-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၂


CROSS REFERENCES






တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည်မြင်ရသောမျက်စိရှိသော်လည်းမမြင်တတ်။ ကြားရသောနားရှိသော်လည်းမကြားတတ်။ ပုန်ကန်တတ်သောအမျိုးဖြစ်ကြ၏။ သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ပြောင်းသွားခြင်းငှါဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင်ပြောင်းသွားလော့။ သူတို့မျက်မှောက်တွင်အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြလိမ့်မည်။ နေရာပြောင်းစရာဘို့ပြင်ဆင်သောဥစ္စာပရိကံများကဲ့သို့နေ့အချိန်၌ သူတို့မျက်မှောက်တွင်ထုတ်ရမည်။ သိမ်းသွားခြင်းကိုခံရသောသူကဲ့သို့ညအချိန်၌ သူတို့မျက်မှောက်တွင်ထွက်သွားရမည်။ သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်ဥစ္စာကံများကိုထုတ်သွားလော့။ ညဦးယံအချိန်၌ သူတို့ မျက်မှောက်တွင်ပခုံးပေါ်မှာထမ်း၍ထုတ်ရမည်။ မြေကိုမမြင်ရအောင်ဖုံးရမည်။ အကြောင်းမူကား၊ သင့်ကိုဣသရေလအမျိုးအား နိမိတ်လက္ခဏာာဖြစ်စေခြင်းငှါငါခန့်ထားပြီဟုမိန့်တော်မူသည်အတိုင်း၊ ငါသည်သိမ်းသွင်းခြင်းကိုခံရသောသူ၏ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကိုနေ့အချိန်၌ ထုတ်၍၊ ညအချိန်၌ အုတ်ရိုးကိုကိုယ်လက်နှင့်တူးဖောက်ပြီးညဦးယံအချိန်၌ သူတို့ မျက်မှောက်တွင်ပခုံးပေါ်တွင်ထမ်းသွား၏။ နံနက်အချိန်၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ပုန်ကန်တတ်သောဣသရေလအမျိုးက၊ သင်သည်အဘယ်သို့ပြုသနည်းဟုသင့်အားမေးသည်ရှိသော်လည်း၊ ၁၀ အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်၊ ဤဗျာဒိတ်တော်သည်ယေရုရှလင်မြို့ကိုအစိုးရသော မင်းမှစ၍၊ ထိုမြို့၌ ရှိသောဣသရေလအမျိုးသားတို့နှင့်ဆိုင်ပေ၏။ ၁၁ ငါသည်သင်တို့၏နိမိတ်လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့သင်တို့သည်ပြုရကြလိမ့်မည်။ နေရာပြောင်း၍သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။ ၁၂ သင်တို့၏မင်းသည်လည်း၊ မိမိပခုံး၌ ထမ်း၍ညဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဘို့အုတ်ရိုးကိုတူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည်။ ၁၃ ထိုမင်းကိုလည်းငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်း၌ ကျော့မိစေမည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်းမြို့ကိုမမြင်ရ။ ၁၄ သူ့ကိုမစခြင်းငှါဝိုင်းသောသူတို့နှင့်တပ်သား အပေါင်းတို့ကိုအရပ်ရပ်သို့ဖြန့်ကြဲမည်။ သူတို့နောက်၌ လည်းဓါးကိုလွှတ်မည်။ ၁၅ လူအမျိုးမျိုးတို့တွင်ကွဲပြားစေ၍၊ အတိုင်းတိုင်းအပြည်ပြည်သို့ဖြန့်ကြဲသောအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။ [A] ၁၆ သို့ရာတွင်၊ ဓါးဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်လွှတ်၍၊ ငါကျန်ကြွင်းစေသောသူအချို့တို့သည်မိမိတို့ပြုဘူးသောစက်ဆုပ်ရွံ့ရှာဘွယ်အမှုရှိသမျှတို့ကို၊ နောက်ရောက်သောတပါးအမျိုးသားတို့နေရာပြည်တို့၌ ဖေါ်ပြကြလိမ့်မည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကိုသတို့သိရကြလိမ့်မည်ဟုမိန့်တော်မူ၏။
CROSS REFERENCES






၁၇ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၈ အချင်းလူသား၊ တုန်လှုပ်လျက်၊ အစာကို စားလော့။ တုန်လှုပ်လျက်၊ သတိပြုလျက်ရေကိုသောက်လော့။ ၁၉ အရှင်ထာဝရဘုရားသည်ဣသရေလပြည်ယေရုရှလင်မြို့သားတို့ကိုရည်မှတ်၍မိန့်တော်မူသောစကားကိုဆင့်ဆိုရမည်မှာ၊ သူတို့သည်သတိပြုလျက်အစာကိုစားရကြမည်။ မိန်းမောတွဝေလျက်ရေကိုသာက်ရကြမည်။ ထိုသို့သောအားဖြင့်ပြည်သူပြည်သားအပေါင်းတို့ပြုသောအဓမ္မအမှုကြောင့်ဣသရေလပြည်သည်မိမိပြည့်စုံခြင်းနှင့်ကင်းလွှတ်ရလိမ့်မည်။ ၂၀ လူနေသောမြို့တို့သည်လည်းပျက်စီး၍တပြည်လုံးဆိတ်ညံ့လျက်ရှိရလိမ့်မည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည် [A] ဟုမိန့်တော်မူ၏။

၂၁ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၂၂ အချင်းလူသား၊ နေ့ရက်ကာလရွေ့လျက် ရှိ၍ခပ်သိမ်းသောဗျာဒိတ်ရှုပါရုံလည်းပျက်ပါပြီဟုဣသရေလပြည်၌ သုံးတတ်သောစကားပုံကားအဘယ်သို့နည်း။ ၂၃ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာထိုစကားပုံကိုငါပျောက်စေမည်။ နောက်တဖန်ဣသရေလအမျိုး၌ မသုံးရကြ၊ နေ့ရက်အချိန်ကာလနီးပြီ။ ခပ်သိမ်းသောဗျာဒိတ်ရူပါရုံလည်းပြည့်စုံကြလိမ့်မည်ဟုပြောလော့။ ၂၄ နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီးသောရူပါရုံမရှိရ။ ချော့မော့စွာပရောဖက်ပြုခြင်းလည်းမရှိရ။ ၂၅ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်းပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်းမရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့ လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်းပြည့်စုံစေမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။

၂၆ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၂၇ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ က၊ သူမြင်သောဗျာဒိတ်ရှုပါရုံသည်ဝေးသေး၏၊ ဝေးသေးသောကာလကိုရည်မှတ်၍ဟောတတ်သည်ဟုပြောဆိုကြ၏။ ၂၈ သို့ဖြစ်၍အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ငါ၏စကားပြည့်စုံချိန်မရွေ့ရ။ ငါသည်ပြောသည်အတိုင်းလည်းပြည့်စုံစေမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.