-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၃


ရှင်ဟန်ရှိ၍သေနေသော သာဒိအသင်းတော်

သာဒိမြို့၌ ရှိသော အသင်းတော်၏တမန်ကို၊ ဤသို့ရေး၍မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့်၊ ကြယ်ခုနစ်လုံးရှိသော သူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း၊ သေလျက်နေသည်ကိုငါသိ၏။ မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ ၊ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ။ ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို၊ အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိရာသို့ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။ သို့သော်လည်း၊ သာဒိမြို့၌ ပင်သင်တို့တွင်၊ ကိုယ်အဝတ်ကို မညစ်ညူးစေသောသူ၊ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူဝတ်လျက်ငါနှင့်အတူ၊ သွားလာကြလိမ့်မည်။ အောင်မြင်သောသူသည်၊ ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။ [A] ထိုသူ၏နာမကို အသက်စာစောင်မှ၊ ငါသည်အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌ ၎င်း၊ ကောင်းကင် တမန်တော်တို့ရှေ့၌ ၎င်း၊ သူ၏နာမကိုငါဝန်ခံမည်။ ၀ိညာဉ်တော်သည် အသင်းတော်တို့အား၊ အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။


အမှုဆောင်သော ဖိလဒေလဖိအသင်းတော်

ဖိလဒေလဖိမြို့၌ ရှိသောအသင်းတော်၏တမန်ကို၊ ဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏တံခါးသော့ကို ကိုင်သောသူ၊ [B] အဘယ်သူမျှ မပိတ်နိုင်အောင်ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏၊ အမိန့်တော်ကား၊ သင်၏အကျင့်ကို ငါသိ၏။ အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို၊ သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သော ခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။ ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူဖြစ်ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသာစကားကို ပြောသောသူတည်းဟူ သော၊ စာတန်၏တရားစရပ်(a) [C]အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည်သင့်ကိုချစ်သည်။ ဟုသိစေခြင်းငှါ၎င်း ငါပြုမည်။ ၁၀ သင်သည် ငါ၏သည်းခံခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားကို၊ စောင့်ရှောက်သောကြောင့်၊ မြေကြီးအပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ၁၁ ငါသည် အလျှင်အမြန်လာမည်။ သင်၏သရဖူကို အဘယ်သူမျှ မယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာကို စွဲကိုင်လော့။ ၁၂ အကြင်သူသည် အောင်မြင်၏၊ ထိုသူကို ငါသည် ငါ၏ဘုရားသခင့် ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင့် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့် အထံတော်မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင့် မြို့တော်၏နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည်အက္ခရာတင်မည်။ ၁၃ ဝိညာဉ်တော်သည် အသင်းတော်တို့အား၊ အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား ကြားပါစေ။


မပူမအေးနွေးရုံရှိသော လောဒိကိအသင်းတော်
CROSS REFERENCES






၁၄ လောဒိကိမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့ အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံ၊ အာမင်၏အမိန့်တော်ကား၊ ၁၅ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အအေးမဟုတ်၊ အပူမဟုတ် သည်ကိုငါသိ၏။ အေးခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။ ၁၆ ထိုသို့အအေးမဟုတ်၊ အပူမ ဟုတ်၊ နွေးရုံရှိသောကြောင့်၊ ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ ၁၇ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှ မလိုဟုပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း [D] ရှိခြင်းဖြစ်သည်ကို၊ မသိပါတကား။ ၁၈ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း၊ ငါ့ထံမှာဝယ်လော့။ [E] သင်၏မျက်စိ မြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့၊ ဟုသင့်အားငါသည်အကြံပေး၏။ ၁၉ ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍၊ သူတို့ကိုဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကိုကိုယ် နှိုးဆော်လော့။ နောင်တရလော့။ ၂၀ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ၊ စားသောက်ရလိမ့်မည်။(b) ၂၁ ငါသည်အောင်မြင်၍၊ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ၊ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည်၊ ငါ၏ပလ္လင်ပေါ်မှာ၊ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။၂၂ ၀ိညာဉ်တော်သည်၊ အသင်းတော်တို့အား၊ အဘယ်သို့မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည်ကား၊ ကြားပါစေ၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


(a) συναγωγῆς Σατανᾶ ကိုမြန်မာကျမ်းစာအုပ်၌ "စာတန်၏အပေါင်းအသင်း" ဟုရေးထားသည်။ ထိုအရာသည် "စာတန်၏တရားစရပ်" (synagogue of Satan) ဟုဘာသာပြန်ရမည့်အရာဖြစ်သည်။

၂၀ (b) အဘယ်ကြောင့် ယေရှုက စားသောက်မည့်အရာကို ပြောသနည်းဟူမူကား စားသောက်ခြင်းအမှုကို စီစဉ် သောသူသည် အိမ်ရှင်ဖြစ်သည်။ ယေရှုသည် လူတိုင်း၏ စိတ်နှလုံးသို့မဟုတ် အသက်တာ၌ ဝင်သောအခါ၊ ဧည့်သည်အနေဖြင့် မဟုတ်ဘဲ အိမ်ရှင်အနေဖြင့် ဝင်ချင်သည်။ နာမည်ခံခရစ်ယာန်များသည် ယေရှုကိုတံခါးအပြင်ဖက်၌ တံခါးခေါက်နေသော်လည်း မဖွင့်ပေးကြပါ။ ကယ်တင်ခြင်းသို့ရောက်သော ခရစ်ယာန်များလည်း ယေရှုကိုလက်ခံသော်လည်း၊ အိမ်ရှင်အဖြစ်လက်မခံဘဲ ဧည့်အဖြစ် ဧည့်ခန်း၌ ထိုင်ခိုင်းနေကြသည်။ ဆိုလိုသည်မှာ ယေရှုကို သခင်အဖြစ်လက်မခံသောကြောင့် ငါ့သဘောဟု မည်သည့်အရာမဆို ပြုလုပ်နေကြသည်။ ယခုမှစ၍ သခင်ယေရှုကို သခင်အဖြစ်လက်ခံကြပါစို့။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.