-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၈


စီးပွားရေးဗာဗုလုန်ပြိုလဲ

ထိုနောက်မှ ကောင်းကင်တမန် တပါးသည်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံ၍၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။ သူသည် ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည်၊ သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသော၊ စပျစ်ရည်ကို သောက်ကြပြီ။ လောကီ ရှင်ဘုရင်တို့သည်၊ မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန် သည်တို့သည်၊ သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့်၊ ဥစ္စာရတတ်ကြပြီ။ ဟုပြောဆို၏။


ဗာဗုလုန်မြို့ကြီးကို ထာ၀ရဘုရားကစီရင်

အခြားသော ကောင်းကင်အသံကား၊ ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲက ထွက်ကြလော့။ သူ၏အပြစ်တို့သည်၊ ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏ မတရားသောအမှုတို့ကို၊ ဘုရားသခင် သတိရတော်မူပြီ။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ၊ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသောဖလား၌ သူ့အဘို့နှစ်ဆတိုး၍ လောင်းကြလော့။ သူသည် ကိုယ်ကိုချီးမြောက်၍၊ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း၊ သူ၌ ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာညည်း တွားခြင်းကို ဖြစ်စေကြလော့။ ငါကားမိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ စိတ်မသာညည်းတွားခြင်းကို မသိရ။ ဟုသူသည်အောက် မေ့တတ်၏။ ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာ ညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တနေ့ချင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကိုစီရင်တော်မူသော ထာဝရအရှင် ဘုရားသခင်သည်၊ ခွန်အားဗလ ကြီးတော်မူ၏။


ဗာဗုလုန်မြို့ကြီးအတွက်လောကီရှင်ဘုရင်တို့နှမျော

မတရားသော မေထုန်ကိုသူနှင့်ပြု၍၊ ကာမဂုဏ်၌ ပျော်မွေ့သော လောကီ ရှင်ဘုရင်တို့သည်၊ သူ​ကျွမ်းလောင်ရာ မီးခိုးကိုမြင်သောအခါ၊ ၁၀ သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍၊ သူ့ကြောင့် ငို​ကြွေးမြည်တမ်း ကြလိမ့်မည်။ ၁၁ လောကီကုန်သည်တို့သည် ထိုအတူငိုကြွေး၍၊ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ကုန် သွယ်ဥစ္စာတည်းဟူသော၊ ၁၂ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ​ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူတံဆာ၊ ၁၃ သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံ​ကျွန်၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ။ ၁၄ သင်သည် အလွန်တပ်မက်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန်မတွေ့ရ။


ဗာဗုလုန်မြို့ကြီးအတွက်ကုန်သည်တို့နှမျော

၁၅ သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည်၊ သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ၁၆ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကိုဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊ ၁၇ ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကား၊ ဟုငိုကြွေး၍ စိတ်မသာညည်းတွား ကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍၊ ၁၈ သူ​ကျွမ်းလောင်ရာ မီးခိုးကို မြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့တူသနည်း ဟူ၍၎င်း၊ ၁၉ ။ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကို ပိုင်သောသူ အပေါင်းတို့အား၊ ထိုစည်းစိမ်ကိုပေး၍ ငွေရတတ်စေသောမြို့ကြီး၊ တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု၍၎င်း၊ အော်ဟစ်လျက် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက်၊ ငို​ကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။


ဗာဗုလုန်မြို့ကြီးကို ကြိတ်ဆုံကျောက်ကဲ့သို ပင်လယ်ထဲချ

၂၀ ကောင်းကင်မှစ၍ သန့်ရှင်းသူ တမန်တော် ပရောဖက်တို့၊ သူ့ကိုကြည့်ရှု၍ ဝမ်းမြောက်ကြလော့၊ ဘုရားသခင်သည် သင်တို့ဘက်၌ နေ၍၊ သူ့ကို တရားစီရင်တော်မူပြီ။ ဟုပြောဆိုသည်ကို ငါကြား၏။ ၂၁ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည်၊ ကြီးစွာသော ကြိတ်ဆုံကျောက် ကဲ့သို့သော ကျောက်ကိုချီယူ၍၊ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန်မပေါ်မရှိရ။


ဗာဗုလုန်မြို့ကြီး ဖျက်ဆီးပြီးနောက် တိတ်ဆိတ်မည်
CROSS REFERENCES






၂၂ စောင်းသမား၊ အငြိမ့်သမား၊ ပလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ [A]အမျိုးမျိုးသော လက်တတ်သမားတို့တွင်၊ တယောက်မျှ သင့်အထဲ၌ နောက်တဖန်မပေါ်မရှိရ၊ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ ၂၃ ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင်သတို့သား သတို့သမီးအသံကိုလည်း၊ သင့်အထဲ၌ နောက်တဖန်မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ကုန်သည် ဖြစ်ကြပြီ၊ လူအမျိုးမျိုးတို့သည် သင်၏ပြုစားခြင်း ပရိယာယ်အားဖြင့်၊ လှည့်ဖြားခြင်းကို ခံရကြပြီ။ ဟုကောင်းကင်တမန် ပြောဆို၏။ ၂၄ ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌ တွေ့၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.