-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၂၀


နဂါးကိုအနက်ဆုံးသောတွင်း၌ ထောင်ချ
CROSS REFERENCES






တဖန်ကောင်းကင်တမန်သည်၊ အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသော နဂါး [A]ကိုကိုင်ဖမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီ တိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန်ခဏလွှတ်ရဦးမည်။


လည်ပင်းဖြတ်ခံသူများရှင်ပြန်၍ ခရစ်တော်နှင့်အုပ်စိုးမည် [B]
CROSS REFERENCES





CROSS REFERENCES






ပလ္လင်များကိုလည်းငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်၊ တရားစီရင်ရသောအခွင့်ကို ရကြ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုမကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည်အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ [C] ကြွင်းသောလူသေတို့သည် ထိုအနှစ်တထောင် မကုန်မီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမထမြောက်ခြင်း ဖြစ်သတည်း။ ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍၊ [D]အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။




အနှစ်တထောင်ကုန်ပြီးမှစာတန်လွှတ်၍ယေရှုကိုတိုက်ကြ
CROSS REFERENCES






ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွတ်သောအခွင့်ကိုရ၍၊ အရေအတွက်အားဖြင့် သမုဒ္ဒ​ရာသဲလုံးနှင့်အမျှ များသော ဂေါဂ၊ မာဂေါဂတည်းဟူသော [E](a) မြေကြီး လေးမျက်နှာ ပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှါ၎င်း၊ တက်လိမ့်မည်။ ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။ ၁၀ သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။


ပလ္လင်ဖြူကြီးတရားစီရင်ခြင်း
CROSS REFERENCES






၁၁ တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ [F] သူတို့နေစရာအရပ်မရှိ။ ၁၂ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။ ၁၃ သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသောလူသေတို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ၁၄ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။ ၁၅ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။

_________________________
Footnotes


(a) ဤဂေါဂ၊ မာဂေါဂသည်ယေဇကျေလ ၃၈ ၌ ရှိသောဂေါဂ၊ မာဂေါဂနှင့်နာမည်သာတူသည်၊ အတူတူမဟုတ်ပါ။ ယေဇကျေလ ၃၈-၃၉ ၌ ဖေါ်ပြသောစစ်သည်၊ ရုရှားဦးဆောင်ပြီး၊ အီရန်၊ တူရကီ၊ ဆူဒန်၊ လစ်ဗျားနိုင်ငံတို့က အစ္စရေးနိုင်ငံကို တိုက်မည့်အရာဖြစ်သည်။ ဗျာဒိတ် ၂၀း၈ ၌ ဖေါ်ပြသောဂေါဂ၊ မာဂေါဂစစ်သည်၊ တကမ္ဘာလုံးက သမုဒ္ဒရာသဲလုံးနှင့်အမျှ လူများက ယေရုရှလင်မြို့မှာ နန်းစံသောဘုရင်ယေရှုကို တိုက်မည့်အရာဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.