-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၄


တသိန်းလေးသောင်းလေးထောင်ဇိအုန်တောင်၌ [A]

ထိုနောက်မှငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌ အက္ခရာတင်သောသူ၊ တသိန်းလေးသောင်း လေးထောင်လည်း သူနှင့်အတူရှိကြ၏။ သမုဒ္ဒ​ရာရေသံ၊ ကြီးစွာသော မိုးကြိုးသံကဲ့သို့ ကောင်းကင်ကအသံကို ငါကြား၏။ ထိုသို့ ငါကြားသောအသံသည်၊ စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။ ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှ ရွေးနှုတ်သောသူ၊ တသိန်းလေးသောင်း လေးထောင် မှတပါး၊ အဘယ်သူမျှ ထိုသီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍၊ မေထုန်အမှုနှင့် မညစ်ညူးသောသူ ဖြစ်ကြ၏။ သိုးသငယ် သွားလေရာရာအရပ်သို့၊ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့အထဲက ရွေးနှုတ်၍၊ ဘုရားသခင်နှင့် သိုးသငယ်အဘို့၊ အဦးသီးသောအသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်း လွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။


ထာ၀ရဧဝံဂေလိတရားဟော
CROSS REFERENCES






မြေကြီးပေါ်မှာ နေသောသူတည်းဟူသော၊ အသီးအသီး ဘာသာစကားကို ပြောသော၊ လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို၊ ဟောရသော ကောင်းကင်တမန် တပါးက၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ [B] တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာနှင့် စမ်းရေတွင်းတို့ကို၊ ဖန်ဆင်းတော်မူသော အရှင်ကို ကိုးကွယ်ကြလော့။ ဟုကြီးသောအသံနှင့် ပြောဆို၍၊ ကောင်းကင်အလယ်၌ ပျံဝဲလျက်ရှိသည်ကို ငါမြင်၏။ ကောင်းကင်တမန် တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ၊ မိမိမတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသော၊ စပျစ်ရည်ကို လူမျိုးအပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ ဟုလိုက်၍ပြောဆို၏။


သားရဲတံဆိပ်ခံသူတို့ညှဉ်းဆဲခံ [C]

ထိုမှတပါး၊ တတိယ ကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည်ဖြစ်စေ၊ ၁၀ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော၊ အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသော မီးထဲမှာ၊ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ၁၁ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည်၊ ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည်၊ နေ့ညမပြတ် သက်သာမရကြ။ ဟုလိုက်၍ကြီးသောအသံနှင့် ပြောဆို၏။ ၁၂ ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။


သခင်ဘုရား၌ သေသောသူတို့သည်မင်္ဂလာရှိကြ

၁၃ တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ ၊ ဟု [D] ရေးထားလော့၊ ဟုပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း၊ သူတို့နှင့်အတူ လိုက်ကြ၏၊ ဟုမိန့်တော်မူ၏။


မြေကြီး၏စပါးကိုရိတ်

၁၄ တဖန်ငါကြည့်လျှင်၊ ဖြူသောမိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည်၊ ခေါင်းတော်ပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သောတံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ၁၅ ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကို လွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိပ်စရာစပါးမှည့်ပါပြီ။ ဟုမိုးတိမ်ပေါ်မှာ ထိုင်သောသူကို ကြီးသောအသံနှင့် ဟစ်လေ၏။ ၁၆ မိုးတိမ်ပေါ်မှာ ထိုင်သောသူသည်၊ မိမိတံစဉ်ကို မြေကြီ သွင်း၍၊ မြေကြီး၏စပါးကို ရိတ်တော်မူ၏။


မြေကြီး၏စပျစ်သီးကိုရိတ်

၁၇ ကောင်းကင်တမန် တပါးသည်၊ ကောင်ကင်ဘုံ၌ ရှိသော ဗိမာန်တော်ထဲက ထွက်၍၊ သူ၌လည်း ထက်သောတံစဉ်ပါ၏။ ၁၈ မီးကိုအစိုးရသော ကောင်းကင်တမန် တပါးသည်၊ ယဇ်ပလ္လင်ထဲကထွက်၍ ထက်သောတံစဉ်ပါသောသူကို၊ ကြီးစွာသော ​ကြွေးကြော်ခြင်းနှင့် ခေါ်လျက်၊ သင်၏ထက်သော တံစဉ်ကိုလွှတ်၍၊ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီ၊ ဟုပြောဆို၏။ ၁၉ ကောင်းကင်တမန် သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍၊ မြေကြီး၏ စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင် အမျက်တော်တည်းဟူသော၊ နယ်ရာတန်ဆာကြီးထဲသို့ ချလေ၏။ ၂၀ မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍၊ အသွေးသည် တဆယ်​ခြောက်ယူဇနာ (မိုင် ၂၀၀) ခရီးတလျောက်လုံး၌ ၊ မြင်းဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.