-
AA
+
🡀
|
🡂
ဆာလံကျမ်း
၁၃၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၁၃၉

အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။

အ​ကျွန်ုပ် သွားသောလမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အ​ကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို​ ကျွမ်းတော်မူ၏။

အ​ကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။

ကိုယ်တော်သည် အ​ကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အ​ကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။

ထိုသို့သော ဥာဏ်သည် အံ့ဩဘွယ်ဖြစ်၍၊ အ​ကျွန်ုပ် မတတ်နိုင်ပါ။ မြင့်မြတ်သည်ဖြစ်၍ အ​ကျွန်ုပ် မမှီနိုင်ပါ။

ဝိညာဉ်တော်နှင့် လွတ်ခြင်းအလို့ငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်း အလို့ငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။

ကောင်းကင် သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌ အိပ်ရာကို ခင်းလျှင် ကိုယ်တော် ရှိတော်မူ၏။

နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒ​ရာစွန်း၌ နေလျှင်၊

၁၀
ထိုအရပ်၌ပင် ကိုယ်တော်၏ လက်သည် အ​ကျွန်ုပ်ကို ပို့ဆောင်လျက်၊ လကျ်ာလက်တော်သည် ကိုင်လျက် ရှိပါလိမ့်မည်။

၁၁
အကယ်၍ မှောင်မိုက်သည် ငါကို ဖုံးလွှမ်းမည်၊ ဟုတဖန်ဆိုလျှင်၊ ညသည်လည်း အ​ကျွန်ုပ် ပတ်ဝန်းကျင်၌ အလင်း ဖြစ်ပါလိမ့်မည်။

၁၂
အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညသည် နေ့ကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည် တူပါ၏။


၁၃
ကိုယ်တော်သည် အ​ကျွန်ုပ်၏ ကျောက်ကပ်ကို ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အ​ကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။

၁၄
အ​ကျွန်ုပ်သည် ကြောက်မက်ဘွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါမည်။ ပြုပြင်တော်မူသော အမှုတို့သည် အံ့ဩဘွယ် ဖြစ်ကြောင်းကို အ​ကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။

၁၅
မထင်ရှားသောအရပ်၌ အ​ကျွန်ုပ်ကို ဖန်ဆင်း၍၊ မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသောအခါ၊ အ​ကျွန်ုပ်၏ ကိုယ်ခန္ဓာသည် ရှေ့တော်၌ ထင်ရှားလျက်ရှိပါ၏။

၁၆
မစုံလင်သေးသော အ​ကျွန်ုပ်၏ အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစုံတခုမျှ မရှိမှီကာလတွင်၊ ကိုယ်တော်၏ စာရင်း၌ အကုန်အစင် မှတ်သားလျက် ရှိကြပါ၏။

၁၇
အိုဘုရားသခင်၊ အ​ကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန် ထူးဆန်းကြပါ၏။ အလွန်များပြား ကြပါ၏။

၁၈
ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှ မကသာ၍ များပြားကြပါ၏။ အ​ကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။


CROSS REFERENCES





၁၉
အိုဘုရားသခင်၊ ကိုယ်တော်သည် မတရားသောသူတို့ကို ကွပ်မျက် တော်မူပါစေသော်။ လူအသက်ကို သတ်တတ်သောသူတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ထိုသူတို့သည်

၂၀
ကိုယ်တော်တဘက်၌ မနာလိုသောစိတ်နှင့် ပြောဆို၍၊ ကိုယ်တော်၏ ရန်သူတို့သည် မတရားသဖြင့် ဝါကြွားကြပါ၏။

၂၁
အိုထာဝရဘုရား၊ ကိုယ်တော်ကို မုန်းသောသူတို့ကို အ​ကျွန်ုပ် မုန်းပါသည် မဟုတ်လော။ အာဏာတော်ကို ဆန်သောသူတို့ကို အ​ကျွန်ုပ် ရွံ့ရှာပါသည် မဟုတ်လော။

၂၂
ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့ မုန်းပါ၏။ ကိုယ်ရန်သူကဲ့သို့ မှတ်ပါ၏။

၂၃
အိုဘုရားသခင်၊ အ​ကျွန်ုပ်ကို စစ်ကြော၍၊ အ​ကျွန်ုပ်၏ နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ [A]

၂၄
ဆိုးသောလမ်းသို့ အ​ကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.