-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၄


ယဇ်ပုရောဟိတ်၏ အပြစ်ဖြေရာယဇ်

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကို ပြုမိသည်အရာတွင်၊ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်၊ လူများကို အပြစ်ထဲသို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှားလျှင်၊ ထိုအပြစ်အတွက် အပြစ်ဖြေရာဖို့ အပြစ်မပါ၊ အသက်ပျိုသော နွားထီးကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား ထာဝရဘုရား ရှေ့တော်သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား ဆက်ရမည်။ ထိုအခါ နွား၏ ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ထာဝရဘုရား ရှေ့တော်၌ နွားကို သတ်ရမည်။ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်၊ နွား၏ အသွေးကို ယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ မိမိ လက်ညှိုးကို အသွေး၌နှစ်၍၊ သန့်ရှင်းရာ ဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ် ဖြန်းရမည်။ တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရား ရှေ့တော်မှာရှိသော နံ့သာပေါင်းမွှေးကို မီးရှို့ရာပလ္လင် ဦးချိုတို့၌ ၊ နွားအသွေးကို ထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၌ ရှိသော၊ မီးရှို့ရာယဇ်ပလ္လင် ​ခြေရင်းနားမှာ သွန်ရမည်။ မိဿဟာယယဇ် ပြုသော နွား၏ဆီဥကို ယူသကဲ့သို့၊ အပြစ်ဖြေရာယဇ် ပြုသော နွားအအူကို ဖုံးသောဆီဥ၊ အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတည်းဟူသော နွားဆီဥရှိသမျှကို ယူ၍၊ ၁၀ မီးရှို့ရာ ယဇ်ပလ္လင်ပေါ်မှာ ရှို့ရမည်။ ၁၁ နွား၏ခေါင်း၊ ​ခြေထောက်၊ အအူ၊ ချေးနုနှင့်တကွ အရေ၊ အသား၊ ရှိသမျှတည်းဟူသော၊ ၁၂ နွားတစ်ကောင်လုံးကို တပ်ပြင်မှာ၊ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍၊ ထင်းအပေါ်၌ မီးရှို့ရမည်။ ပြာသွန်၍ ထားရာအရပ်၌ မီးရှို့ရမည်။



ဣသရေလ အမျိုးသားများ၏ အပြစ်၏အပြစ်ဖြေရာယဇ်

၁၃ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊ ၁၄ ထိုသို့ ပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသော နွားထီးကို၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ဆက်ရမည်။ ၁၅ ပရိသတ်တွင် အသက်ကြီးသောသူ တို့သည်၊ ထာဝရဘုရား ရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်၍၊ ထိုနွားကို ရှေ့တော်၌ သတ်ရကြမည်။ ၁၆ ဘိသိက်ခံသော ယဇ်ပုရောဟိတ်သည်၊ နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ၁၇ မိမိလက်ညှိုးကို အသွေး၌နှစ်၍၊ ကုလားကာရှေ့ ထာဝရဘုရား ရှေ့တော်၌ ခုနစ်ကြိမ် ဖြန်းရမည်။ ၁၈ တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ ထာဝရဘုရား ရှေ့တော်မှာရှိသော ပလ္လင်ဦးချို့တို့၌ အသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးရှေ့၌ ရှိသော မီးရှို့ရာ ယဇ်ပလ္လင်​ ခြေရင်းနားမှာ သွန်ရမည်။၁၉ နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ၂၀ အပြစ်​ဖြေရာယဇ် ပြုသောနွားကို ပြုသကဲ့သို့၊ ထိုနည်းတူ ဤနွားကိုပြုသဖြင့်၊ ယဇ်ပုရောဟိတ်သည် လူများတို့အဖို့ အပြစ်​ဖြေခြင်းကို ပြုလျှင်၊ သူတို့အပြစ် လွတ်လိမ့်မည်။၂၁ ထိုနောက်မှ နွားကို တပ်ပြင်သို့ ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ရှို့ရမည်။ ပရိသတ်အဖို့ အပြစ်​ဖြေရာယဇ် ဖြစ်သတည်း။



မင်းအပြစ်ပြုလျှင် ဆိတ်သူငယ် ပူဇော်ရမည်

၂၂ မင်းသည်လည်း တရားကိုမသိ၊ မိမိ ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊ ၂၃ မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ အပြစ်မပါသော ဆိတ်သူငယ် အထီးကို ပူဇော်သက္ကာဖို့ ဆောင်ခဲ့ရမည်။ ၂၄ ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ထာဝရဘုရား ရှေ့တော်၌ မီးရှို့ရာယဇ်ကောင် သတ်ရာ အရပ်တွင် သတ်ရမည်။ အပြစ်​ဖြေရာယဇ် ဖြစ်သတည်း။ ၂၅ ယဇ်ပုရောဟိတ်သည် ထိုအပြစ်ဖြေရာယဇ်၏ အသွေးကို၊ လက်ညှိုးနှင့်ယူ၍ မီးရှို့ရာယဇ် ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ထိုပလ္လင်​ ခြေရင်းနား၌ သွန်ရမည်။ ၂၆ မိဿဟာယယဇ်ကောင် ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ် လွှတ်လိမ့်မည်။



ဆင်းရဲသားအပြစ်ဖြေရာ ဆိတ်သူငယ်ပူဇော်

၂၇ ဆင်းရဲသား တစ်စုံတစ်ယောက်သည် တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊ ၂၈ မိမိပြစ်မှားမိသော အပြစ်ကို သိသောအခါ၊ ထိုအပြစ်အတွက် ပူဇော်သက္ကာဖို့ အပြစ်မပါသော ဆိတ်သူငယ် အမကို ဆောင်ခဲ့ရမည်။ ၂၉ အပြစ်ဖြေရာယဇ်ပြုသော ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကို တင်၍၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာ အရပ်၌ ထိုဆိတ်ကို သတ်ရမည်။ ၃၀ ယဇ်ပုရောဟိတ်သည် အသွေးကို လက်ညှိုးနှင့်ယူ၍၊ မီးရှို့ရာ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ​ခြေရင်းနား၌ သွန်ရမည်။ ၃၁ မိဿဟာယယဇ်ကောင် ဆီဥကို ယူသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဖို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏အပြစ် လွှတ်လိမ့်မည်။



သိုးသူငယ်ကို အပြစ်ဖြေရာ ယဇ်ပြုလိုလျှင်

၃၂ သိုးသူငယ်ကို အပြစ်ဖြေရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အမကို ဆောင်ခဲ့ရမည်။ ၃၃ အပြစ်ဖြေရာယဇ်ပြုသော သိုးခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ၊အပြစ်ဖြေရာယဇ် ဖြစ်စေခြင်းငှာ သတ်ရမည်။ ၃၄ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို လက်ညှိုးနှင့် ယူ၍၊ မီးရှို့ရာယဇ်ပလ္လင် ဦးချိုတို့၌ ထည့်ပြီးမှ ဖြန်းသော အသွေးကို ထိုပလ္လင်​ ခြေရင်းနား၌ သွန်ရမည်။ ၃၅ မိဿဟာယယဇ်ကောင် သိုးသူငယ်ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကိုယူ၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက်၊ အပြစ်​ဖြေခြင်းကို ပြုလျှင်၊ သူ၏အပြစ် လွတ်လိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.