-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၇


ရေပေါ်မှာထိုင်သော ပြည်တန်ဆာကြီးစီရင်ခြင်းအမှု

ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင်၊ ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကိုသူနှင့် ပြုကြပြီ။ မြေကြီးသားတို့သည်၊ သူ၏မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ။ ဟုပြောဆိုလျက်၊ ငါ့ကိုဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့်အပြည့်ရှိသော၊ သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကိုငါမြင်၏၊ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဘွယ်သော အရာနှင့်၎င်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်းနှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သော အရာတို့၏ အမိပေတည်း။


သားရဲနှင့်မင်းဆယ်ပါး တပြိုင်နက်အာဏာရရှိမည်

ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။ ကောင်းကင်တမန်ကလည်း အဘယ်ကြောင့်အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသောအရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကို၎င်း ငါပြောမည်။ ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သော သားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။ ဤအရာ၌ ပညာနှင့် ပြည့်စုံသောဥာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား မိန်းမထိုင်သော တောင်ခုနစ်လုံးဖြစ်၏။ ၁၀ ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီး၊ တပါးရှိသေး၏။ တပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။ ၁၁ ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသော သားရဲသည်၊ ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်းဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။ ၁၂ ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါးဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ၊ တချက်တည်းရကြလိမ့်မည်။ ၁၃ ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုးအာဏာ စက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။


သိုးသငယ်သည်သားရဲနှင့်အဖွဲ့စစ်နိုင်မည်

၁၄ သူတို့သည် သိုးသငယ်ကို စစ်တိုက်၍၊ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏ သခင်၊ ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူ ရှိသောသူတို့သည်လည်း၊ ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူဖြစ်ကြ၏။


ပြည်တန်ဆာကို ချိုဆယ်ချောင်သားရဲက ဖျက်ဆီးမည်

၁၅ ယခုမြင်၍ ပြည်တန်ဆာ ထိုင်သောရေကား၊ အသီးသီးဘာသာစကားကို ပြောသော၊ လူအမျိုးမျိုးအစုစု ဖြစ်သတည်း။ ၁၆ ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည်၊ ပြည်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ် တန်ဆာကို ချွတ်၍၊ သူ၏အသားကို ကိုက်စားလိမ့်မည်။ ၁၇ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှါ၎င်း၊ နှုတ်ကပတ်တော် မပြည့်စုံမှီတိုင်အောင် သဘောတူ၍၊ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှါ၎င်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။ ၁၈ ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်း။ ဟုကောင်းကင်တမန်ပြောဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.