-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၉


ပဉ္စမတံပိုးမှုတ်ခြင်း၊ ကျိုင်းကောင်များ

ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသော တွင်း၏သော့ကို အပ်ပေးသည်ဖြစ်၍၊ သူသည် အနက်ဆုံးသော တွင်းကို ဖွင့်လျှင်၊ ကြီးစွာသောမီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်းထဲကတက်လေ၏။ ထိုတွင်း၏မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍၊ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ၏။ မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသောလူတို့ကိုသာ၊ ညှဉ်းဆဲမည်အကြောင်း သူတို့အား ပညတ်ထား၏။ တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါလပတ်လုံး ပြင်းစွာသော ဝေဒနာဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင်ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း။


သေခြင်းရှာသော်လည်းမသေနိုင်

ထိုနေ့ရက်ကာလ၌ လူတို့သည်သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန်သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဍာန်သည်၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဍာန်နှင့် တူ၏။ ခေါင်းပေါ်မှာ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။ ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ဖြစ်၏။ ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည်၊ စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။ ၁၀ အမြီးသည် ကင်းမြီးကောက်နှင့်တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကိုငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။ ၁၁ သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန် (Abaddon)ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန် (Apollyon) ဟူ၍၎င်း၊ ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ်၏။ ၁၂ အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာနှစ်ပါး လာလေဦးမည်။


ဆဌမတံပိုးမှုတ်၊ ကောင်းကင်တမန်လေးပါးကိုလွှတ်

၁၃ ဆဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင့်ရှေ့တော်၌ ရှိသော၊ ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သောအသံကား၊ ၁၄ ဥဖရတ်မြစ်ကြီး (Euphrates)နားမှာ ချည်နှောင်လျက်ရှိသော၊ ကောင်းကင်တမန် လေးပါးကို လွှတ်လော့။ ဟုတံပိုးရှိသော ဆဌမကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ ၁၅ ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ပြင်ဆင်သော၊ ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။


မြင်းစီးသူရဲသန်းနှစ်ရာ

၁၆ မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ(သန်းနှစ်ရာ)ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ ၁၇ ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသောမြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိန္တုကျောက်နှင့်ပြီးသော ရင်အုပ်တန်ဆာရှိသော၊ မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ခံတွင်းထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ ၁၈ သူတို့၏ခံတွင်းထဲက ထွက်သောကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။၁၉ အကြောင်းမူကား၊ သူတို့တန်ခိုးသည်ခံတွင်း၌၎င်း၊ အမြီး၌ ၎င်းတည်၏။ အမြီးသည် ခေါင်းနှင့်ပြည့်စုံ၍ ​မြွေနှင့်တူ၏။ အမြီးအားဖြင့် ညှဉ်းဆဲတတ်ကြ၏။


ရုပ်တုများကိုးကွယ်ခြင်းမှနောင်တမရ

၂၀ ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည်၊ နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ​ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း၊ မကိုးကွယ်ဘဲနေခြင်းငှါ၊ ကိုယ်လက်နှင့်လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။ ၂၁ ကိုယ်ကျင့်သော အကျင့်တည်းဟူသော၊ လူအသက်ကိုသတ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ အမှုများကိုလည် နောင်တမရဘဲ နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.