-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၈


သန့်ရှင်းသူများဆုတောင်းခြင်းနံ့သာပေါင်းကဲ့သို့
CROSS REFERENCES






သတ္တမတံဆိပ်ကို ဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာနေကြ၏။ ဘုရားသခင့်ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။ ကောင်းကင်တမန်တပါးသည် လာ၍၊ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာ၊ သန့်ရှင်းသူအပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ ပေး၏။ [A] မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည်၊ သန့်ရှင်းသူတို့၏ ပဌနာများနှင့်အတူ၊ ကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။ ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်း ဖြစ်ကြ၏။ [B]


ပဌမတံပိုးမှုတ်ခြင်း

တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည်၊ မှုတ်အံ့သောငှါ မိမိတို့ကို ပြင်ဆင်ကြ၏။ ပဌမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့်ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသောမြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။


ဒုတိယတံပိုးမှုတ်ခြင်း

ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သောတောင်ကြီးကို ပင်လယ်ထဲသို့ချလိုက်သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်း သေ၏။ သင်္ဘောသုံးစုတစုလည်း ပျက်၏။


တတိယတံပိုးမှုတ်ခြင်း

၁၀ တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။ ၁၁ ထိုကြယ်သည် ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည်သေကြ၏။


စတုတ္ထတံပိုးမှုတ်ခြင်း
CROSS REFERENCES






၁၂ စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညသုံးစုတစုသည် အလင်းမရှိ။ [C] ၁၃ ထိုအခါ ငါကြည့်လျှင်၊ လင်းယုန်တကောင်က (a) ၊ ကြွင်းသေးသော ကောင်ကင်တမန် သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်၊ မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏၊ ဟုကောင်းကင်အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကို ငါကြား၏။

_________________________
Footnotes


(a)

၁၃ ဤနေရာ၌ အင်္ဂလိပ်ကျမ်းစာအုပ် King James Version ကသာလျှင် ကောင်းကင်တမန်တပါး။ ဟုဘာသာပြန်၍၊ အခြားသော ဘာသာပြန်အားလုံးက လင်းယုန်တကောင်၊ ဟုဘာသာပြန်ကြသည်။ မြန်မာကျမ်းစာအုပ်၌ ရွှေလင်းတကောင် ၊ ဟုဘာသာပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.