-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်





ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၅


ဘုရား၏စီရင်ချက်တို့ကို ထောက်ခံကြ
CROSS REFERENCES





CROSS REFERENCES






တဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကို ပြီးစီးစေသော၊ နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော၊ ကောင်းကင်တမန် ခုနစ်ပါး တည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ [A] မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ [B] နာမတော်ကို မချီးမွမ်းဘဲ၊ အဘယ်သူ နေရပါအံ့နည်း၊ ကိုယ်တော်တပါးတည်းသာ လျှင်သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်း အရာတို့သည် ထင်ရှားသည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည် လာ၍၊ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။ ဟုလျှောက်ဆိုကြ၏။


ဘေးဒဏ်ခုနစ်ပါးအတွက်ပြင်ဆင်

ထိုနောက်ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက်၊ ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည်၊ စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက်၊ ဗိမာန်တော်ထဲက ထွက်လာကြ၏။ သတ္တဝါလေးပါးတွင် တပါးသည်၊ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော၊ ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန် ခုနစ်ပါးတို့အား ပေး၏။ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍၊ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင်၊ ဗိမာန်တော်ထဲသို့ အဘယ်သူမျှမဝင်နိုင်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.