၇ လူတမျိုးနှင့် တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံ၊ ရန်ဘက်ပြု ကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၅ ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်း ဖြစ်ကြ၏။
s ပဌမတံပိုးမှုတ်ခြင်း
၁၃ ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၍၊ မြို့ရိုးဆယ်စုတစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသောသူတို့သည်ကြောက်ရွံ့၍၊ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။
၁၈ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍၊ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။
၂၁ တဖန် ထာဝရဘုရားက၊ အဲဂုတ္တုပြည် တလျှောက်လုံး၌ မှောင်မိုက် သာမည မဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ ဆန့်လော့၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊
၂၈ မှောင်မိုက်ကို စေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရ။
၇ သင့်ကိုဆုံးစေသောအခါ မိုးကောင်းကင်ကို ငါဖုံးလွှမ်း၍ ကြယ်တို့ကို မိုက်စေရမည်။ နေကိုမိုးအုံစေ၍ လသည်လည်း အလင်းကိုမပေးရ။
၄၅ မွန်းတည့်အချိန်မှစ၍ သုံးချက်တီး အချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။
၃၃ မွန်းတည့်အချိန်မှစ၍ သုံးချက်တီး အချိန်တိုင်အောင်၊ မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။
၄၄ ထိုအချိန်သည် မွန်းတည့် အချိန်လောက်ဖြစ်၍၊ သုံးချက်တီး အချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
၁၂ စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညသုံးစုတစုသည် အလင်းမရှိ။
၁၀ ပဥ္စမ ကောင်းကင်တမန်သည် မိမိဖလားကို၊ သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့်၊ မိမိတို့လျှာကို ကိုက်ခဲကြ၏။
၄ ခပ်သိမ်းသော ကောင်းကင် တန်ဆာတို့သည် ပြုတ်၍၊ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက် ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီး ကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင် တန်ဆာတို့သည် ကျကြလိမ့်မည်။
၆ မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ မြေကြီးကိုလည်းငုံ့၍ ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ် ပျောက်၍၊ မြေကြီးသည် အဝတ်ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင်ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ့၏ ကယ်တင်ခြင်းတရားမူကား၊ အစဉ်အမြဲတည်လိမ့်မည်။ ငါ့၏ ဖြောင့်မတ်ခြင်းတရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။
sလူတို့ကဲ့ရဲ့ခြင်းမကြောက်နှင့်
၄ မီးရှေ့မှာ ဖယောင်းကဲ့သို့၎င်း၊ ချောက်ကြီးမှ ဆင်းသောရေကဲ့သို့၎င်း၊ ရှေ့တော်၌ တောင်တို့သည် အရည်ဖြစ်၍၊ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။
၃၅ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။
s နောဧလက်ထက်၌ ဖြစ်သကဲ့သို့
၁၀ သူခိုးသည် ညအခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
s သန့်ရှင်းခြင်းဘုရားဝတ်၌ မွေ့လျော်ခြင်းရှိကြလော့
၁၄ မိုးကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။
၁၁ တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။
၁ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ ထိုအခါမှစ၍ သမုဒ္ဒရာမရှိ။
၁၀ တောင်ကြီးတို့သည်ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရ၊ ဟုသင်၌ သနားခြင်း ကရုဏာစိတ် ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
sဘုရားက ကြည့်ရှုပြုစုမည်
၂၄ တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက် နေကြ၏။
၂၀ ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ တောတိရစ္ဆာန်နှင့်မြေ၌ တွားတတ်သော တိရစ္ဆာန်၊ မြေပေါ်မှာရှိသော လူအပေါင်းတို့သည်၊ ငါ့ရှေ့မှာ တုန်လှုပ်ကြလိမ့်မည်။ တောင်တို့သည် ပြိုလျက် အစောက်မြင့်သော အရပ်တို့သည် လဲလျက်၊ အလုံးစုံသော အုတ်ရိုးပြိုလျက် ရှိကြလိမ့်မည်။
၅ အသီးအသီး ဒိုင်းလွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသော ပေရသိပြည်သား(အီရန်)၊ ကုရှပြည်သား (ဆူဒန်)၊ ဖုတပြည်သား(လစ်ဗျား)၊
၂၀ အချိန်အခွက်တစ်ဆယ် (ပေါင် ၁၀၀) ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုးသီး ဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။
_________________________
Footnotes