၁၅ စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကိုပယ်၍၊ အနတ္တတရားကို ကျင့်လျက် အချည်းနှီး သက်သက်ဖြစ်ကြ၏။ အကြင်တစ်ပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်၊ ဟုထာဝရဘုရား ပညတ်တော်မူ၏၊ ပတ်လည်၌ နေသော ထိုအမျိုးသား နောက်သို့လိုက်ကြ၏။
၃၁ အဘယ်သူမျှ လှည့်စားခြင်းကို ခံရ၍ အနတ္တကို မခိုလှုံစေနှင့်။သို့မဟုတ် အနတ္တ အကျိုးကို ခံရလိမ့်မည်။
၂ အချင်းလူသားတို့၊ အဘယ်မျှ ကာလပတ်လုံး ငါ၏ဘုန်းကို ရှုတ်ချကြမည်နည်း။ အဘယ်မျှ ကာလပတ်လုံး အနတ္တကိုနှစ်သက်၍ မုသာကို လိုက်ရှာကြမည်နည်း။
၆ မုသာအနတ္တကို ဆည်းကပ်သော သူတို့ကို အကျွန်ုပ်သည် မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။
၅ အကျွန်ုပ် အသက်တာကို တမိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ် လူမည်သည်ကား၊ လူ၏ အထွဋ်သို့ ရောက်သော်လည်း၊ အနတ္တ သက်သက်ဖြစ်ပါ၏။
၁၁ ကိုယ်တော်သည် လူတို့အပြစ်ကြောင့် ဆုံးမ၍ ဒဏ်ခတ်တော်မူလျှင်၊ ပိုးရွဖျက်တတ်သကဲ့သို့ လူတို့၏ တင့်တယ်ခြင်း အသရေကို ပြက်ပျောက်စေတော်မူ၏။ အကယ်စင်စစ် လူခပ်သိမ်းတို့သည် အနတ္တသက်သက် ဖြစ်ကြပါ၏။
၉ အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေ ရှိသောသူတို့သည် မုသာဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူ အပေါင်းတို့သည် အနတ္တထက်သာ၍ ပေ့ါကြ၏။
၃၇ အနတ္တကိုပမာဏာမပြုစေခြင်းငှါ အကျွန်ုပ်မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။
၆ မုသာစကားအားဖြင့်ဘဏ္ဍာကိုဆည်းဖူးခြင်းအမှုသည်၊ သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သောအနတ္တဖြစ်၏။
၈ အကျွန်ုပ်မသေမှီတိုင်အောင်ငြင်းတော်မမူပါနှင့်။ အကျွန်ုပ်မှ အနတ္တနှင့်မုသာကိုပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့်ငွေရတတ်ခြင်းကိုပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာပေးတော်မူပါ။
၁ ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏ စကားဟူမူကား၊
၁၄ နေရောင်အောက်မှာ ပြုလေသမျှသော အမှုအရာတို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည်အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏။
၁ တဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့၊ ဟုဆိုရာတွင် ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။
၁၁ ထိုအခါ ငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊လေကို ကျက်စားသော အကျိုး တစုံတခုမျှ မရှိ။
s
၁၅ သို့ဖြစ်၍၊ မိုက်သောသူ တွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူ၍၎င်း၊ ငါအောက်မေ့၏။
၁၇ ထို့ကြောင့် အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုရသောမှုသည်ငါ၌ ခက်ခဲ၏။ အလုံးစုံတို့သည် အနတ္တအမှု၊လေကို ကျက်စားသောအမှု ဖြစ်ကြ၏။
၁၉ ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လော၊ ဟုအဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသော အမှုတို့ကို အစိုးရလိမ့်မည်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
၂၁ အကြောင်းမူကား ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူ ဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဖို့ ထိုအမှုကို စွန့်ထားရမည်။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှု ဖြစ်၏။
၂၃ သူ၏နေ့ရက် အပေါင်းတို့သည်ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညအခါ၌ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
၂၆ ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဖို့၊ ဆည်းဖူး သိုထားရသောအခွင့်ကို၎င်း၊ ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊လေကို ကျက်စားသောအမှု ဖြစ်၏။
