွမ်းရ မည်မဟုတ်လော။ ကြီးပွားသောလယ်ကွက်၌ ညှိုးနွမ်းရမည်ဟုမိန့်တော်မူ၏။

၁၁ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၂ ပုန်ကန်တတ်သောအမျိုးအားသင်ပြော ရမည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကိုနားလည်ကြသလော။ ဗာဗုလုန်ရှင်ဘုရင်သည်ယေရုရှလင်မြို့သို့ရောက်၍ယေရုရှလင်ဘုရင်နှင့်မှူးတော်မတ်တော်တို့ကိုဗာဗုလုန်မြို့သို့သိမ်းသွားပြီ။ ၁၃ ဆွေတော်မျိုးတော်ထဲကတယောက်ကိုယူ၍၊ ပဋိညာဉ်ဖွဲ့လျက်သစ္စာတိုက်လေပြီ။ ၁၄ ထိုနိုင်ငံသည်ယုတ်ညံ့၍နောက်တဖန်မထမကြွဘဲ၊ သစ္စာတော်ကိုစောင့်သောအား ဖြင့်သာတည်စေခြင်းငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်းသိမ်းသွားပြီ။ ၁၅ သို့ရာတွင်၊ မြင်းများ၊ လူများတို့ကိုတောင်းခြင်းငှါသံတမန်ကိုအဲဂုတ္တုပြည်သို့စေလွှတ်၍ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည်ကောင်းစားရမည်လော။ ဘေးလွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။ ၁၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ်ရှင်ဘုရင်အရာ၌ ခန့်ထားသောရှင်ဘုရင်၏သစ္စာကိုမရိုမသေပြု၍ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌ သေရလိမ့်မည်။ ၁၇ ဖာရောဘုရင်သည်လည်းလူများတို့ကိုသတ်ခြင်းငှါ၊ အားကြီးသောဗိုလ်ပါအလုံးအရင်းနှင့်အတူမြေရိုးတို့ကိုဖို့၍ရဲတိုက်တို့ကိုဆောက်သော်လည်း၊ သူတို့အဘို့စစ်တိုက်၍မနိုင်ရာ။ ၁၈ အကြောင်း မူကား၊ ယေရုရှလင်မင်းသည်လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ပဋိညာဉ်ကိုဖျက်လျက်ဤအမှုအလုံးစုံတို့ကိုပြုသောကြောင့်ဘေးမျှမလွတ်ရ။ ၁၉ ထို့ကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ်ငါ၏သစ္စာကိုမရိုမသေပြု၍ငါ၏ပဋိညာဉ်ကိုဖျက်သောကြောင့်သူ၏ခေါင်းပေါ်သို့ငါသက်ရောက်စေမည်။ ၂၀ ငါသည်ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့်ကျော့ပြီလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကိုပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင်မည်။ ၂၁ သူ့ထံမှပြေးသောသူများနှင့်သူရဲများအပေါင်းတို့သည်၊ ဓါးဖြင့်ဆုံးခဲ့ခြင်းသို့ရောက်၍ ကြွင်းကျန်သောသူတို့သည်အရပ်ရပ်သို့ကွဲပြားကြလိမ့်မည်။ ငါထာဝရဘုရားမိန့်တော်မူသည်ကိုသင်တို့သိရကြလိမ့်မည်ဟုမိန့်တော်မူသည်။

၂၂ တဖန်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြင့်သောအာရဇ်ပင်၌ အမြင့်ဆုံးသောအညွန့်ကိုငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင်နုသောအညွန့်ကိုဆိတ်၍၊ မြင့်မြတ်သောတောင်ပေါ်မှာစိုက်မည်။ ၂၃ အမြင့်ဆုံးသောဣသရေလတောင် ပေါ်မှာငါစိုက်ပြီးမှအခက်အလက်နှင့်ပြည့်စုံ၍အသီးကိုသီးသဖြင့်၊ ကောင်းမွန်သောစပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌ ၎င်း၊ အခက်အလက်အရိပ်၌ ၎င်း၊ ငှက်မျိုးအပေါင်းတို့သည်နေရာကျကြလိမ့်မည်။ ၂၄ ငါထာဝရဘုရားသည်မြင့်သောအပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း၊ စိမ်းလန်းသောအပင်ကိုသွေ့​ခြောက်စေ၍၊ သွေ့​ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည်သိရကြလိမ့်မည်။ ငါထာဝရဘုရားသည်စကားတော်ရှိသည်အတိုင်းပြုမည်ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.