-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၅


စာစောင်ဖွင့်မည့်သူယေရှု

ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍၊ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်က်ျာလက်၌ ငါမြင်၏။ အားကြီးသော ကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကို ခွါခြင်းငှါ၊ အဘယ်သူ ထိုက်သနည်း၊ ဟုကြီးသောအသံနှင့်၊ ကြွေးကြော်လျက် ရှိသည်ကိုငါမြင်၏။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ၊ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။ ထိုအခါ အသက်ကြီးသောသူ တပါးက၊ မငိုကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်း ဟူသော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီ။ ဟုငါ့ကိုပြော ဆို၏။


သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့ယေရှုကိုချီးမွမ်း
CROSS REFERENCES





CROSS REFERENCES






ထိုအခါပလ္လင်တော်မှစသော၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့သော သိုးသငယ်သည်၊ ရပ်လျက်ရှိသည်ကိုငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌၊ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။ သူသည်လာ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်မှ စာစောင်ကိုခံယူလေ၏။ ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ [A] စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ်ရှေ့၌ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အ​ကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ ၁၀ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ [B]ယဇ်ပုရောဟိတ်အရာ၌၎င်း၊ [C] ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏။ ဟုအသစ်သော သီချင်းကိုသီ၍ လျှောက်ဆိုကြ၏။


ကောင်းကင်တမန်တို့က ခမည်းတော်နှင့်ယေရှုချီးမွမ်း

၁၁ ထိုအခါငါကြည့်၍၊ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌၊ ကုဋေသင်္ချေမက (myriads of myriads, and thousands of thousands) အတိုင်း မသိများစွာသော ကောင်းကင်တမန်တို့၏အသံကို ငါကြား၏။ ၁၂ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏။ ဟုကြီးသောအသံနှင့် ပြောဆိုကြ၏။ ၁၃ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျ သတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ ဟုပြောဆိုကြသည်ကို ငါကြားလေ၏။ ၁၄ သတ္တဝါလေးပါးတို့ကလည်း အာမင်၊ ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.