-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၃


ပရောဖက်အတုများ

တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါဆီသို့ရောက်လာ၍၊ အချင်းလူသား ကိုယ်အလိုအလျောက် ပရောဖက်ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တဘက်၌ ပြောလော့။ ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့၊ ဟုသူတို့အားပြောလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှမမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့လိုက်တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။ အိုဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့်တူကြ၏။ ဣသရေလအမျိုးသည် ထာဝရဘုရား၏နေ့ရောက်မှ စစ်တိုက်၍ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက်အပေါ်သို့တက်၍ ပြုပြင်ခြင်းအမှုကိုမပြုဘဲနေကြ၏။ အချည်းနှီးသောအရာကိုမြင်ကြပြီ။ ထာဝရဘုရား စေလွှတ်တော်မမူဘဲ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက်၊ လှည့်စား၍ပရောဖက်ပြုကြပြီ။ ကိုယ်စကားပြည့်စုံမည်၊ ဟုသူတပါးယုံစေခြင်းငှါ ပြုကြပြီ။ ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်၊ ဟုသင်တို့ဆိုလျက် အချည်းနှီးသောအရာကို မြင်ကြပြီမဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ်လော။


ပရောဖက်တို့ကိုတရားစီရင်မည်
CROSS REFERENCES





CROSS REFERENCES






ထိုကြောင့်အရှင်ထာဝရဘုရား၊ မိန့်တော်မူသည်ကား၊ သင်တို့သည် အချည်းနှီးသောစကားကို ပြော၍၊ မုသာရူပါရုံကိုမြင်သောကြောင့်၊ ငါသည်သင်တို့တဘက်၌နေ၏။ အချည်းနှီးသောအရာကိုမြင်၍၊ မုသာစကားကို ဟောပြောတတ်သောပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလအမျိုး၏ စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌ နေရာမချရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ [A] ၁၀ ငြိမ်သက်ခြင်း မရှိသော်လည်း၊ ငြိမ်သက်ခြင်းရှိသည် ဟုသင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသောကြောင့်၎င်း၊ တယောက်ကား အုတ်ရိုးကို တည်လျက်၊ တယောက်ကား အင်္ဂတေနှင့်မွမ်းမံလျက် ပြုသောကြောင့်၎င်း၊ ၁၁ ထိုအုတ်ရိုးသည်ပြိုလဲမည်၊ ဟုအင်္ဂတေနှင့် မွမ်းမံသောသူတို့အားပြောလော့။ မိုးရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသောမိုးသီးကျလိမ့်မည်။ မိုးသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။ ၁၂ ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ သင်တို့မွမ်းမံသောအင်္ဂတေသည် အဘယ်မှာရှိသနည်း၊ ဟုသင်တို့အား သူတပါးမေးလိမ့်မည်မဟုတ်လော။ ၁၃ ထိုကြောင့်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုးသက်မုန်တိုင်းအားဖြင့် တိုက်ဖျက်မည်။ ငါ၏ဒေါသအရှိန်ကြောင့် မိုးရေလွှမ်းမိုး၍၊ ကြီးစွာသောမိုးသီးနှင့် ဆုံးစေမည်။ ၁၄ ထိုသို့သင်တို့သည် အင်္ဂတေနှင့်မွမ်းမံသော အုတ်ရိုးကိုမြေတိုင်အောင် ငါဖြိုချ၍၊ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါသိရကြလိမ့်မည်။ [A] ၁၅ ထိုသို့အုတ်ရိုး၌၎င်း၊ အင်္ဂတေနှင့်မွမ်းမံသောသူတို့၌၎င်း၊ ငါသည်ကိုယ်အမျက်ကို​ဖြေမည်။ အုတ်ရိုးမရှိဟူ၍၎င်း၊ အင်္ဂတေနှင့်မွမ်းမံသော သူတည်းဟူသော၊ ၁၆ ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့အဘို့ ငြိမ်သက်ခြင်းရူပါရုံကိုမြင်၍ ဟောပြောသောဣသရေလ ပရောဖက်များမရှိကြဟူ၍၎င်း၊ သူတို့အား ငါပြောမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။


ပရောဖက်မိန်းမများ

၁၇ ထိုမှတပါး၊ အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရောဖက်ပြုသော သင်၏အမျိုးသမီးတို့တဘက်၌ မျက်နှာပြု၍၊ ၁၈ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဟောပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကို ဖမ်းခြင်းငှါ ခပ်သိမ်းသောသူတို့၏ နံပါး၌ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ခေါင်းပေါ်မှာ ဦးထုတ်တို့ကိုတင်ထားသော မိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကိုဖမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှကယ်ချွတ်ကြလိမ့်မည်လော။ ၁၉ မုယောဆန်တလက်ဆွန်းနှင့် မုန့်တဖဲ့ကိုရအံ့သောငှါ ငါ၏လူတို့တွင် င့ါကိုရှုတ်ချကြလိမ့်မည်လော။ မုသာစကားကိုနားထောင်တတ်သော ငါ၏လူတို့အား မုသာစကားကိုပြောသောအားဖြင့်၊ မသေအပ်သောသူတို့၏ အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။


သင်တို့ဖမ်းသောဝိညာဉ်တို့ကို ကယ်နှုတ်မည်
CROSS REFERENCES






၂၀ ထိုကြောင့်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင်ဖမ်းလျက်၊ သုံးတတ်သော ခေါင်းအုံးတို့ကို ငါသည်ရန်ဘက်ပြု၍ သင်တို့နံပါးမှဆွဲနှုတ်ပြီးလျှင်၊ သင်တို့ရအောင် ဖမ်းသောအသက် ဝိညာဉ်တို့ကို ငါလွှတ်မည်။ ၂၁ သင်တို့ဦးထုတ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏လူတို့ကိုသင်တို့လက်မှ ကယ်နှုတ်မည်။ နောက်တဖန်သူတို့သည် အဖမ်းခံ၍၊ သင်တို့လက်သို့မရောက်ရကြ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ၂၂ ငါမညှိုးငယ်စေသောလူကောင်းတို့ကို သင်တို့သည်မုသာစကားအားဖြင့် ညိုးငယ်စေခြင်းကြောင့်၎င်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကိုမရှောင်စေခြင်းငှါ၊ အသက်ချမ်းသာပေး၍၊ သူတို့ကိုခိုင်မာစေသောကြောင့်၎င်း၊ ၂၃ နောက်တဖန်သင်တို့သည်အချည်းနှီးသောအရာကို မမြင်ရကြ။ ပရောဖက်ပြု၍ မဟောရကြ။ ငါ၏လူတို့ကို သင်တို့လက်မှ ငါကယ်နှုတ်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်၊ [A] ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.