-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၃



ခေါင်းခုနစ်လုံး ချိုဆယ်ချောင်းသားရဲ

CROSS REFERENCES





CROSS REFERENCES






ပင်လယ်နား၌ သဲပေါ်မှာငါ (a) ရပ်၍၊ သားရဲတကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမရှိလျက်၊ ပင်လယ် [A] ထဲက တက်သည်ကိုမြင်၏။ ထိုသို့ငါမြင်သော သားရဲသည်၊ ကျားသစ်နှင့်တူ၏။ သူ၏​ခြေသည် ဝံ​ခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်း၊ ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါး [B]သည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။ သားရဲ၏ ခေါင်းတလုံးသည်၊ သေအောင် ကွပ်မျက်ပြီးသကဲ့သို့ဖြစ်၍၊ သေစေသော ဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည်၊ သားရဲနောက်သို့လိုက်၍ အံ့ဩကြ၏။ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသောနဂါးကို ကိုးကွယ်ကြ၏။ [C] သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း၊ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်း၊ ဟုပြောဆိုကြ၏။ ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကို၎င်း၊ ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လ(သုံးနှစ်ခွဲ)ပတ်လုံး စီရင်ရသော အခွင့်ကိုရ၏။ ဘုရားသခင်ကို ပြစ်မှားသော စကားအားဖြင့်၊ နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကိုဖွင့်ထား၏။ သန့်ရှင်းသူတို့ကို စစ်တိုက်၍၊ နိုင်ရသောအခွင့်ကိုရ၏။ အသီးအသီး ဘာသာစကားကိုပြောသော၊ လူအမျိုးအနွယ် ခပ်သိမ်းတို့ကို အုပ်စိုးရသောအခွင့်ကိုလည်း ရ၏။ ကွပ်မျက်သော သိုးသငယ်၏ အသက်စာစောင်၌၊ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသားအပေါင်းတို့သည်၊ သားရဲကို ကိုးကွယ်ကြ၏။ နားရှိသောသူမည်သည်ကား ကြားပါစေ။ ၁၀ သူတပါးကို ဖမ်းဆီးယူသွားသောသူသည်၊ ကိုယ်တိုင် ဖမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ဓါးဖြင့် သတ်တတ်သောသူ သည်လည်း၊ ကိုယ်တိုင်ဓါးဖြင့် သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့သည် သည်းခံစရာအကြောင်း၊ ယုံကြည်စရာအကြောင်း ရှိ၏။


သိုးချိုနှစ်ချောင်းရှိသော ဒုတိယသားရဲ

၁၁ အခြားသော သားရဲတကောင်သည်၊ သိုးသားငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကိုငါမြင်၏။ ၁၂ ထိုသားရဲသည်၊ သူ့အရင်ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို၊ မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။ ၁၃ ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်း ပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က၊ မြေကြီးအပေါ်သို့ မီးကိုဆင်းစေ၏။ ၁၄ ပဌမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့အားဖြင့်၊ မြေကြီးသားတို့ကို လှည့်ဖြား၏။ ဓါးနှင့်ခုတ်သော ဒဏ်ချက်ကို ခံရ၍၊ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ၊ မြေကြီးသားတို့ကို မှာထား၏။ ၁၅ သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသောအခွင့်ကိုလည်း ရ၏။


၆၆၆ တံဆိပ်ခတ်မည် [D]

၁၆ ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ် ရှိသမျှတို့သည် လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊ ၁၇ ထိုတံဆိပ်လက်မှတ် တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူ တယောက်မျှ၊ မရောင်းမဝယ် စေခြင်းငှါ၎င်း စီရင်၏။ ၁၈ ဤအရာ၌ ပညာရှိ၏၊ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။

_________________________
Footnotes


(a) အချို့ကျမ်းစာအုပ်များ၌ "ငါ"မဟုတ်ဘဲ"နဂါး"ရပ်သည်ဟုတွေ့ရသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.