၄ တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော၊ ငါတို့သခင် ယေရှုခရစ်တည်းဟူသော၊ မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးက မိမိပရောဖက်များအားဖြင့်၊သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော၊ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော၊ ယေရှုခရစ်၏ကျွန်ငါပေါလုသည်၊
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည်၊ ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရားသခင် ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၄ ထိုကာလ၌ မြေကြီးပေါ်မှာ၊ ကိုယ်ကြီးမား သောသူ%fo(a)အချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့် ဆက်ဆံ၍ရသောသားတို့ သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူဖြစ်ကြ၏။
s မြေကြီးပေါ်၌ လူအပြစ်ကြီး
၄ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို၊ ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။
၄ အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသောမေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုးအနွယ်နွယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာမိန်းမသည် မတရားသောမေထုန်ကို ပြုဖန်များပြားသောကြောင့်၊
၂၉ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသောမေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကိုမြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
၅ ထိုကြောင့်မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်း တည်းဟူသော၊ မြေကြီးပေါ်မှာ ရှိသောသင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။
၃ ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါ၎င်း၊
၁၀ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကို ညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောကျ်ားချင်း မေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သမျှတို့အဖို့၊ ပညတ်တရားကို ထားသည်၊ ဟုသိမှတ်၍၊ ထိုတရားကို တရားသဖြင့် သုံးသောသူ၌ ပညတ်တရားသည် အကျိုးကို ပေးတတ်သည်၊ ဟုငါတို့သိကြ၏။
၇ ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ မှစ၍ပတ်ဝန်းကျင်၌ ရှိသော(အာဒမာမြို့၊ ဇေဘိုင်မြို့) မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့၊ မတရားသောမေထုန်ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သောသူ(strange flesh ကောင်းကင်တမန်) တို့နှင့်မှားယွင်းခြင်းအမှု၌ ၊ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေ ထင်ရှားလျက် ရှိကြ၏။
s အဓ္ဓမလူတို့သည်နားမလည်သောအရာတို့ကိုကဲ့ရဲ့တတ်
၁၂ ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
၁၃ သူတို့အဆွေအမျိုးချင်း ပေါက်ဖေါ်တော်သောသူကား မိက္ခေလ၊ မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။
၃၉-၄၃ လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သော အာသပ်၊ ဟေမန်လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဖေါ် အာသပ်တစ်ပါး၊
၁၆ မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။
၂၀ မိမိအမျိုးသားတို့တွင် လူတစ်ထောင်ကို အုပ်သော ဗိုလ်အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိ ၊ ဟုဇိလသဲတည်း။
၂ ယုဒရှင်ဘုရင် ယောရှဖတ်သား ယဟောရံ ညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။
၈ ရှေဖတိအမျိုး မိက္ခေလ သား ဇေဗဒိနှင့် ယောကျ်ားပေါင်း ရှစ်ကျိပ်၊
၁၃ ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ်ဆယ်တရက် ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက၊ မိက္ခေလ သည် ငါ့ကို အကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ စိုင်းလင့်၍ နေရ၏။
၁ ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကို စောင့်သော အရှင်ကြီး မိက္ခေလ သည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခ ကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။
၉ ကောင်းကင် တမန်မင်း မိက္ခေလ(Michael) မူကား၊ မောရှေ၏ ကိုယ်ကို အကြောင်း ပြု၍ မာရ်နတ်(the devil)နှင့် ငြင်းခုံသောအခါ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုဝံ့ဘဲ၊ ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူ စေသတည်းဟူ၍ သာပြောဆို၏။
၇ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ နှင့် သူ၏ ကောင်းကင်တမန်တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌ လည်းသူတို့နေစရာမရှိ။
၁၆ ဣသရေလ အမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကို ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည်တကား။
၁၅ ဖြောင့်မတ်သော လမ်းထဲက ထွက်၍ လွဲသွားသဖြင့်၊ ဗောသော်၏သား ဗာလမ်၏လမ်းကိုလိုက်ကြ၏။
၁၄ သို့သော်လည်း ဣသရေလအမျိုးသားတို့သည်၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ မတရားသောမေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ထိမိ၍ လဲစရာအရာကို၊ သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသောသူတည်းဟူသော၊ ဗာလမ်၏အယူကို စွဲလမ်းသောသူတို့သည်၊ သင်၏နေရာ၌ ရှိကြသည်ဖြစ်၍၊ သင်၌ အနည်းငယ်သော အပြစ်တင်စရာရှိ၏။