ဆာလံကျမ်း
အခန်းကြီး ၁၂၅
၁
ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သောဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။
၂
တောင်ရိုးတို့သည် ယေရုရှလင် မြို့ကို ဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။
၃
ဖြောင့်မတ် သောသူတို့သည် ဒုစရိုက်ကို ပြုသောအခွင့် မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သောသူတို့၏ အမွေခံရာအဘို့ အပေါ်မှာ မတည်မနေရ။
၄
အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘောဖြောင့်သောသူတို့အား ကျေးဇူးပြုတော်မူပါ။
၅
ကောက်သော လမ်းများသို့ လွှဲသွားသောသူတို့ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့် ပြုသောသူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော်။