-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၃


ပေတရုခြေမစွမ်းသောသူ ကျန်းမာစေ

ထိုအခါ ပဌနာပြုရသော သုံးချက်တီးအချိန်၌၊ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ တက်ကြသည်ရှိသော်၊ အမိဝမ်းတွင်းကပင် ခြေမစွမ်းသောသူ တယောက်ကို၊ သူတပါးတို့သည် ထမ်းလျက်လာကြ၏။ ဗိမာန်တော်သို့ ဝင်သောသူတို့မှာ၊ စွန့်ကြဲခြင်းကို ခံစေခြင်းငှါ၊ တင့်တယ်အမည်ရှိသော တံခါးနားမှာ၊ ထိုသူကို ထားလေ့ရှိ၏။ ပေတရုနှင့် ယောဟန်တို့သည်၊ ဗိမာန်တော်သို့ ဝင်လာကြသည်ကို၊ ထိုသူသည် မြင်လျှင်စွန့်ကြဲပါ၊ ဟုတောင်းလေ၏။ ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍၊ ငါတို့အား မျှော်ကြည့်လော့၊ ဟုဆိုလျှင်၊ ထိုသူသည် တစုံတခုကိုရမည်၊ ဟုစိတ်ထင်နှင့်၊ တမန်တော်တို့ကို မျှော်ကြည့်လျက်နေ၏။ ပေတရုကလည်း၊ ငါ၌ ရွှေငွေမရှိ၊ ရှိသည်အရာကို သင့်အားပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်၊ ထ၍လှမ်းသွားလော့၊ ဟုဆိုလျက်၊ သူ၏လက်ျာလက်ကို ကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ​ခြေနှစ်ဘက်ဖမျက်စိတို့သည် စွမ်းအားကိုရသဖြင့်၊ ရုတ်တရက်ထ၍၊ မတ်တပ်ရပ်ပြီးလျှင်၊ လှမ်းသွားလေ၏။ သွားလျက်၊ ခုန်လျက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ တမန်တော်တို့နှင့်အတူ ဗိမာန်တော်သို့ ဝင်လေ၏။ ထိုသို့ လှမ်းသွား၍ ဘုရားသခင်အား ချီးမွမ်းသည်ကို၊ လူအပေါင်းတို့သည် မြင်သောအခါ၊ ၁၀ ထိုသူသည် ဗိမာန်တော်၏ တင့်တယ်တံခါးနားမှာ စွန့်ကြဲခြင်းကိုခံ၍၊ ထိုင်နေသောသူ ဖြစ်သည်ကို သိကြသောကြောင့်၊ သူ၌ ဖြစ်သည့်အမှုကို အံ့ဩမိန်းမောတွေဝေခြင်း ရှိ၍၊ ၁၁ ထိုသူသည် ပေတရုနှင့် ယောဟန်ကို အမှီပြုလျက် ရှိရာအရပ်၊ ရှောလမုန် ကနားပြင်အမည်ရှိသော ကနားပြင်သို့ ပြေးဝင်ကြ၍ စုဝေးကြ၏။


သင်တို့သတ်သော ယေရှုကကျန်းမာစေ
CROSS REFERENCES






၁၂ ပေတရုသည် မြင်လျှင်၊ ဣသရေလလူတို့၊ အဘယ်ကြောင့် ဤအမှုကို အံ့ဩကြသနည်း။ ဤသူသည် လှမ်းသွားနိုင်သော အခွင့်ကို ငါတို့သည် ကိုယ်တန်ခိုး၊ ကိုယ်သီလအားဖြင့် ပေးဘိသကဲ့သို့၊ အဘယ်ကြောင့် ငါတို့ကိုစေ့စေ့ ကြည့်ရှုကြသနည်း။ ၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည်၊ မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း၊ သင်တို့သည် ထိုသခင်ကို ငြင်းပယ်ကြ၏။ ၁၄ သန့်ရှင်း​ဖြောင့်မတ်တော်မူသော သခင်ကိုငြင်းပယ်၍၊ လူအသက်ကို သတ်ခြင်းအပြစ်ရှိသော သူတယောက်ကို၊ ရမည်အကြောင်း တောင်းပန်သဖြင့်၊ ၁၅ အသက်ရှင်ခြင်းသို့ ပို့ဆောင်တော်မူသော အရှင်ကို၊ ကွပ်မျက်ကြပြီတကား။ [A]ထိုအရှင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေတော်မူသည်ကို၊ ငါတို့သည် သက်သေခံဖြစ်ကြ၏။ ၁၆ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုသခင်၏ နာမတော်သည် သင်တို့သိမြင်သောဤသူအား၊ အစွမ်းကိုပေးတော်မူပြီ။ ထိုသခင်ကြောင့် ရသောယုံကြည်ခြင်းသည်၊ သင်တို့မျက်မှောက်တွင် ဤသူ၌ စေ့စုံခြင်းအခွင့်ကိုပေး၍ ရှိလေပြီ။


နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့

၁၇ ယခုလည်းညီအစ်ကိုတို့၊ သင်တို့မှစ၍ အစိုးရသောသူတို့သည်၊ မသိဘဲလျက် ထိုသို့ပြုကြသည်ကို ငါသိ၏။ ၁၈ ခရစ်တော်သည် အသေခံရမည်၊ ဟုပရောဖက်အပေါင်းတို့သည် ဟောပြော၍၊ ဘုရားသခင် ဖေါ်ပြတော်မူနှင့်သောအမှုကို၊ ထိုသို့အားဖြင့် ပြီးစီးတော်မူပြီ။ ၁၉ ထိုကြောင့် ထာဝရဘုရား ထံတော်မှ ချမ်းအေးသောအချိန်ကာလ (times of refreshing) သည် ရောက်လာ၍၊ ၂၀ သင်တို့အဘို့အလို့ငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို၊ စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှါ၊ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ ၂၁ ကမ္ဘာဦးမှစ၍ သန့်ရှင်းသော ပရောဖက်ဆရာတို့ နှုတ်ဖြင့်၊ ဘုရားသခင် ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသော ကပ်ကာလ (အနှစ် ၁၀၀၀ အုပ်စိုးချိန်) မရောက်မှီတိုင်အောင် ကောင်းကင်ဘုံသည် ထိုခရစ်တော်ကို ခံယူသိမ်းဆည်းရမည်။ ၂၂ ငါတို့ ဘိုးဘေးများတို့အားလည်း မောရှေက၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားသည်၊ သင်တို့အမျိုးသားချင်းတို့ထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ [B] ထိုပရောဖက်ဟော ပြောသမျှသောအရာတို့ကို သင်တို့သည် နားထောင်ရကြမည်။ ၂၃ အကြင်သူသည် ထိုပရောဖက်၏စကားကို နားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ခြင်းကိုခံရမည်၊ ဟုဟော၏။ ၂၄ ပရောဖက်ရှမွေလမှစ၍ နောက်ဟောသော ပရောဖက်ရှိသမျှတို့သည်၊ ဤသည်နေ့ရက်ကာလကို ဟောပြောပြညွှန်ကြပြီ။ ၂၅ သင်တို့သည် ပရောဖက်အမျိုးအနွယ် ဖြစ်ကြ၏။ ဘုရားသခင်သည် အာဗြဟံကို သင်၏ အမျိုးအနွယ်အားဖြင့်၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည် ၊ ဟုဗျာဒိတ်ထားတော်မူ၍၊ ငါတို့ဘိုးဘေးများတို့အား ပေးတော်မူသော ပဋိညာဉ်တရားတော်နှင့်၊ သင်တို့သည် ဆိုင်ကြ၏။ ၂၆ သင်တို့တွင် မိမိဒုစရိုက်တို့ကို ကြဉ်ရှောင်ဖယ်ရှားသောသူ ရှိသမျှတို့အား၊ ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှါ၊ ဘုရားသခင်သည် မိမိသားတော် ယေရှုကို ထမြောက်စေတော်မူပြီးလျှင်၊ သင်တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ်တော်မူသည်၊၊ ဟုလူများတို့အား ပေတရုဟောပြော၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.