ဆာလံကျမ်း
အခန်းကြီး ၁၂
ထာ၀ရဘုရား ကယ်တော်မူပါ
၁
အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ၊၊ သူတော်ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏၊၊
၂
အိမ်နီးချင်းတို့သည် တဦးကိုတဦးမုသာသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြ၏၊၊ [A]
၃
ငါတို့သည် ကိုယ်လျှာအားဖြင့်နိုင်မည်၊၊
၄
ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့်မည်၊၊ ငါတို့၏သခင်ကား အဘယ်သူနည်း၊ ဟုပြောဆိုသောသူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်၊၊
ထာ၀ရဘုရားကငါကယ်မည်ဟုဆို
၅
ဆင်းရဲသောသူသည် ခံရသော ညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်၊၊ ကဲ့ရဲ့ခြင်းကိုခံရသောသူ အားချမ်းသာပေးမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏၊၊
၆
ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့်ကင်းစင်စေခြင်းငှါ မိုက်၌ ခုနစ်ကြိမ်စစ်သော ငွေကဲ့သို့ ဖြစ်ကြ၏၊
၇
အိုထာဝရဘုရား ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ် စောင့်မတော်မူမည်၊၊
၈
ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည်ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏၊၊