-
AA
+
🡀
|
🡂
ဗျာဒိတ်ကျမ်း
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဗျာဒိတ်ကျမ်း
အခန်းကြီး ၁၂


ကိုယ်ဝန်ဆောင်သော မိန်းမ

ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတဦးသည် နေကိုဝပ်လျက်၊ လကို​ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံး [A] ဖြင့် ပြီးသောသရဖူကို ဆောင်းလျက်ပေါ်လာ၏။ ထိုမိန်မသည် ကိုယ်ဝန်ဆောင်၍၊ ဖွားအံ့သော ဝေဒနာပြင်းသောကြောင့် ဟစ်အော်လေ၏။


အဆင်းနီသော နဂါးကြီး
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာ ပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် [B] ခေါင်းခုနစ်လုံး၊ [C] ချိုဆယ်ချောင်းနှင့်တကွ၊ [D] ခေါင်းပေါ်၌ သရဖူခုနစ်ဆူ [E] ကိုဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစုကို ဆွဲငင်၍၊ မြေကြီးသို့ ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါး [F]သည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ ရပ်နေ၏။ [G]


သံလှံတံနှင့် အုပ်စိုးလတံ့သောသားမွေး

ထိုမိန်းမသည် လူမျိုးတကာတို့ကို၊ သံလှံတံနှင့် အုပ်စိုးလတံ့သော [H] သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူတော်မူ၏။ မိန်းမသည် အရက် တထောင်နှစ်ရာ​ ခြောက်ဆယ်ပတ်လုံ၊း တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ပြေးလေ၏။


ကောင်းကင်၌ စစ်ဖြစ်၊ နဂါးစစ်ရှုံးမြေကြီးပေါ်သို့ချ
CROSS REFERENCES






ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ [I] နှင့် သူ၏ ကောင်းကင်တမန်တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့်သူ၏ တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌ လည်းသူတို့နေစရာမရှိ။ ထိုအခါ၊ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍၊ မာရ်နတ်စာတန် အမည်ရှိသော၊ ရှေး​မြွေဟောင်း တည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။ ၁၀ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့်၊ သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့် ရှေ့တော်၌ နေ့ညမပြတ်၊ အပြစ်တင်သော ရန်သူကို အောက်သို့ချလေပြီ။


ယေရှုအသွေးနှင့် သက်သေခံခြင်းဖြင့်အောင်မြင်

၁၁ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း၊ အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ၁၂ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည်၊ မိမိကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ၊ သင်တို့ရှိရာသို့ ဆင်းလေပြီ၊ ဟုဆိုကြသည်ကိုငါကြား၏။


နဂါးသည်မိန်းမကို တိုက်ခိုက်

၁၃ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကိုညှဉ်းဆဲ၏။ ၁၄ မိန်းမသည် ထို​မြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာအရပ်တည်းဟူသော၊ တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ လင်းယုန်၏ အတောင်နှစ်ဘက်ကို ရလေ၏။ [J] ၁၅ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲက မြစ်ရေစီးသကဲ့သို့၊ ရေကိုမိန်းမနောက်၌ ထုတ်ပစ်လေ၏။ ၁၆ မြေကြီးသည် မိန်းမကိုမစ၍ မိမိခံတွင်းကိုဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။ ၁၇ နဂါးသည် မိန်းမကိုအငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော၊ ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.