-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၆


ကောင်းကင်တမန်များ ဖလားလောင်းခိုင်း

ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့။ ဟုကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။


ပဌမဖလား အနာစိမ်းပေါက်

ပဌမသူသည် သွား၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သောလူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။


ဒုတိယဖလား ပင်လယ်သွေးဖြစ်

ဒုတိယ ကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ သက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။


တတိယဖလား မြစ်များသွေးဖြစ်

တတိယ ကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေးဖြစ်ကြ၏။


ဘုရား၏စီရင်ချက်များ ထောက်ခံ
CROSS REFERENCES






ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ် ရှိတော်မူသောအရှင်၊ [A] ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည့် အမှုမှာ ဖြောင့်မတ်တော်မူ၏။ ထိုသူတို့သည် သန့်ရှင်းသူတို့၏အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏။ ဟုလျှောက်ဆိုသည်ကို ငါကြား၏။ ယဇ်ပလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်​ဖြောင့်မတ်ကြပါ၏။ ဟုလျှောက်ဆိုသောအသံကို ငါကြား၏။


စတုတ္ထဖလား နေပူဖြင့်လူများလောင်

စတုတ္ထ ကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသောအခွင့်ကို ရ၏။ ပူအားကြီးသော အရှိန်ဖြင့် လူတို့သည် လောင်ခြင်းကို ခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏၊ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှာ နောင်တမရကြ။


ပဉ္စမဖလား သားရဲနိုင်ငံမှောင်မိုက်
CROSS REFERENCES






၁၀ ပဥ္စမ ကောင်းကင်တမန်သည် မိမိဖလားကို၊ သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ [B] နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့်၊ မိမိတို့လျှာကို ကိုက်ခဲကြ၏။ ၁၁ မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့်၊ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။


ဆဌမဖလား ဥဖရတ်မြစ်ကြီးခမ်းခြောက်
CROSS REFERENCES





CROSS REFERENCES






၁၂ ဆဌမ ကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့မျက်နှာ ဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှာ၊ ထိုမြစ်ရေသည် ခမ်း​ခြောက်လေ၏။ ၁၃ ထိုအခါ၊ နဂါး [C]၏ ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဖားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။ ၁၄ နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည်၊ လောကီ တနိုင်ငံလုံးတွင် ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌၊ စစ်တိုက်ခြင်းအလိုငှာ စုဝေးစေကြ၏။ ၁၅ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။ ၁၆ အသံတော်ကား သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍၊ [D] သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိ စေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။


သတ္တမဖလား အလွန်ပြင်းထန်သောမြေလှုပ်
CROSS REFERENCES






၁၇ သတ္တမ ကောင်းကင်တမန်သည် မိမိဖလားကို၊ အာကာသ ကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီ၊ ဟုကြီးသောအသံသည်၊ ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။ ၁၈ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍၊ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။ [E] ၁၉ မြို့ကြီးသည် သုံးဖြာကွဲပြား၍၊ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည် ဖလားကို တိုက်ခြင်းငှာ၊ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ​ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။


ပေါင်တစ်ရာလေးသော မိုးသီးကျ

၂၀ အချိန်အခွက်တစ်ဆယ် (ပေါင် ၁၀၀) ရှိသော မိုးသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ၂၁ ထိုမိုးသီး ဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုးသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.