-
AA
+
🡀
|
🡂
ဆာလံကျမ်း
၅၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၅၁

ဒါဝိဒ်သည် ဗာသရှေ့ဘနှင့် မှားယွင်း၍၊ ပရောဖက် နာသန်၏ ဆုံးမခြင်းကို ခံပြီးမှ စပ်ဆိုသောဆာလံ

အိုဘုရားသခင် ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း အ​ကျွန်ုပ်ကို သနားတော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာ များပြားသည်နှင့်အညီ အ​ကျွန်ုပ် လွန်ကျူးခြင်း အပြစ်ကို ဖြေတော်မူပါ၊၊

အ​ကျွန်ုပ် လွန်ကျူးပါပြီ၊ ဟုဝန်ချလျက် ကိုယ်အပြစ်ကို အစဉ်မပြတ်အောက် မေ့လျက်နေပါ၏၊၊

ကိုယ်တော်ကို ပြစ်မှားပါပြီ၊၊ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသော အမှုကိုပြုပါပြီ၊၊ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏၊၊ တရား စီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏၊၊ [A]

အ​ကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိပါ၏၊၊ အမိဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင် အပြစ်စွဲပါ၏၊၊


ဟုတ်မှန်​ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍ အ​ကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ၊၊

အ​ကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်း မင်္ဂလာကို ပေးတော်မူပါ၊၊ အ​ကျွန်ုပ်ကို မိုးပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊

စိတ်သက်သာ ဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အ​ကျွန်ုပ်အား ကြားစေတော်မူသည်၊၊

သို့ပြုလျှင် ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်း ရှိကြပါလိမ့်မည်၊၊ အ​ကျွန်ုပ် လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာတော်ကိုလွှဲ၍ အ​ကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း​ ဖြေတော်မူပါ၊၊

၁၀
အိုဘုရားသခင် အ​ကျွန်ုပ်အထဲ၌ စင်ကြယ်သော နှလုံးကို ဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ် ပြုပြင်တော်မူပါ၊၊

၁၁
အ​ကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊(a)

၁၂
ကယ်တင်တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန်၍ ပေးသနားတော်မူပါ၊၊ ကြည်ညိုသော စေတနာစိတ် သဘောသည် အ​ကျွန်ုပ်ကို ထောက်မပါစေသော်၊၊

၁၃
အ​ကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားတော်လမ်းကို ပြသသွန်သင်ပါမည်၊၊ အပြစ်ရှိသောသူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။


CROSS REFERENCES





၁၄
အိုဘုရားသခင် အ​ကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားလူ အသတ်ကို သတ်ခြင်းအပြစ်နှင့် အ​ကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အ​ကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊

၁၅
အိုထာဝရဘုရား အ​ကျွန်ုပ်၏ နှုတ်ကို ဖွင့်တော်မူပါ၊၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမြွက်ဆိုပါမည်၊၊

၁၆
ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ၊၊ [B] သို့မဟုတ်လျှင် ယဇ်ပူဇော်ပါမည်၊၊ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ၊၊

၁၇
ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း၊၊ အိုဘုရားသခင် ကိုယ်တော်သည်ကျိုးပဲ့​ကြေမွသော နှလုံးကို ငြင်းပယ်တော် မမူတတ်ပါ၊၊


၁၈
စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ၊ ယေရုရှလင်မြို့ရိုးကို တည်စေတော်မူပါ။

၁၉
ထိုအခါ တရားသဖြင့် ပူဇော်သောယဇ်၊ မီးရှို့သောယဇ်၊ တကိုယ်လုံး မီးရှို့သော ယဇ်နှင့် မွေ့လျော်တော်မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော် ပေါ်မှာ နွားလားတို့ကို ယဇ်ပူဇော် ကြပါလိမ့်မည်၊၊


_________________________
Footnotes

၁၁
(a) ဓမ္မာဟောင်းကာလ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို ဣသရေလ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ဘုရား အသုံးပြုသော လူများထံ၌ သာလျှင်ပေး၍၊ သူတို့အပြစ်လုပ်လျှင် ပြန်ရုပ်သိမ်းသွားတတ်သည်။ ဥပမာရှောလုနှင့် ရှံဆုန်ထံမှ ဝိညာဉ်တော်ထွက်သွားသည်။ ထို့ကြောင့် ဒါဝိဒ်မင်းလည်း အပြစ်ကျူးလွန်သောအခါ၊ သူ့ထံမှ ဝိညာဉ်တော် ရုပ်သိမ်းသွားမှာ ကိုကြောက်၍၊ မရုပ်သိမ်းပါမည့်အကြောင်း ဆုတောင်းသည်။ ဓမ္မသစ်ကာလတွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သူတိုင်းထံ၌ ပေး၍ (ဧဖက် ၁း၁၃) ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် တံဆိပ်ခပ်သောကြောင့်၊ အပြစ်ကျူးလွန်သောအခါ မရုပ်သိမ်းတော့ဘဲ စိတ်နာစေသည် (ဧဖက် ၄း၃၀)။ ထို့ကြောင့် ဝိညာဉ်တော် စိတ်မနာစေဘို့ရန် အပြစ်ကို နောင်တရ၍ အသက်တာကို ပြုပြင်ဘို့လိုသည်။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.