-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၄



ဣသရေလအမျိုးအသက်ကြီးသူအချို့တို့သည်လာ၍ငါ့ရှေ့မှာထိုင်ကြ၏။ ထာဝရဘုရား၏နှုတ်ကပတ် တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ဤလူတို့သည်ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာကိုယ်ဒုစရိုက်သစ်တုံးကိုထားကြပြီ။ သူတို့မေးလျှောက်ခြင်းကိုငါခံရမည်လော။ ထို့ကြောင့်အရှင်ထာဝရဘုရား၏အမိန့်တော်ကိုသူတို့အားဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလအမျိုးသားသည်ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက်၊ ပရောဖက်ထံသို့ရောက်လာ၏။ ထိုသူ၌ ရုပ်တုများပြား သည်နှင့်အညီငါပြန်ပြောမည်။ ထိုသို့သောအားဖြင့်၊ ဣသရေလအမျိုးကိုသူတို့စိတ်သဘောရှိသည်နှင့်အညီငါဖမ်းမည်။ ထိုသူအပေါင်းတို့သည်မိမိရုပ်တုများကြောင့်ငါနှင့်ကွာဝေးကြပြီ။
CROSS REFERENCES






ထိုကြောင့်အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ နောင်တရ၍ရုပ်တုတို့ကို ကြဉ်ရှောင်ကြလော့။ သင်တို့ပြုသမျှသောစက်ဆုပ်ရွံရှာဘွယ်အမှုတို့မှမျက်နှာလွှဲကြလော့။ ငါနှင့်ကွာပြီးလျှင်ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုများကိုတည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက်ပင်၊ ငါ့အလိုကိုမေးမြန်းခြင်းငှါ၊ ပရောဖက်ထံသို့လာသောဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသောတပါးအမျိုးသားဖြစ်စေ၊ ငါထာဝရဘုရားသည်ကိုယ်အလိုအလျောက်ပြန်ပြောသဖြင့်၊ ထိုသူတဘက်၌ ငါသည်မျက်နှာထား၍သူ့ကိုနိမိတ်ဖြစ်စေမည်။ စကားပုံလည်းဖြစ်စေမည်။ ထိုသူကိုငါ့၏လူထဲမှပယ်ရှားမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ [A] ပရောဖက်သည်ဟောပြော၍မှားယွင်းလျှင်ထိုပရောဖက်ကိုငါထာဝရဘုရားသည်မှားယွင်းစေ၏။ ထိုသူကိုငါသည် ဒဏ်ခတ်၍၊ ငါ၏ဣသရေလအမျိုးထဲမှပယ်ရှားမည်။ ၁၀ သူတို့သည်လည်းအပြစ်နှင့်အလျောက်ဒဏ်ခံရကြမည်။ ပရောဖက်ခံရသောဒဏ်သည်ပရောဖက်ကိုဆည်းကပ်သောသူခံရသောဒဏ်နှင့်တူရလိမ့်မည်။ ၁၁ ထိုသို့ဖြစ်လျှင်နောက်တဖန် ဣသရေလအမျိုးသည်ငါ့ကိုမစွန့်ပစ်၊ လမ်းမလွဲ၊ မှားယွင်းခြင်းအပြစ်ရှိသမျှတို့နှင့်နောက်တဖန်မညစ်ညူးဘဲ၊ ငါ၏လူဖြစ်ရကြ လိမ့်မည်။ ငါသည်လည်းသူတို့၏ဘုရားသခင်ဖြစ်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၁၂ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၃ အချင်းလူသား၊ ပြည်သားတို့သည် အထပ်ထပ်လွန်ကျူး၍ငါ့ကိုပြစ်မှားသောကြောင့်၊ ငါသည်လက်ကိုဆန့်၍မုန့်အထောက်အပင့်ကိုချိုးသဖြင့်၊ စာအာဟာရကို ခေါင်းပါးစေ၍ထိုပြည်မှလူနှင့်တိရစ္ဆာန်တို့ကိုပယ်ဖြတ်လျှင်၊ ၁၄ နောဧ၊ ဒံယေလ၊ ယောဘ၊ ဤသုံးယောက်ရှိသော်လည်း၊ ကိုယ်​ဖြောင့်မတ်ခြင်းအားဖြင့်ကိုယ့်အသက်ဝိညာဉ်ကိုသာကယ်နှုတ်ရသောအခွင့်ရှိကြလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၁၅ သားရဲတို့သည်ပြည်၌ ပေါ်လာ၍ဖျက်ဆီးသောကြောင့်၊ အဘယ်သူမျှမနေနိုင်သဖြင့်လူဆိတ်ညံလျှင်၊ ၁၆ ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်းကိုယ်သားသမီးကိုမကယ်မနှုတ်ရ။ ကိုယ်တိုင်သာချမ်းသာရကြ၍၊ ပြည်သည် လူဆိတ်ညံလျက်ရှိရလိမ့်မည်။ ၁၇ သို့မဟုတ်အိုထား၊ ထိုပြည်ကိုလုပ်ကြံလော့ဟုငါဆိုလျက်၊ ဓါးဘေးကိုရောက်စေသောကြောင့်၊ လူနှင့်တိရစ္ဆာန်တို့ကိုပယ်ဖျက်လျှင်၊ ၁၈ ထိုသူသုံးယောက်ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်း၊ ကိုယ့် သားသမီးကိုမကယ်မနှုတ်ရ၊ ကိုယ်တိုင်သာချမ်းသာရကြလိမ့်မည်။ ၁၉ သို့မဟုတ်ထိုပြည်၌ ကာလနာကိုငါစေလွှတ်သောကြောင့်၊ လူနှင့်တိရစ္ဆာန်၏အသက်ကိုသတ်ဖြတ်ပယ်ရှင်းခြင်းငှါငါ၏ဒေါသအရှိန်ကိုသွန်းလောင်းလျှင်၊ ၂၀ နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါအသက်ရှင်သည်အတိုင်းကိုယ်သားသမီးကိုမကယ်မနှုတ်၊ ကိုယ်​ဖြောင့်မတ်ခြင်းအားဖြင့်ကိုယ်အသက်ဝိညာဉ်ကိုသာကယ်နှုတ်ကြလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၂၁ ထိုကြောင့်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကိုပယ်ဖြတ်ခြင်းငှါဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသောဘေးလေးပါးတို့ကိုငါစေလွှတ်သောအခါ၊ ထိုမျှမကလွှတ်ခဲလိမ့်မည် မဟုတ်လော။ ၂၂ သို့ရာတွင်လွတ်၍ထွက်မြောက်ရသောအကျန်အကြွင်းသားသမီးအချို့ရှိကြလိမ့်မည်။ သူတို့သည်သင်တို့ ရှိရာထွက်လာ၍ကျင့်ကြံပြုမူသောအမှုအရာတို့ကိုသင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသောအမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာခြင်းရှိကြလိမ့်မည်။ ၂၃ သူတို့ကျင့်ကြံပြုမူသောအမှုအရာတို့ကိုသင်တို့သည်မြင်သောအခါ၊ သက်သာရကြလိမ့်မည်။ ယေရုရှလင်မြို့ကိုငါပြုလေသမျှတို့၌ အကြောင်းမရှိဘဲမပြုသည်ကိုသိကြလိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.