ဆာလံကျမ်း
အခန်းကြီး ၁၄၂
၁
ငါသည် ထာဝရဘုရား ထံသို့အသံကို လွှင့်၍ အော်ဟစ်၏၊၊ ငါ့အသံကို ထာဝရဘုရား ထံသို့လွှတ်၍ ဆုတောင်း ပဌနာပြု၏၊၊
၂
ရှေ့တော်၌ မြည်တမ်းသော စကားကိုမြွက်၍ ခံရသော ဆင်းရဲဒုက္ခများကို ကြားလျှောက်ရ၏၊
၃
အကျွန်ုပ်သည် စိတ်ပျက်လျက် ရှိသောအခါ အကျွန်ုပ် သွားသောလမ်းကို ကိုယ်တော် သိတော်မူ၏၊၊ အကျွန်ုပ် သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ၊၊
၄
လကျာ်ဘက်သို့ အကျွန်ုပ် ကြည့်ရှုသောအခါ အကျွန်ုပ်သိကျွမ်းသောသူ မရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏၊၊ အကျွန်ုပ်အသက်ကို နှမြောသောသူ မရှိပါ၊၊
၅
အိုထာဝရဘုရား ကိုယ်တော်ကို အော်ဟစ်ပါ၏၊၊ အသက်ရှင်သော သူတို့၏နေရာ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာအကျွန်ုပ် ခံစားရာအဘို့ ဖြစ်တော်မူ၏၊၊
၆
အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ ကြွေးကြော် သံကို နားထောင်တော်မူပါ၊၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့လက်မှ ကယ်နှုတ်တော်မူပါ၊၊ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီး ကြပါ၏။
၇
နာမတော်ကိုအကျွန်ုပ် ချီးမွမ်းရမည်အကြောင်း အကျွန်ုပ်ကို ထောင်ထဲက နှုတ်ဆောင်တော်မူပါ၊၊ ထိုသို့သော ကျေးဇူး ပြုတော်မူအခါ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက် နေကြပါလိမ့်မည်၊၊