-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၂၂


အသက်ပင်ရှိသောမြို့
CROSS REFERENCES






တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို [A] ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ [B] ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဘို့ ဖြစ်၏။


ဘုရားဝတ်ပြုကြမည်
CROSS REFERENCES






နောက်တဖန် ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ မျက်နှာတော်ကို မြင်ရ၍၊ သူတို့နဖူး၌လည်း နာမတော်ရေးထားလျက် ရှိလိမ့်မည်။ ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည်၊ သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ [C]


ဘုရားသခင်ကိုကိုးကွယ်လော့
CROSS REFERENCES






ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင် ဘုရားသခင်သည်၊ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို မိမိ​ကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ငါသည် အလျှင်အမြန်လာမည်၊ [D] ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည်၊ မင်္ဂလာရှိ၏၊ ဟုပြောဆို၏။ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌၊ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား၊ သင်၏ လုပ်ဖေါ်ဆောင်ဘက် ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့်၊ ဤစာစောင်၏စကားကို စောင့်ရှောက်သောသူတို့၏၊ လုပ်ဖေါ်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့၊ [E]ဟုပြောဆို၏။


တံဆိပ်မခတ်နှင့်၊ ငါသည်အလျှင်အမြန်လာမည်
CROSS REFERENCES





CROSS REFERENCES






၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ​ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျှင်အမြန်လာမည်။ [F] ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ [G] ၁၃ ငါသည်အာလဖ (Alpha) ဖြစ်၏။ ဩမေဃ(Omega)လည်းဖြစ်၏။ [H] အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။ [I]


သခင်ယေရှုဘုရားလာခဲ့ပါ
CROSS REFERENCES





CROSS REFERENCES






၁၄ အသက်ပင် [J]နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။၁၅ ပြင်၌ ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်းတော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏ အမြစ်ဖြစ်၏၊ [K] အနွယ်လည်းဖြစ်၏။ [L] ထွန်းတောက်သော မိုးသောက်ကြယ် [M](a) လည်းဖြစ်၏။ ၁၇ ၀ိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါ၊ ဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ [N] အလိုရှိသောသူသည် အဘိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။


ဤစာစောင်၌ ထပ်မထည့်ရနှုတ်မပယ်ရ

၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား၊ ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို၊ ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုသောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ ၂၀ ငါသည် အလျှင်အမြန်လာမည် မှန်ပေ၏၊ [O] ၊ ဟု၂၁ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု ကြွလာတော်မူပါ၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။

_________________________
Footnotes


(a) ၁၆ မိုးသောက်ကြယ်သည် ခရစ်တော်ဖြစ်သည်။ သို့သော်ဟေရှာယ ၁၄း၁၂ ၌ စာတန်လည်း မိုးသောက်ကြယ်ဟုဆိုသည်။ အကြောင်းမှာ စာတန်သည် ခရစ်တော်ကိုအံတုသည်၊ ခရစ်တော်ကိုပြိုင်ဆိုင်သည်။

ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန်စီရင်ရေးထားသော ဗျာဒိတ်ကျမ်းပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.