-
AA
+
🡀
|
🡂
ယေဇကျေလ အနာဂတ္တိ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ယေဇကျေလ အနာဂတ္တိ
အခန်းကြီး ၁၁


CROSS REFERENCES






ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီ၍အရှေ့ဘက်သို့မျက်နှာပြုသောထာဝရဘုရား၏အိမ်တော်တံခါးရှေ့သို့ဆောင်သွား၍ တံခါးဝ၌ လူနှစ်ကျိပ်ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသားယာဇညာ၊ ဗေနာယသားပေလတိတို့ကိုငါမြင်၏။ ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤသူတို့သည်မကောင်းသောအကြံကိုကြံစည်၍ဤမြို့၌ မတရားသောတိုင်ပင်ခြင်းကိုပြုသောသူဖြစ်ကြ၏။ ထိုသူတို့ကအမှုမရောက်သေး။ အိမ်ဆောက်ကြကုန်အံ့။ ဤမြို့သည်အိုးကင်း၊ ငါတို့သည် အမဲသားဖြစ်သည်ဟုဆိုတတ်ကြ၏။ သို့ဖြစ်၍အိုလူသား၊ သူတို့ဘက်၌ ပရောဖက်ပြု၍ဟောပြောလော့ဟုမိန့်တော်မူ၏။ ထိုအခါထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်၍၊ သင်သည်ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလအမျိုးသင်တို့သည်ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည်သမျှတို့ကိုငါသိ၏။ သင်တို့သည်ဤမြို့၌ သူရဲတို့ကိုများပြားစေ၍၊ မြို့လမ်းတို့ကိုသူရဲများနှင့်ပြည့်စေကြပြီ။ ထိုကြောင့်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ထားသောသူရဲတို့သည်အမဲသားဖြစ်၏။ ဤမြို့သည်အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကိုမြို့ထဲကငါထုတ်မည်၊ သင်တို့သည်ဓါးကိုကြောက်သည်ဖြစ်၍၊ ငါသည်ဓါးကိုသင့်တို့အပေါ်သို့ရောက််စေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။ ငါသည်သင်တို့ကိုမြို့ထဲကထုတ်ပြီးလျှင်၊ တ​ကျွန်းတနိုင်ငံသားတို့၏လက်သို့အပ်၍အပြစ်ဒဏ်ကို စီရင်မည်။ ၁၀ သင်တို့သည်ဓါးဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလပြည်စွန်းမှာငါစစ်ကြောစီရင်သဖြင့်ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည်။ ၁၁ ဤမြို့သည်သင်တို့၏အိုးကင်းမဖြစ်ရ၊ သင်တို့သည်လည်းအိုးကင်း၌ အမဲသား မဖြစ်ရကြ။ ဣသရေလပြည်စွန်းမှာငါစစ်ကြောစီရင်သဖြင့်၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည်။ [A] ၁၂ အကြောင်းမူကား၊ သင်တို့သည်ငါ၏ဘုရားလမ်းသို့မလိုက်၊ ငါစီရင်ချက်တို့ကိုမစောင့်သင်တို့ပတ်လည်၌ နေသော လူမျိုးတို့၏ထုံးစံဓလေ့တို့ကိုလိုက်ကြပြီဟုမိန့်တော်မူ၏။ ၁၃ ထိုဗျာဒိတ်တော်စကားကိုငါသည်ဆင့်ဆို၍ဟောပြောစဉ်တွင် ဗေနာယသားပေလတိသည်သေ၏။ ငါသည်လည်းပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ကျန်ကြွင်းသောဣသရေလအမျိုးသားတို့ကိုဆုံးရှုံးစေတော်မူမည်လောဟုကျယ်သောအသံနှင့်ကြွေးကြော်၏။

၁၄ တဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ၁၅ အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အားအပိုင်ပေးတော်မူပြီဟုသင်၏ညီအစ်ကိုသင်၏ အမျိုးသားချင်း၊ ဣသရေလအမျိုးသားအပေါင်းတို့အားဆိုတတ်ကြ၏။ ၁၆ ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမျိုးသားတို့ကိုတပါးအမျိုးသားတို့နေရာဝေးသောအရပ်သို့ငါပြောင်းစေ၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ရောက်သောပြည်တို့၌ ငါသည်သူတို့အဘို့သန့်ရှင်းရာဌာနကဲ့သို့ခဏဖြစ်လိမ့်မည်။ ၁၇ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားသူတို့ကိုဖြန့်ကြဲသောလူအမျိုးမျိုးနေရာအတိုင်းတိုင်းအပြည်ပြည်တို့မှငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလပြည်ကိုပေးမည်။ ၁၈ သူတို့သည်ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံ့ရှာဘွယ်သောအမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။ ၁၉ ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကိုသွင်းပေးမည်။ သူတို့ ခန္ဓာကိုယ်ထဲကကျောက်နှလုံးကိုနှုတ်၍၊ အသားနှလုံးကိုပေးသောကြော့င်၊ [B] ၂၀ သူတို့သည်ငါစီရင်ထုံးဖွဲ့သောပညတ်တရားလမ်းသို့လိုက်၍စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်းသူတို့၏ဘုရားသခင်ဖြစ်မည်။ ၂၁ သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သောအမှုအရာတို့၏အလိုသို့စိတ်နှလုံးအားဖြင့်လိုက်သောသူတို့၏အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ငါရောက်စေမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ၂၂ ထိုအခါခေရုဗိမ်တို့သည်အတောင်ကိုဖြန့်၍၊ ဘီးတို့သည်လည်းလိုက်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင်ဘုန်းတော်သည်လည်းသူတို့အပေါ်၌ ရှိတော်မူ၏။ ၂၃ ထာဝရဘုရား၏ဘုန်းတော်သည်မြို့ထဲကတက်၍၊ မြို့အရှေ့မှာရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။(a) ၂၄ ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ဗျာဒိတ်ရှုပါရုံအားဖြင့်ငါ့ကိုချီ၍သိမ်းသွားသော သူတို့နေရာ၊ ခါလဒဲပြည်သို့ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီးသောဗျာဒိတ်ရူပါရုံသည်လည်းငါနှင့်ကွာ၍တက်သွား၏။ ၂၅ ထာဝရဘုရားပြတော်မူခဲ့ပြီးသောအမှုအရာရှိသမျှတို့ကိုငါသည်သိမ်းသွားခြင်းကိုခံရသောသူတို့အားကြားပြောလေ၏။

_________________________
Footnotes


၂၃ (a) မြို့အရှေ့မှာရှိသောတောင်သည်သံလွင်တောင်ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.