-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၂၁


ကောင်းကင်သစ်နှင့်မြေကြီးသစ်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ၊ [A] ထိုအခါမှစ၍ သမုဒ္ဒ​ရာမရှိ။ သန့်ရှင်းသော မြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည်၊ မိမိခင်ပွန်းဖို့တန်ဆာဆင်သော မင်္ဂလာဆောင်သတို့ သမီး [B]ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှ ကြီးသောအသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍၊ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ [C] နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။


ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းပြီ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ ကလည်း၊ ငါသည် ခပ်သိမ်းသောအရာတို့ကို၊ အသစ်ဖန်ဆင်းသည်၊ ဟုမိန့်တော်မူ၏။ တဖန်တုံ၊ ရေးထားလော့၊ ဤစကားသည်သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏ ဟူ၍၎င်း၊ အမှုပြီးပြီ။ ငါသည်အာလာဖ(Alpha)ဖြစ်၏။ ဩမေဃ(Omega)လည်း ဖြစ်၏။ [D]အစနှင့်အဆုံးလည်း ဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။ [E] အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံ [F]ရလိမ့်မည်။ ငါသည်သူ၏ ဘုရားသခင် ဖြစ်မည်။ [G]သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော၊ ကန့်နှင့်လောင်သော မီးအိုင်ထဲ၌ ၊ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း၊ ငါ့အားမိန့်တော်မူ၏။


မင်္ဂလာဆောင်သတို့သမီး
CROSS REFERENCES






နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့်၊ ပြည့်စုံသော ဖလားခုနစ်လုံးကို၊ ဆောင်သော ကောင်းကင်တမန်ခုနစ်ပါးတွင် တပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်းဟူသော၊ မင်္ဂလာဆောင် သတို့သမီး [H]ကို ငါပြမည်၊ ဟုပြောဆိုလျက်၊ ၁၀ ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့်၊ ငါ့ကိုဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည်၊ ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။


ယေရုရှလင်မြို့

၁၁ ထိုမြို့၏အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့်တူ၏။ ၁၂ ကြီးမြင့်သောမြို့ရိုးလည်းရှိ၏။ ၁၃ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌ သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက်ရှိ၏၊ ထိုတံခါးတဆယ်နှစ်ပေါက်၌ ၊ ကောင်းကင်တမန် တဆယ်နှစ်ပါးရှိ၏၊ ဣသရေလအမျိုး တဆယ်နှစ်မျိုး၏ နာမတို့သည်၊ ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။ ၁၄ မြို့ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော်တဆယ်နှစ်ပါး၏ နာမတို့သည်၊ မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။


မြို့အတိုင်းအရှည်နှင့်မြို့ရိုးများ

၁၅ ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း၊ တိုင်းခြင်းငှါ တိုင်းစရာရွှေကျူလုံးပါ၏။၁၆ မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့်မြို့ကို တိုင်း၍မြို့၏အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။(a) မြို့ရိုးထုကိုတိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေး တောင်ရှိ၏။ ၁၈ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သော ဖန်နှင့်တူသော ရွှေစင်ဖြစ်၏။ ၁၉ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပဌမအမြစ်ကား နဂါးသွဲ့ဖြစ်၏။ ဒုတိယအမြစ် ကားနီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကား မြ၊ ၂၀ ပဥ္စမအမြစ်ကား ကြောင်၊ ဆဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမအမြစ်ကား ဝါကိသု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။ ၂၁ တံခါးရွက် တဆယ်နှစ်ရွက် အသီးသီးတို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ် ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်၏။


ဘုရားသခင်နှင့်သိုးသငယ်အလင်း

၂၂ မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည်၊ ထိုမြို့၏ ဗိမာန်တော် ဖြစ်တော်မူ၏။ ၂၃ ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။ ၂၄ လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကို အမှီပြု၍၊ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင် တို့သည်လည်း၊ မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ ၂၅ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညမူကားမရှိ။ ၂၆ လူအမျိုးမျိုးတို့သည် မိမိတို့ဘုန်းအသရေကို၊ ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ ၂၇ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ၊ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏အသက်စာစောင်၌ စာရင်းဝင်သောသူတို့သာလျှင် ဝင်ရ၏။

_________________________
Footnotes


၁၆ (a) မိုင် ၁၄၀၀ ခန့် ၁၂,၀၀၀ stadia



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.