-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၀၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၀၉

မေတ္တာအတွက် မုန်းတီးခြင်း ပေးဆပ်ကြ

အ​ကျွန်ုပ်ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်၊

မနာလိုသော စိတ်နှင့် စကားပြောလျက် အ​ကျွန်ုပ်ကို ဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏၊

အ​ကျွန်ုပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အ​ကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏။

အ​ကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်းသော အပြစ်ကို၎င်း၊ အ​ကျွန်ုပ် မေတ္တာအတွက် မုန်းခြင်းကို၎င်း ဆပ်ပေးကြပါ၏။


ရန်သူကို ဒဏ်ခတ်မည့်အကြောင်း ဆုတောင်း

ထိုသို့သောသူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ယာနားမှာ ရန်သူနေပါစေ။

သူသည် တရားစီရင်ခြင်းကို ခံရာတွင် ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။

သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။

သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုဆိုးမဖြစ်ပါစေ၊

၁၀
သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်းစားဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍ အစာကို ရှာကြပါစေ။

၁၁
သူ၌ ရှိသမျှကို ကြွေးရှင် သိမ်းယူပါစေ။ သူလုပ်၍ရသော ဥစ္စာကိုလည်း တစ်ပါးအမျိုးသား လုယူပါစေ။

၁၂
သူ၌ ကျေးဇူးပြုသောသူ သူ၏ဘသားဆိုးတို့ကို ကယ်မသနားသောသူ တစ်ယောက်မျှ မရှိပါစေနှင့်။

၁၃
သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက်၍ တစ်ဆက်တည်းတွင် သူတို့၏နာမည်သည် ကျေပျောက်ပါစေ။

၁၄
သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မ​ဖြေပါစေနှင့်။

၁၅
ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲထင်ရှား၍ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းတော်မူပါစေ။

၁၆
အကြောင်းမူကား ထိုသူသည် ကယ်မသနားခြင်းငှာ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက်သောသူကို သေစေသည့်တိုင်အောင် ညှဉ်းဆဲပြီ။

၁၇
သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီး မင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။

၁၈
အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုးထဲသို့၎င်း ဝင်ပါစေ။

၁၉
သူ၏ကိုယ်ကို ခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း၊ သူ၌ ဖြစ်ပါစေ။

၂၀
ငါ၏ဝိညာဉ်တဘက်၌ မကောင်းသော စကားကို ပြောတတ်သောငါ၏ ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရဘုရားထံ ခံရကြပါစေ။


အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ

CROSS REFERENCES





၂၁
အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အ​ကျွန်ုပ်အမှုကို စောင့်တော်မူပါ၊ ကရုဏာတော် ကောင်းသည်ဖြစ်၍ အ​ကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။

၂၂
အ​ကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အ​ကျွန်ုပ်အထဲ၌ နှလုံးနာလျက်ရှိပါ၏။

၂၃
ရှည်လျားသော အရိပ်ကဲ့သို့ အ​ကျွန်ုပ် ရွေ့သွားပါ၏။ [A] ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက် ရှိပါ၏။

၂၄
အစာမစားဘဲ နေရသောကြောင့် ဒူးဆစ်နုန့်နဲ့၍ အသားလည်း လျော့ပါ၏။

၂၅
အ​ကျွန်ုပ်သည်လည်း သူတစ်ပါးတို့ ကဲ့ရဲ့စရာအကြောင်းဖြစ်၍ သူတို့သည် အ​ကျွန်ုပ်ကို မြင်သောအခါ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏၊

၂၆
အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အ​ကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော် ရှိသည်အတိုင်း ကယ်တင်တော်မူပါ။

၂၇
ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍ ထာဝရဘုရား တည်းဟူသော ကိုယ်တော် စီရင်တော်မူသည်၊ ဟုထိုသူတို့သည် သိကြပါစေသော်။

၂၈
ထိုသူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်မူကား ကောင်းကြီး ပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော်။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော်။

၂၉
အ​ကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍ စောင်နှင့်ခြုံသကဲ့သို့ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကို ခြုံကြပါစေသော်။

၃၀
အ​ကျွန်ုပ်သည် နှုတ်မြွက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန် ချီးမွမ်းပါမည်။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည်၊၊

၃၁
အကြောင်းမူကား ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ် စီရင်သောသူတို့လက်မှ ကယ်တင်ခြင်းငှာ သူ၏ လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏၊၊




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.