၁၉ လူသား တွေ့ကြုံသောအမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်း ရှိကြ၏။ သို့ဖြစ်၍၊ လူသည် တိရစ္ဆာန် ထက်ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
၄ တဖန် ကြိုးစား အားထုတ်ခြင်းအမှုနှင့်၊ ကောင်းမွန်စွာ ပြီးစီးသော အမှုအလုံးစုံတို့ကို၎င်း၊ ထိုသို့သောအမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အနတ္တအမှု၊လေကို ကျက်စားသောအမှုဖြစ်၏။
၇ တဖန်ငါထပ်၍၊ နေအောက်မှာ အနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
၁၆ ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက်၍ မကုန်နိုင်။ နောက်လာသော သူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲ နေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏။
၁၀ ငွေကိုတပ်မက်သောသူသည် ငွေနှင့် အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကို တပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
၂ အလိုဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ်ဥစ္စာ ဂုဏ်သရေကို ဘုရားသခင် ပေးသော်လည်း၊ ခံစားရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မဆိုင်သောသူ တပါးဝင်၍ ခံစားရသောအမှုသည် အနတ္တအမှု၊ဆိုးသောအမှုဖြစ်၏။
၉ ကိုယ်တိုင် တွေ့မြင်ခြင်းအကျိုးသည် လောဘပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာသည် အနတ္တအမှု၊လေကိုကျက်စားသော အမှုဖြစ်၏။
၆ အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သော အသံနှင့်တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
၁၀ ထိုမှတပါး၊ သန့်ရှင်းရာအရပ် ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုလ်ခြင်း ခံရကြောင်းကို၎င်း၊ အဓမ္မပြုဘူးသော မြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
၉ နေအောက်မှာ ပေးသနားတော်မူသော အနတ္တအသက်ကာလပတ်လုံး၊ သင်ချစ်သော မယားနှင့်ရွှင်လန်းစွာ အသက်ကာလကိုလွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင်၍နေအောက်မှာကြိုးစားအားထုတ်ရာ၌ သင်ခံရသောအကျိုးပေတည်း။
၈ အနတ္တသက်သက်၊ အလုံးစုံတို့သည် အနတ္တ ဖြစ်ကြသည်၊ ဟုဓမ္မဒေသနာဆရာ ဟောပြော၏။
၁၇ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည်၊ အဘယ်မျှ မဟုတ်သကဲ့သို့ ရှေ့တော်၌ ဖြစ်ကြ၏။ အဘယ်မျှ မဟုတ်သော အရာထက် သာ၍ငယ်သကဲ့သို့၎င်း၊ အနတ္တကဲ့သို့၎င်း၊ မှတ်တော်မူ၏။
sလူလုပ်သော ဘုရားများ
၂၃ မင်းတို့ကိုရှုတ်ချ၍၊ မြေကြီး တရားသူကြီးတို့ကို အနတ္တကဲ့သို့ ဖြစ်စေတော်မူသောသူ ပေတည်း။
၁၂ သင်နှင့် ဆန့်ကျင်ဘက် ပြုသောသူတို့ကို သင်သည် ရှာ၍မတွေ့ရ။ သင့်ကို စစ်တိုက်သော သူတို့သည် အဘယ်မျှ မဟုတ်သကဲ့သို့၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
၄ တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ်သူမျှမစောင့်၊ အနတ္တကိုကိုးစား၍ မုသာစကားကို ပြောတတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဖွားကြ၏။
၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်းသို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
၁၉ အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ အချည်းနှီးသော အရာတို့ကို အမွေခံကြပါပြီဟု မြေကြီးစွန်းမှ ကိုယ်တော်ထံသို့လာ၍ လျှောက်ကြပါလိမ့်မည်။
sငါသည် ထာ၀ရဘုရား ဖြစ်ကြောင်း သိကြမည်
၈ မုသာအနတ္တကို မှီဝဲသောသူတို့သည် မိမိတို့ ကရုဏာခံရကြောင်းကို စွန့်ပစ်ကြပါ၏။
၂ တေရပ်ရုပ်တုတို့သည် အနတ္တ စကားကို ပြောကြ၏။ ပရောဖက် လုပ်သောသူတို့သည် မုသာရူပါရုံကို မြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီး နှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့လည်သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။

_________________________
Footnotes